အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ရှင်မာကု 4:15 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

တရား​စကား​ကို​ကြဲ​သောအခါ လမ်း​ဘေး​တွင် ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ ဤသို့သော​သူ​တို့​ကို​ဆို​လို​၏။ တရား​စကား​ကို​သူ​တို့​ကြား​သောအခါ စာတန်​သည်​ချက်ချင်း​လာ​၍ သူ​တို့​၌​ကြဲ​ထား​သော​တရား​စကား​ကို နုတ်ယူ​လေ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

လမ်း ပေါ် တွင် ကြဲ ထား သူ တို့ မှာ တ ရား တော် ကို ကြား သည့် ကာ လ သူ တို့၌ ကြဲ ထား သည့် တ ရား ကို စာ တန် ချက် ခြင်း လာ၍ နုတ် ယူ တတ် ၏။

အခန်းကိုကြည့်ပါ။

Judson Bible

တ​ရား​စ​ကား​ကို လမ်း၌​ကြဲ​ခြင်း​အ​ကြောင်း​အ​ရာ​ကား၊ တ​ရား​စ​ကား​ကို ကြား​သည်​ရှိ​သော်၊ စာ​တန်​သည် ချက်​ချင်း​လာ၍ နှ​လုံး၌​ကြဲ​သော တ​ရား​စ​ကား​ကို နုတ်​ယူ​တတ်​သည်​ဟု ဆို​လို​သ​တည်း။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

လူ​တချို့​သည် လမ်း​ပေါ်တွင် ကျသော​မျိုးစေ့​နှင့် တူ၏။ တရားစကား​ကို သူတို့​ကြားသည်​နှင့် စာတန်​သည် ချက်ချင်း​လာ​၍ သူတို့​၏​စိတ်နှလုံး​၌ ကြဲထားသော ထို​တရားစကား​ကို နုတ်ယူသွား၏။

အခန်းကိုကြည့်ပါ။

မြန်မာ

တ​ရား​စ​ကား​ကို လမ်း၌​ကြဲ​ခြင်း​အ​ကြောင်း​အ​ရာ​ကား၊ တ​ရား​စ​ကား​ကို ကြား​သည်​ရှိ​သော်၊ စာ​တန်​သည် ချက်​ချင်း​လာ၍ နှ​လုံး၌​ကြဲ​သော တ​ရား​စ​ကား​ကို နုတ်​ယူ​တတ်​သည်​ဟု ဆို​လို​သ​တည်း။-

အခန်းကိုကြည့်ပါ။



ရှင်မာကု 4:15
28 ပူးပေါင်းရင်းမြစ်များ  

လောတ​သည်​လည်း သွား​၍ သမီး​တို့​နှင့်​စုံဖက်​မည့် မိမိ​သမက်​တို့​အား “​ထ​ကြ​၊ ဤ​အရပ်​မှ​ထွက်သွား​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​သည် ဤ​မြို့​ကို​ဖျက်ဆီး​တော့​မည်​”​ဟု ဆို​လေ​၏​။ သို့သော် သူ​၏​သမက်​တို့​က ရယ်စရာပြော​သည်​ဟူ၍​သာ ထင်မှတ်​ကြ​၏​။


ငါ​တို့​ဟောပြော​သော​သတင်းစကား​ကို မည်သူ​ယုံကြည်​ပါ​သနည်း​။ ထာဝရဘုရား​၏​လက်ရုံး​တော်​သည် မည်သူ့​ထံ ဖော်ပြ​ခြင်း​ခံရ​ပါ​သနည်း​။


ထို့နောက် ယဇ်ပုရောဟိတ်​မင်း​ယောရှု​သည် ထာဝရဘုရား​၏​ကောင်းကင်တမန်​တော်​ရှေ့​၌​ရပ်​နေ​၍ စာတန်​သည် သူ့​အား စွဲချက်တင်​ရန် သူ​၏​လက်ယာ​ဘက်​၌ ရပ်​နေ​သည်​ကို ငါ​မြင်​ရ​၏​။


မည်သူမဆို နိုင်ငံ​တော်​နှင့်ဆိုင်သော​တရား​စကား​ကို​ကြား​၍ နား​မ​လည်​ဘဲ​နေ​လျှင် မာရ်နတ်​သည်​လာ​၍ သူ​၏​စိတ်နှလုံး​ထဲ၌​ကြဲ​ထား​သော​အရာ​ကို လုယူ​လေ​၏။ လမ်း​ဘေး​တွင်​ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ ထိုသို့သော​သူ​ကို​ဆို​လို​၏။


သို့သော် သူ​တို့​သည် ဂရုမစိုက်​ကြ​ဘဲ တစ်​ဦး​သည် မိမိ​လယ်​သို့​လည်းကောင်း၊ အခြား​တစ်​ဦး​သည် မိမိ​ကုန်သွယ်​ရာ​သို့​လည်းကောင်း သွား​ကြ​၏။


ယေရှု​က​လည်း“အချင်း​စာတန်၊ ထွက်သွား​လော့။ ‘သင်​၏​ဘုရားသခင်​ထာဝရ​ဘုရား​ကို​ရှိခိုး​၍ ထို​အရှင်​တစ်ပါးတည်း​ကို​သာ ဝတ်ပြု​ရ​မည်’ဟူ၍ ကျမ်းစာ​၌​ရေး​ထား​သည်”​ဟု မိန့်​တော်မူ​၏။


မျိုးကြဲ​သော​သူ​သည် တရား​စကား​ကို​ကြဲ​၏။


ကျောက်​ပေါများ​သော​နေရာ​တွင် ကြဲ​ခြင်း​ခံရ​သည်​ဆိုသည်မှာ တရား​စကား​ကို​ကြား​သောအခါ ဝမ်းမြောက်​စွာ​ဖြင့် ချက်ချင်း​လက်ခံ​သော​သူ​တို့​ကို​ဆို​လို​၏။


ထို​သူ​မျိုးကြဲ​စဉ်​တွင် အချို့​သော​မျိုးစေ့​သည် လမ်း​ဘေး​တွင်​ကျ​သဖြင့် ငှက်​တို့​သည် လာ​၍ ၎င်း​ကို​ကောက်စား​ကြ​၏။


လမ်း​ဘေး​တွင်​ကျ​သည်​ဆိုသည်မှာ ဤသို့သော​သူ​တို့​ကို​ဆိုလို​၏။ တရား​စကား​ကို​သူ​တို့​ကြား​သော်လည်း ယုံကြည်​၍​ကယ်တင်​ခြင်း​မ​ခံရ​စေရန် မာရ်နတ်​သည်​လာ​၍ တရား​စကား​ကို သူ​တို့​စိတ်နှလုံး​ထဲမှ​နုတ်ယူ​လေ​၏။


သေလွန်​သော​သူ​တို့​၏​ရှင်ပြန်​ထမြောက်​ခြင်း​အကြောင်း​ကို ကြား​ကြ​သောအခါ အချို့​သော​သူ​တို့​သည် ကဲ့ရဲ့​ကြ​၏။ အချို့​သော​သူ​တို့​က​မူ “ဤ​အကြောင်း​နှင့်​ပတ်သက်၍ သင့်​ထံမှ နောက်တစ်ဖန် နားထောင်​ဦး​မည်”​ဟု ဆို​ကြ​၏။


ထိုအခါ ပေတရု​က “အာနနိ၊ သင်​သည် အဘယ်ကြောင့် စာတန်​အား သင်​၏​စိတ်နှလုံး​ကို​အုပ်စိုး​ခွင့်​ပေး​၍ သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို​လိမ်ညာ​ကာ မြေ​ဖိုး​ထဲမှ​အချို့​ကို ထိမ်ချန်​ထား​သနည်း။


ဤသည်ကား စာတန်​သည် ငါ​တို့​အပေါ်​အမြတ်​မ​ထုတ်​စေရန်​အတွက်​ဖြစ်​၏။ အကြောင်းမူကား ငါ​တို့​သည် သူ​၏​တွေးတော​ကြံစည်​မှု​များ​ကို မ​သိ​သည်​မ​ဟုတ်။


တရားမဲ့​သော​သူ​သည် စာတန်​၏​လုပ်ဆောင်​မှု​အားဖြင့် ရောက်ရှိ​လာ​မည်​ဖြစ်​၍ အမျိုးမျိုး​သော​တန်ခိုး​၊ နိမိတ်​လက္ခဏာ​များ​၊ မုသား​နှင့်ဆိုင်သော​အံ့ဩဖွယ်ရာ​များ​ဖြင့်​လည်းကောင်း၊


တရားနှင့်မညီ​မေထုန်ပြု​သူ​၊ သို့မဟုတ် အစား​တစ်​နပ်​အတွက် မိမိ​၏​သားဦး​အရိုက်အရာ​ကို​ရောင်း​သည့် ဧသော​ကဲ့သို့ ဘုရား​တရား​ကို​မထီမဲ့မြင်​ပြု​သော​သူ တစ်စုံတစ်ဦး​မျှ​မ​ရှိ​စေရန် သတိပြု​ကြ​လော့။


ထို့ကြောင့် ငါ​တို့​သည် လွဲချော်​မ​သွား​ကြ​စေရန် ကြား​ရ​သော​အရာ​တို့​ကို အထူး​အာရုံစိုက်​ကြ​ရ​မည်။


သမ္မာသတိ​ရှိ​လျက် နိုးကြား​စွာ​စောင့်​နေ​ကြ​လော့။ သင်​တို့​၏​ရန်သူ​တည်းဟူသော​မာရ်နတ်​သည် ဟောက်​သော​ခြင်္သေ့​ကဲ့သို့ ဝါးမျို​ရ​မည့်​သူ​ကို လှည့်လည်​ရှာဖွေ​လျက်​ရှိ​၏။


ထိုအခါ တစ်ကမ္ဘာလုံး​ကို​လှည့်ဖြား​၍ မာရ်နတ်​ဟူ၍​လည်းကောင်း၊ စာတန်​ဟူ၍​လည်းကောင်း အခေါ်​ခံရ​သည့် ရှေး​မြွေ​ဟောင်း​တည်းဟူသော​နဂါး​ကြီး​သည် မြေကြီး​ပေါ်သို့​ပစ်ချ​ခြင်း​ခံရ​လေ​၏။ သူ​နှင့်အတူ သူ​၏​စေတမန်​တို့​သည်​လည်း ပစ်ချ​ခြင်း​ခံရ​ကြ​၏။


သူ​တို့​ကို​လှည့်ဖြား​သော​မာရ်နတ်​သည်​လည်း သားရဲ​နှင့်​ပရောဖက်​အတုအယောင်​တို့​ရှိ​ရာ ကန့်​နှင့်​ရော​သော​မီး​အိုင်​ထဲသို့ ပစ်ချ​ခြင်း​ခံရ​၏။ သူ​တို့​သည် ထို​နေရာ​၌ နေ့​ရော​ည​ပါ ကမ္ဘာ​အဆက်ဆက် ညှဉ်းဆဲ​ခြင်း​ကို​ခံရ​ကြ​လိမ့်မည်။


ထို​အနှစ်​တစ်ထောင်​ကုန်ဆုံး​သောအခါ စာတန်​သည် သူ​ချုပ်နှောင်​ခံရ​ရာ​အကျဉ်းထောင်​မှ လွှတ်​ပေး​ခြင်း​ခံရ​၍