သို့သော် ထာဝရဘုရားသည် အာဗြံ၏မယားစာရဲအတွက်ကြောင့် ဖာရောမင်းကြီးနှင့် သူ၏နန်းတော်သူနန်းတော်သားတို့အပေါ် ကြီးစွာသောဘေးဒဏ်ကိုကျရောက်စေတော်မူ၏။
ရှင်မာကု 3:10 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ကိုယ်တော်သည် လူများစွာတို့ကိုကျန်းမာစေခဲ့သည်ဖြစ်၍ ရောဂါဝေဒနာရှိသူအားလုံးတို့သည် ကိုယ်တော်ကိုတို့ထိနိုင်ရန် တိုးဝှေ့ကြ၏။ Common Language Bible ကိုယ်တော်သည်များစွာသောလူမမာတို့ကို ကျန်းမာစေတော်မူခဲ့သဖြင့် ရောဂါရှိသူ ဟူသမျှသည်ကိုယ်တော်ကိုတို့ထိခွင့်ရရန် အထံတော်သို့တိုးဝှေ့၍လာကြ၏။- Judson Bible အကြောင်းမူကား၊ လူများတို့အား ချမ်းသာပေးတော်မူသောကြောင့်၊ ရောဂါဝေဒနာ နှိပ်စက်သောသူ ရှိသမျှတို့သည် ကိုယ်တော်ကို တို့ခြင်းငှာ တွန်းကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် လူများစွာကို ကျန်းမာစေတော်မူသဖြင့် ရောဂါဝေဒနာရှင်များက ယေရှုကို တို့ထိရန် တိုးဝှေ့ကြသောကြောင့်ဖြစ်၏။ မြန်မာ အကြောင်းမူကား၊ လူများတို့အား ချမ်းသာပေးတော်မူသောကြောင့်၊ ရောဂါဝေဒနာ နှိပ်စက်သောသူ ရှိသမျှတို့သည် ကိုယ်တော်ကို တို့ခြင်းငှာ တွန်းကြ၏။- |
သို့သော် ထာဝရဘုရားသည် အာဗြံ၏မယားစာရဲအတွက်ကြောင့် ဖာရောမင်းကြီးနှင့် သူ၏နန်းတော်သူနန်းတော်သားတို့အပေါ် ကြီးစွာသောဘေးဒဏ်ကိုကျရောက်စေတော်မူ၏။
ငုံးသားကိုမဝါးမီ ကိုက်လျက်ရှိစဉ် ထာဝရဘုရားသည် လူတို့ကို အမျက်ထွက်လေ၏။ ထာဝရဘုရားသည် လူတို့ကို အလွန်ပြင်းထန်သောဘေးဒဏ်ဖြင့် ဒဏ်ခတ်တော်မူ၏။
ယေရှုသည် ဤအကြောင်းကိုသိ၍ ထိုအရပ်မှ ထွက်ခွာသွားတော်မူရာ များစွာသောလူထုပရိသတ်တို့သည် နောက်တော်သို့လိုက်ကြသဖြင့် သူတို့အားလုံးကို ကျန်းမာစေတော်မူပြီးလျှင်
ကိုယ်တော်သည် လှေမှဆင်းသောအခါ များစွာသောလူထုပရိသတ်ကိုမြင်လျှင် သူတို့အပေါ်ကြင်နာစိတ်ရှိတော်မူ၍ မကျန်းမာသောသူတို့ကို ကျန်းမာစေတော်မူ၏။
သူတို့အား ကိုယ်တော်၏ဝတ်ရုံတော်ပန်းဖွားကိုမျှ တို့ထိခွင့်ပြုပါမည့်အကြောင်း ကိုယ်တော်ကိုတောင်းပန်ကြ၏။ တို့ထိရသောသူရှိသမျှတို့သည်လည်း ရောဂါပျောက်ကင်းခြင်းအခွင့်ကိုရကြ၏။
ထို့နောက် ကိုယ်တော်သည် ဂါလိလဲနယ်တစ်နယ်လုံးကို လှည့်လည်၍ ဝတ်ပြုစည်းဝေးကျောင်းများ၌ သွန်သင်တော်မူကာ နိုင်ငံတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောလျက် လူတို့ထဲ၌စွဲကပ်နေသော ရောဂါအမျိုးမျိုးနှင့်အဖျားအနာရှိသမျှတို့ကို ပျောက်ကင်းစေတော်မူ၏။
ကိုယ်တော်ကလည်း“သမီး၊ သင်၏ယုံကြည်ခြင်းသည် သင့်ကိုကျန်းမာစေပြီ။ ငြိမ်းချမ်းစွာသွား၍ သင်၏ရောဂါဝေဒနာနှင့်ကင်းလွတ်လော့”ဟု မိန့်တော်မူ၏။
ကိုယ်တော်ကြွတော်မူသော မြို့၌ဖြစ်စေ၊ ကျေးလက်တောရွာ၌ဖြစ်စေ၊ လူတို့သည် နာမကျန်းဖြစ်သူတို့ကို ဈေးအရပ်၌ချထားကာ သူတို့အား ကိုယ်တော်၏ဝတ်ရုံတော်ပန်းဖွားကိုမျှ တို့ထိခွင့်ပြုပါမည့်အကြောင်း ကိုယ်တော်ကိုတောင်းပန်ကြ၏။ ကိုယ်တော်ကို တို့ထိရသောသူရှိသမျှတို့သည်လည်း ရောဂါပျောက်ကင်းခြင်းအခွင့်ကိုရကြ၏။
သူတို့သည် ဗက်ဇဲဒမြို့သို့ရောက်ကြသောအခါ လူတို့သည် မျက်မမြင်တစ်ဦးကို အထံတော်သို့ခေါ်ဆောင်လာ၍ သူ့ကိုတို့ထိတော်မူရန် ကိုယ်တော်အားတောင်းပန်ကြ၏။
ကိုယ်တော်သည် ထိုလှေတို့အနက် ရှိမုန်၏လှေပေါ်သို့တက်၍ လှေကို ကမ်းမှအနည်းငယ်ခွာရန် သူ့အား မိန့်တော်မူ၏။ ထို့နောက် ထိုင်၍ လူထုပရိသတ်တို့အား လှေပေါ်မှ သွန်သင်တော်မူ၏။
ကိုယ်တော်ထံမှတန်ခိုးတော်ထွက်၍ လူအပေါင်းတို့ကိုကျန်းမာစေသောကြောင့် လူထုပရိသတ်အားလုံးသည် ကိုယ်တော်ကိုတို့ထိနိုင်ရန် ကြိုးစားကြ၏။
ထိုစဉ် တပ်မှူးတစ်ယောက်၏အလွန်အားထားရသော အစေအပါးတစ်ဦးသည် နာမကျန်းဖြစ်ပြီး သေအံ့ဆဲဆဲဖြစ်နေ၏။
ထိုအချိန်တွင် ကိုယ်တော်သည် လူများစွာတို့ကို ရောဂါဝေဒနာများနှင့် နတ်ဆိုးတို့ဘေးမှ လွတ်ငြိမ်းချမ်းသာစေ၍ မျက်မမြင်တို့ကို မျက်စိမြင်ရသောအခွင့်ပေးတော်မူ၏။
လူတို့သည် နာမကျန်းဖြစ်သူများကို လမ်းမပေါ်သို့သယ်ဆောင်လာ၍ ခုတင်များနှင့် အိပ်ရာများပေါ်တွင် ထားကြကာ ပေတရုလာသောအခါ သူ၏အရိပ်ကိုပင် ထိုလူနာအချို့တို့အပေါ်သို့ကျရောက်စေရန် ကြိုးစားကြ၏။
အကြောင်းမူကား ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမပဲ့ပြင်တတ်၏။ လက်ခံတော်မူသမျှသောသားတို့ကို ဒဏ်ခတ်ရိုက်နှက်တတ်၏”ဟု သားကိုမိန့်တော်မူသကဲ့သို့ သင်တို့အားမိန့်တော်မူသော တိုက်တွန်းအားပေးစကားကို သင်တို့မေ့လျော့ကြပြီ။