ထို့နောက် ယဇ်ပုရောဟိတ်မင်းယောရှုသည် ထာဝရဘုရား၏ကောင်းကင်တမန်တော်ရှေ့၌ရပ်နေ၍ စာတန်သည် သူ့အား စွဲချက်တင်ရန် သူ၏လက်ယာဘက်၌ ရပ်နေသည်ကို ငါမြင်ရ၏။
ရှင်မာကု 11:25 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် မတ်တတ်ရပ်လျက် ဆုတောင်းကြသောအခါ တစ်ဦးတစ်ယောက်အပေါ် အပြစ်တင်စရာတစ်စုံတစ်ခုရှိလျှင် ခွင့်လွှတ်ကြလော့။ သို့ပြုလျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖသည်လည်း သင်တို့ကျူးလွန်သောအပြစ်များကို ခွင့်လွှတ်တော်မူမည်။ Common Language Bible သင်တို့သည်ရပ်လျက်ဆုတောင်းသောအခါ သူ တစ်ပါးတို့၏အပြစ်ဟူသမျှကိုဖြေလွှတ်ရ ကြမည်။ သို့မှသာလျှင်ကောင်းကင်ဘုံတွင်ရှိတော် မူသောသင်တို့အဖသည် သင်တို့၏အပြစ်များ ကိုဖြေလွှတ်တော်မူလိမ့်မည်။- Garrad Bible သင် တို့ သည် ရပ် တန့် လျက် ပ ဌ နာ ပြု ကြ စဉ် သူ တ ထူး အ ပေါ်၌ ကျေ နပ် စေ ရန် အ ကြောင်း ရှိ လျှင် ကောင်း ကင် ဘုံ စံ သင် တို့ အ ဘ သည် သင် တို့ ကျူး လွန် မှု များ ကို ဖြေ လွှတ် တော် မူ စေ ခြင်း ငှာ ထို အ ကြောင်း ကို ဖြေ လွှတ် လော့ ဟု မိန့် တော် မူ၏။ Judson Bible သင်တို့သည် ဆုတောင်းသောအခါ သူတစ်ပါး၌ အပြစ်တင်ခွင့်ရှိလျှင်၊ သူ့အပြစ်ကို လွှတ်ကြလော့။ လွှတ်လျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် သင်တို့သည် ဆုတောင်းသောအခါ တစ်ပါးသူတို့အပေါ်၌ အပြစ်တင်စရာရှိလျှင် ထိုသူတို့၏အပြစ်ကို ဦးစွာခွင့်လွှတ်ကြလော့။ သို့မှသာ ကောင်းကင်ဘုံ၌ရှိတော်မူသော ခမည်းတော်သည် သင်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူလိမ့်မည်။ မြန်မာ သင်တို့သည် ဆုတောင်းသောအခါ သူတစ်ပါး၌ အပြစ်တင်ခွင့်ရှိလျှင်၊ သူ့အပြစ်ကို လွှတ်ကြလော့။ လွှတ်လျှင် ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မူမည်။- |
ထို့နောက် ယဇ်ပုရောဟိတ်မင်းယောရှုသည် ထာဝရဘုရား၏ကောင်းကင်တမန်တော်ရှေ့၌ရပ်နေ၍ စာတန်သည် သူ့အား စွဲချက်တင်ရန် သူ၏လက်ယာဘက်၌ ရပ်နေသည်ကို ငါမြင်ရ၏။
ထို့ကြောင့် ယဇ်ပလ္လင်၌ သင်၏ပူဇော်သက္ကာကိုဆက်သမည်ပြုစဉ် သင်၏ညီအစ်ကိုသည် သင့်အား အပြစ်တင်စရာတစ်စုံတစ်ခုရှိကြောင်း သင်သတိရလျှင်
အကျွန်ုပ်တို့အပေါ် အပြစ်ကြွေးရှိသူများကို အကျွန်ုပ်တို့ခွင့်လွှတ်သကဲ့သို့ အကျွန်ုပ်တို့၏အပြစ်ကြွေးများကိုလည်း ခွင့်လွှတ်တော်မူပါ။
သင်တို့ဆုတောင်းသောအခါတွင်လည်း သူတော်ကောင်းယောင်ဆောင်သောသူတို့ကဲ့သို့ မပြုကြနှင့်။ အကြောင်းမူကား သူတို့သည် လူတို့မြင်စေရန် ဝတ်ပြုစည်းဝေးကျောင်းများနှင့်လမ်းဆုံလမ်းခွများတွင် မတ်တတ်ရပ်လျက် ဆုတောင်းသည်ကို နှစ်သက်ကြ၏။ သင်တို့အား ငါအမှန်ဆိုမည်။ သူတို့သည် မိမိတို့၏အကျိုးကျေးဇူးကိုရကြလေပြီ။
ဖာရိရှဲသည် တစ်ဦးတည်းရပ်လျက် ‘အို ဘုရားသခင်၊ အကျွန်ုပ်သည် အခြားသူများကဲ့သို့ လိမ်လည်လုယူသောသူ၊ မဖြောင့်မတ်သောသူ၊ အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သောသူမဟုတ်သည့်အပြင် ဤအခွန်ကောက်ခံသူကဲ့သို့လည်း မဟုတ်သောကြောင့် ကိုယ်တော်ကိုကျေးဇူးတင်ပါ၏။
အခွန်ကောက်ခံသူမူကား အဝေး၌ရပ်လျက် ကောင်းကင်သို့ပင်မော်မကြည့်ဝံ့ဘဲ ရင်ဘတ်စည်တီးလျက် ‘အို ဘုရားသခင်၊ အပြစ်များသောအကျွန်ုပ်ကို သနားတော်မူပါ’ဟု ဆုတောင်း၏။
သူတစ်ပါးကိုမစီရင်ကြနှင့်။ သို့ပြုလျှင် သင်တို့သည်လည်း စီရင်ခြင်းကို လုံးဝခံရမည်မဟုတ်။ သူတစ်ပါးကိုအပြစ်ရှိသည်ဟုမသတ်မှတ်ကြနှင့်။ သို့ပြုလျှင် သင်တို့သည်လည်း အပြစ်ရှိသည်ဟုသတ်မှတ်ခြင်းကို လုံးဝခံရမည်မဟုတ်။ သူတစ်ပါးကိုခွင့်လွှတ်ကြလော့။ သို့ပြုလျှင် သင်တို့သည်လည်း ခွင့်လွှတ်ခြင်းကိုခံရကြလိမ့်မည်။
အချင်းချင်းကျေးဇူးပြုလျက် သနားစုံမက်ကြကာ ဘုရားသခင်သည် ခရစ်တော်၌ သင်တို့ကိုခွင့်လွှတ်တော်မူသကဲ့သို့ အချင်းချင်းခွင့်လွှတ်ကြလော့။
အချင်းချင်းသည်းခံ၍ တစ်ဦးအပေါ်တစ်ဦးအပြစ်တင်စရာရှိလျှင် သခင်ဘုရားသည် သင်တို့ကိုခွင့်လွှတ်တော်မူသကဲ့သို့ သင်တို့သည်လည်း အချင်းချင်းခွင့်လွှတ်ကြလော့။
အဘယ်ကြောင့်ဆိုသော် ကရုဏာမရှိသောသူသည် ကရုဏာကင်းသောတရားစီရင်ခြင်းကိုခံရလိမ့်မည်။ ကရုဏာသည် တရားစီရင်ခြင်းအပေါ်အောင်ပွဲခံတတ်၏။
ဤသူတို့သည် ကမ္ဘာမြေကြီး၏အရှင်သခင်ရှေ့တော်၌ရှိသော သံလွင်ပင်နှစ်ပင်နှင့် ဆီမီးခုံနှစ်ခုဖြစ်ကြ၏။