Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 11:25 - မြန်မာ

25 သင်​တို့​သည် ဆု​တောင်း​သော​အ​ခါ သူ​တစ်​ပါး၌ အ​ပြစ်​တင်​ခွင့်​ရှိ​လျှင်၊ သူ့​အ​ပြစ်​ကို လွှတ်​ကြ​လော့။ လွှတ်​လျှင် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

25 သင်​တို့​သည်​ရပ်​လျက်​ဆု​တောင်း​သော​အ​ခါ သူ တစ်​ပါး​တို့​၏​အ​ပြစ်​ဟူ​သ​မျှ​ကို​ဖြေ​လွှတ်​ရ ကြ​မည်။ သို့​မှ​သာ​လျှင်​ကောင်း​ကင်​ဘုံ​တွင်​ရှိ​တော် မူ​သော​သင်​တို့​အ​ဖ​သည် သင်​တို့​၏​အ​ပြစ်​များ ကို​ဖြေ​လွှတ်​တော်​မူ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

25 သင် တို့ သည် ရပ် တန့် လျက် ပ ဌ နာ ပြု ကြ စဉ် သူ တ ထူး အ ပေါ်၌ ကျေ နပ် စေ ရန် အ ကြောင်း ရှိ လျှင် ကောင်း ကင် ဘုံ စံ သင် တို့ အ ဘ သည် သင် တို့ ကျူး လွန် မှု များ ကို ဖြေ လွှတ် တော် မူ စေ ခြင်း ငှာ ထို အ ကြောင်း ကို ဖြေ လွှတ် လော့ ဟု မိန့် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

25 သင်​တို့​သည် ဆု​တောင်း​သော​အ​ခါ သူ​တစ်​ပါး၌ အ​ပြစ်​တင်​ခွင့်​ရှိ​လျှင်၊ သူ့​အ​ပြစ်​ကို လွှတ်​ကြ​လော့။ လွှတ်​လျှင် ကောင်း​ကင်​ဘုံ၌ ရှိ​တော်​မူ​သော သင်​တို့​အ​ဘ​သည် သင်​တို့၏​အ​ပြစ်​ကို လွှတ်​တော်​မူ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

25 သင်​တို့​သည် မတ်တတ်ရပ်​လျက် ဆုတောင်း​ကြ​သောအခါ တစ်ဦးတစ်ယောက်​အပေါ် အပြစ်တင်​စရာ​တစ်စုံတစ်ခု​ရှိ​လျှင် ခွင့်လွှတ်​ကြ​လော့။ သို့ပြုလျှင် ကောင်းကင်​ဘုံ​၌​ရှိ​တော်မူ​သော သင်​တို့​အဖ​သည်​လည်း သင်​တို့​ကျူးလွန်​သော​အပြစ်​များ​ကို ခွင့်လွှတ်​တော်မူ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

25 သို့သော် သင်တို့​သည် ဆုတောင်း​သောအခါ တစ်ပါးသူတို့​အပေါ်​၌ အပြစ်တင်စရာ​ရှိလျှင် ထို​သူတို့​၏​အပြစ်​ကို ဦးစွာ​ခွင့်လွှတ်ကြလော့။ သို့မှသာ ကောင်းကင်ဘုံ​၌​ရှိတော်မူသော ခမည်းတော်​သည် သင်တို့​၏ အပြစ်များ​ကို ခွင့်လွှတ်တော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 11:25
13 ပူးပေါင်းရင်းမြစ်များ  

ထို​ကြောင့် သင်​သည် ပူ​ဇော်​သ​ကာ​ကို ယဇ်​ပ​လ္လင်​သို့​ဆောင်​ယူ​ခဲ့​လျက် သင်၏​ညီ​အစ်​ကို​သည် သင်၌ အ​ပြစ်​တင်​ခွင့် တစ်​စုံ​တစ်​ခု​ရှိ​သည်​ဟု အောက်​မေ့​သ​တိ​ရ​လျှင်၊ ယဇ်​ပ​လ္လင်​ရှေ့​မှာ ပူ​ဇော်​သ​ကာ​ကို​ထား၍ သွား​လော့။-


သူ​တစ်​ပါး​သည် အ​ကျွန်ုပ်​တို့​ကို ပြစ်​မှား​သော​အ​ပြစ်​များ​ကို အ​ကျွန်ုပ်​တို့​သည် လွှတ်​သ​ကဲ့​သို့ အ​ကျွန်ုပ်​တို့၏​အ​ပြစ်​များ​ကို လွှတ်​တော်​မူ​ပါ။-


သင်​သည် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သော​အ​ခါ လျှို့​ဝှက်​သော​သူ​တို့​နည်း​တူ မ​ပြု​နှင့်။ ထို​သူ​တို့​သည် လူ​များ​တို့​ရှေ့​မှာ ထင်​ရှား​စေ​ခြင်း​ငှာ၊ ပွဲ​သ​ဘင် လမ်း​ဆုံ​လမ်း​ဝ​တို့၌ ရပ်​လျက်​ဆု​တောင်း​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။ ငါ​အ​မှန်​ဆို​သည်​ကား၊ ထို​သူ​တို့​သည် မိ​မိ​တို့​အ​ကျိုး​ကို​ခံ​ရ​ကြ၏။-


ဖာ​ရိ​ရှဲ​သည် တစ်​ယောက်​တည်း​ရပ်​လျက်၊ အို​ဘု​ရား​သ​ခင်၊ သူ​တစ်​ပါး​တို့​သည် အ​နိုင်​အ​ထက်​လု​ယူ​ခြင်း၊ မ​တ​ရား​သ​ဖြင့်​ကျင့်​ခြင်း၊ သူ့​မ​ယား​ကို​ပြစ်​မှား​ခြင်း အ​ပြစ်​ရှိ​သ​ကဲ့​သို့ အ​ကျွန်ုပ်၌​မ​ရှိ​သည်​သာ​မ​က၊ ဤ​အ​ခွန်​ခံ​ကဲ့​သို့​ပင် မ​ဟုတ်​သော​ကြောင့် ကျေး​ဇူး​တော်​ကြီး​လှ​ပေ၏။-


အ​ခွန်​ခံ​မူ​ကား၊ အ​ဝေး​က​ရပ်၍ ကောင်း​ကင်​သို့ မ​မျှော်​မ​ကြည့်​ဝံ့​ဘဲ ရင်​ပတ်​ကို​ခတ်​လျက်၊ အို ဘု​ရား​သ​ခင်၊ အ​ပြစ်​များ​သော အ​ကျွန်ုပ်​ကို သ​နား​ခြင်း​က​ရု​ဏာ​စိတ် ရှိ​တော်​မူ​ပါ​ဟု ဆု​တောင်း​လေ၏။-


သူ​တစ်​ပါး၏​အ​မှု၌ စစ်​ကြော​ဆုံး​ဖြတ်​ခြင်း​ကို မ​ပြု​ကြ​နှင့်။ မ​ပြု​လျှင် သင်​တို့​သည် စစ်​ကြော​ဆုံး​ဖြတ်​ခြင်း​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်။ သူ​တစ်​ပါး​ကို အ​ပြစ်​မ​စီ​ရင်​ကြ​နှင့်။ မ​စီ​ရင်​လျှင် သင်​တို့​သည် အ​ပြစ်​စီ​ရင်​ခြင်း​နှင့် ကင်း​လွတ်​ကြ​လိမ့်​မည်။ သူ့​အ​ပြစ်​ကို လွှတ်​ကြ​လော့။ လွှတ်​လျှင် ကိုယ်​အ​ပြစ်​လွတ်​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ