ကြည့်ရှုလော့။ ကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အတိတ်မှအဖြစ်အပျက်တို့ကို မှတ်မိတော့မည်မဟုတ်။ စိတ်ထဲဝင်လာတော့မည်မဟုတ်။
ရောမ 8:19 - မြန်မာ့စံမီသမ္မာကျမ်း ဖန်ဆင်းခံလောကသည် ဘုရားသခင့်သားများ၏ထင်ရှားခြင်းကို အလွန်တောင့်တသောစိတ်ဖြင့် စောင့်မျှော်လျက်နေ၏။ Common Language Bible ဘုရားသခင်သည်မိမိ၏သားများကိုပေါ် လွင်ထင်ရှားစေမည့်အခြင်းအရာကို အဖန် ဆင်းခံကမ္ဘာလောကတစ်ခုလုံးကအလွန် တောင့်တစောင့်မျှော်လျက်ရှိ၏။- Garrad Bible ဘု ရား သ ခင့် သား တို့ ပွင့် ခြင်း ကို ဖန် ဆင်း တော် မူ ရာ များ ပင် တောင့် တ စောင့် မျှော် လျက် နေ ကြ၏။ Judson Bible ဤလောကသည် ဘုရားသခင့်သားတို့၏ ပေါ်ထွန်းခြင်းအရာကို အလွန်တောင့်တ မျှော်လင့်လျက်နေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏ သားသမီးများမှာ မည်သူတို့ဖြစ်ကြောင်း ဖော်ပြတော်မူမည့်နေ့ရက်ကို ဖန်ဆင်းခံလောကသည် အလွန်တောင့်တမျှော်လင့်လျက် ရှိ၏။ |
ကြည့်ရှုလော့။ ကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါဖန်ဆင်းမည်။ အတိတ်မှအဖြစ်အပျက်တို့ကို မှတ်မိတော့မည်မဟုတ်။ စိတ်ထဲဝင်လာတော့မည်မဟုတ်။
သို့သော် အစ္စရေးအမျိုးသားတို့သည် မခြင်တွယ်နိုင်၊ မရေတွက်နိုင်လောက်အောင် ပင်လယ်သဲပွင့်ကဲ့သို့ များပြားလိမ့်မည်။ “သင်တို့သည် ငါ၏လူမျိုးတော်မဟုတ်”ဟု သူတို့အား ပြောရာအရပ်၌ပင် “သူတို့သည် အသက်ရှင်သောဘုရားသခင်၏သားများ”ဟု ခေါ်ဝေါ်ခြင်းခံရလိမ့်မည်။
ငြိမ်းချမ်းမှုကိုဖြစ်စေသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် ဘုရားသခင်၏သားများဟုခေါ်ဝေါ်ခြင်းကိုခံရကြလိမ့်မည်။
သို့ရာတွင် ကိုယ်တော်ကိုလက်ခံသမျှသောသူတည်းဟူသော ကိုယ်တော်၏နာမတော်ကိုယုံကြည်သောသူတို့အား ဘုရားသခင်၏သားသမီးများဖြစ်ရသောအခွင့်ကို ပေးတော်မူ၏။
ရှေးကာလမှစ၍ မိမိ၏သန့်ရှင်းသောပရောဖက်တို့၏နှုတ်အားဖြင့် ဘုရားသခင်မိန့်တော်မူခဲ့သည့်အရာတည်းဟူသော အလုံးစုံတို့ကို မူလအတိုင်းပြန်ဖြစ်စေမည့်ကာလများတိုင်အောင် ကောင်းကင်သည် ထိုအရှင်ကိုလက်ခံထားရမည်။
အကြောင်းမူကား ဘုရားသခင်၏ဝိညာဉ်တော်ရှေ့ဆောင်လမ်းပြမှုကို ခံယူသမျှသောသူတို့သည် ဘုရားသခင်၏သားများဖြစ်ကြ၏။
ငါတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြောင်းကို ဝိညာဉ်တော်ကိုယ်တိုင် ငါတို့၏ဝိညာဉ်နှင့်အတူသက်သေခံတော်မူ၏။
ယခုမျက်မှောက်ကာလ၌ ခံရသောဒုက္ခဝေဒနာများသည် ငါတို့၌ထင်ရှားမည့်ဘုန်းအသရေနှင့်နှိုင်းလျှင် မပြောပလောက်ဟု ငါမှတ်ယူ၏။
ထိုမျှမက ဝိညာဉ်တော်၏အသီးဦးကိုရရှိသော ငါတို့ကိုယ်တိုင်သည်လည်း သားသမီးအရာကိုရခြင်းတည်းဟူသော ငါတို့၏ကိုယ်ခန္ဓာရွေးနုတ်ခံရခြင်းကို စောင့်မျှော်လျက် စိတ်နှလုံးထဲ၌ ညည်းတွားနေကြ၏။
‘သင်တို့သည် ငါ၏လူမျိုးမဟုတ်’ဟု သူတို့အားမိန့်ဆိုထားသော ထိုအရပ်၌ပင် သူတို့သည် ‘အသက်ရှင်တော်မူသော ဘုရားသခင်၏သားများ’ဟူ၍ ခေါ်ဝေါ်ခြင်းခံရကြလိမ့်မည်”ဟု မိန့်တော်မူသည့်အတိုင်းဖြစ်၏။
ထို့ကြောင့် သင်တို့သည် ဆုကျေးဇူးတစ်စုံတစ်ခုမျှ လစ်ဟင်းနေသည်ဟူ၍မရှိဘဲ ငါတို့သခင်ယေရှုခရစ်တော်၏ပေါ်ထွန်းတော်မူခြင်းကို စောင့်မျှော်နေကြ၏။
ငါတို့သခင်ယေရှုခရစ်တော်၏နေ့ရက်တွင် သင်တို့၌အပြစ်တင်စရာမရှိမည့်အကြောင်း ကိုယ်တော်သည် သင်တို့ကို အဆုံးတိုင်အောင် ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။
သင်တို့၏အဖဖြစ်မည်။ သင်တို့သည်လည်း ငါ၏သားသမီးများဖြစ်ကြလိမ့်မည်”ဟု အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရဘုရားမိန့်တော်မူ၏။
အကြောင်းမူကား သင်တို့အားလုံးသည် ခရစ်တော်ယေရှုကိုယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏သားသမီးများဖြစ်ကြ၏။
ငါသည် မည်သည့်အရာ၌မျှ ရှက်ကြောက်ခြင်းမရှိဘဲ ခါတိုင်းကဲ့သို့ ယခုအခါတွင်လည်း ရဲရင့်ခြင်းအပြည့်အဝရှိလျက် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ငါ၏ကိုယ်ခန္ဓာအားဖြင့် ခရစ်တော်သည် ချီးမွမ်းခြင်းခံရမည့်အကြောင်း မျှော်လင့်တောင့်တ၏။
သင်တို့၏အသက်ဖြစ်သောခရစ်တော်ထင်ရှားတော်မူသောအခါ သင်တို့သည်လည်း ကိုယ်တော်နှင့်အတူ ဘုန်းအသရေ၌ထင်ရှားကြလိမ့်မည်။
“နောက်တစ်ဖန်”ဟူသောစကားသည် မတုန်လှုပ်နိုင်သောအရာတို့ကိုတည်မြဲစေရန် ဖန်ဆင်းခြင်းခံရသည့် တုန်လှုပ်တတ်သောအရာများကိုဖယ်ရှားမည့်အကြောင်းကို ဆိုလို၏။
သို့ဖြစ်၍ သင်တို့၏စိတ်နှလုံးကို အသင့်ပြင်ဆင်ထားလျက် သမ္မာသတိရှိကြလော့။ ယေရှုခရစ်တော်ပေါ်ထွန်းတော်မူသောအခါ သင်တို့ထံသို့ သက်ရောက်လာမည့်ကျေးဇူးတော်ကို အပြည့်အဝမျှော်လင့်ကြလော့။
ဤသည်ကား မီးဖြင့်စစ်ဆေးခြင်းခံရပြီဖြစ်သော်လည်း ပျက်စီးတတ်သည့်ရွှေထက် များစွာအဖိုးတန်သော သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းသည် ယေရှုခရစ်တော်ပေါ်ထွန်းတော်မူသောအချိန်၌ ချီးမွမ်းခြင်း၊ ဘုန်းအသရေနှင့် ဂုဏ်သရေအဖြစ်သို့ရောက်မည့်အကြောင်းတည်း။
ငါတို့သည် ဘုရားသခင်၏သားသမီးများဟုခေါ်ဝေါ်ခြင်းခံရရန် ခမည်းတော်သည် မည်မျှကြီးမားသောချစ်ခြင်းမေတ္တာကို ငါတို့အား ပေးတော်မူသည်ကို ဆင်ခြင်ကြလော့။ အမှန်ပင် ငါတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြ၏။ လောကီသားတို့သည် ဘုရားသခင်ကိုမသိသောကြောင့် ငါတို့ကိုလည်းမသိကြ။
ချစ်ရသောသူတို့၊ ယခု ငါတို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြ၏။ အနာဂတ်တွင် ငါတို့မည်သို့ဖြစ်ကြမည်ကို ထင်ရှားစွာမသိရသေးသော်လည်း ကိုယ်တော်ပေါ်ထွန်းတော်မူသောအခါ ကိုယ်တော်ကို ပကတိအဖြစ်တော်အတိုင်း မြင်ရကြမည်ဖြစ်၍ ငါတို့သည် ကိုယ်တော်နှင့်တူကြမည်ကို ငါတို့သိကြ၏။
အောင်မြင်သောသူသည် ဤအရာတို့ကို အမွေဆက်ခံရလိမ့်မည်။ ငါသည် သူ၏ဘုရားသခင်ဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။