အကျွန်ုပ်ချစ်သူ၊ နေ့မကျိုးမီ၊ အရိပ်တို့မကွယ်ပျောက်မီ ဗေသာတောင်ပေါ်မှ ဒရယ်ပျိုသဖွယ်၊ သမင်ပျိုသဖွယ် ပြန်လာခဲ့ပါ။
ရောမ 13:12 - မြန်မာ့စံမီသမ္မာကျမ်း ညအချိန်ကုန်လု၍ နေ့အချိန်ရောက်တော့မည်။ ထို့ကြောင့် ငါတို့သည် မှောင်မိုက်ခြင်း၏အကျင့်များကို ဖယ်ရှားလျက် အလင်း၏လက်နက်များကို ဆောင်ယူဝတ်ဆင်ကြကုန်စို့။ Common Language Bible ညဥ့်အချိန်ကုန်လုပြီ။ နေ့အချိန်ရောက်တော့ မည်။ သို့ဖြစ်၍ငါတို့သည်အမှောင်နှင့်ဆိုင် သောအလေ့အကျင့်တို့ကိုမပြုတော့ဘဲ အလင်းတွင်တိုက်ခိုက်ရန်လက်နက်တို့ကို ယူဆောင်ကြရမည်။- Garrad Bible ညဉ့် ကုန်၍ နေ့ တော် ရောက် လု ပြီ။ ထို ကြောင့် မှောင် မိုက် ဆိုင် ရာ အ ကျင့် တန် ဆာ များ ကို ပယ် ပြီး လျှင်၊ Judson Bible ညအချိန်ကုန်လု၍ နေ့အချိန် ရောက်လုသောကြောင့်လည်းကောင်း၊ ယခုအခါ အိပ်ပျော်ရာမှ နိုးရသောအချိန် ရောက်ခဲ့ပြီဟု ငါတို့သည်သိ၍ ကာလအချိန်ကို ထောက်လျက်၊ မှောင်မိုက်၏အကျင့်ကို ပယ်ရှား၍၊ အလင်း၏ လက်နက်စုံကို ဝတ်ဆင်ဆောင်ရွက်ကြကုန်အံ့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ညအချိန် ကုန်ဆုံးတော့မည်ဖြစ်ပြီး နေ့အချိန်သည် နီးကပ်လာပြီ။ ထို့ကြောင့် ကျွန်ုပ်တို့သည် အမှောင်၌ ပြုသောအကျင့်များကို ဖယ်ရှား၍ အလင်း၏ လက်နက်များကို ကိုင်ဆောင်ကြရမည်။ |
အကျွန်ုပ်ချစ်သူ၊ နေ့မကျိုးမီ၊ အရိပ်တို့မကွယ်ပျောက်မီ ဗေသာတောင်ပေါ်မှ ဒရယ်ပျိုသဖွယ်၊ သမင်ပျိုသဖွယ် ပြန်လာခဲ့ပါ။
ထိုနေ့ရက်၌ လူတို့သည် မိမိတို့ရှိခိုးကိုးကွယ်ရန် ထုလုပ်ထားသော ငွေရုပ်တု၊ ရွှေရုပ်တုတို့ကို ပွေးများ၊ လင်းနို့များအလယ်၌ ပစ်ထားကြမည်။
သင်တို့သည် ငွေဖြင့်မွမ်းမံသောရုပ်တု၊ ရွှေဖြင့်သွန်းလုပ်သောရုပ်တုတို့ကို ညစ်ညူးသည်ဟုမှတ်လျက် ရာသီသွေးစွန်းသောအဝတ်ကဲ့သို့ လွှင့်ပစ်၍ “သွားတော့”ဟု ဆိုလိမ့်မည်။
သခင်ယေရှုခရစ်တော်ကို ဝတ်ဆင်ကြလော့။ သွေးသားဇာတိ၏တပ်မက်ခြင်းကိုဖြည့်ဆည်းရန် မကြံစည်ကြနှင့်။
ဤအမှုအရာတို့သည် နမူနာများအဖြစ် ထိုသူတို့၌ဖြစ်ပျက်ခဲ့ကြပြီး ၎င်းကိုရေးထားခြင်းမှာ ကပ်ကာလအဆုံးပိုင်း၌ အသက်ရှင်နေကြသောငါတို့ကို သတိပေးရန်အတွက်ဖြစ်၏။
ညီအစ်ကိုတို့၊ ဤသို့ငါဆို၏။ အချိန်အခါကုန်လုနီးပြီဖြစ်သောကြောင့် ယခုမှစ၍ မယားရှိသောသူတို့သည် မယားမရှိသောသူကဲ့သို့လည်းကောင်း၊
အကြောင်းမူကား တိုက်ပွဲ၌ ငါတို့သုံးသောလက်နက်များသည် သွေးသားဇာတိနှင့်ဆိုင်သောလက်နက်များမဟုတ်ဘဲ ဘုရားသခင်အားဖြင့် အစွမ်းထက်သောလက်နက်များဖြစ်ကြပြီး ခံတပ်များကိုပင် ဖြိုဖျက်နိုင်သည်သာမက
သမ္မာတရားကိုဟောပြောခြင်း၌ဖြစ်စေ၊ ဘုရားသခင်၏တန်ခိုးတော်၌ဖြစ်စေ၊ လက်ဝဲလက်ယာ၌ကိုင်ထားသော ဖြောင့်မတ်ခြင်း၏လက်နက်များအားဖြင့်ဖြစ်စေ၊
သင်တို့သည် လှည့်ဖြားတတ်သောတပ်မက်ခြင်းများကြောင့် ပျက်စီးခြင်းသို့ရောက်မည့် သင်တို့၏လူဟောင်းတည်းဟူသော ယခင်က အသက်ရှင်နေထိုင်မှုကို ချွတ်ပယ်၍
အကျိုးမဲ့သောမှောင်မိုက်ခြင်း၏အမှုတို့၌ မပါဝင်ကြသည်သာမက ထိုအမှုတို့၏အပြစ်ကို ဖော်ပြကြလော့။
အဘယ်ကြောင့်ဆိုသော် တစ်ချိန်က သင်တို့သည် အမှောင်ဖြစ်ခဲ့သော်လည်း ယခုအခါ သခင်ဘုရား၌ အလင်းဖြစ်ကြ၏။ အလင်း၏သားသမီးများကဲ့သို့ အသက်ရှင်လျှောက်လှမ်းကြလော့။
အချို့သောသူတို့ပြုလေ့ရှိသကဲ့သို့ အတူတကွစည်းဝေးခြင်းအမှုကို မပစ်ပယ်ဘဲ အချင်းချင်းတိုက်တွန်းနှိုးဆော်၍ နေ့ရက်တော်နီးကပ်လာသည်ကိုတွေ့မြင်ရသည်နှင့်အမျှ ပို၍ထိုသို့ပြုကြကုန်စို့။
ထို့ကြောင့် ဤမျှလောက်များပြားသောသက်သေတို့သည် ငါတို့ကိုဝိုင်းရံလျက်ရှိသည်ဖြစ်၍ ငါတို့သည် လေးသောဝန်နှင့် အလွယ်တကူငြိတွယ်တတ်သည့်သဘောရှိသော အပြစ်ရှိသမျှတို့ကို ဖယ်ရှားလျက် ငါတို့ရှေ့၌ပြင်ဆင်ထားသောပြေးပွဲကို ဇွဲလုံ့လဖြင့်ပြေးကြကုန်စို့။
ထို့ကြောင့် ညစ်ညူးခြင်းရှိသမျှနှင့် ပြည့်လျှံကဲလွန်သောမကောင်းမှုတို့ကို ဖယ်ရှား၍ သင်တို့အထဲ၌ ထည့်သွင်းထားသောနှုတ်ကပတ်တော်ကို နူးညံ့သိမ်မွေ့သောစိတ်ဖြင့်ခံယူကြလော့။ ထိုနှုတ်ကပတ်တော်သည် သင်တို့၏စိတ်ဝိညာဉ်ကို ကယ်တင်နိုင်၏။
သင်တို့သည်လည်း စိတ်ရှည်သည်းခံကြလော့။ သင်တို့၏စိတ်နှလုံးကို ခိုင်ခံ့မြဲမြံစေကြလော့။ အကြောင်းမူကား သခင်ဘုရား၏ကြွလာတော်မူခြင်းသည် နီးကပ်လာပြီဖြစ်၏။
ထို့ကြောင့် မကောင်းမှုအမျိုးမျိုးနှင့်တကွ ရှိသမျှသောစဉ်းလဲခြင်း၊ သူတော်ကောင်းယောင်ဆောင်ခြင်း၊ မလိုမုန်းထားခြင်းနှင့် ပုတ်ခတ်ပြောဆိုခြင်းအလုံးစုံတို့ကို ဖယ်ရှားကြလော့။
ခပ်သိမ်းသောအရာတို့၏နောက်ဆုံးချိန် နီးကပ်လာပြီဖြစ်၍ ဆုတောင်းခြင်းအမှုကိုပြုနိုင်ရန် တည်ငြိမ်မှန်ကန်သောစိတ်နှင့် သမ္မာသတိရှိကြလော့။
ဤအရာအားလုံးတို့သည် ထိုသို့ပျက်သုဉ်းသွားမည်ဖြစ်သောကြောင့် သင်တို့သည် မည်သို့သောသူများဖြစ်သင့်သနည်း။ သင်တို့သည် သန့်ရှင်းစွာအသက်ရှင်နေထိုင်လျက် ဘုရားဝတ်၌မွေ့လျော်ခြင်းအားဖြင့်
နှောင့်နှေးသည်ဟု အချို့တို့ကမှတ်ယူသကဲ့သို့ ထာဝရဘုရားသည် ကတိတော်ကို နှောင့်နှေးစေတော်မူသည်မဟုတ်။ မည်သူမျှမပျက်စီးဘဲ လူတိုင်းနောင်တရစေရန် အလိုတော်ရှိ၍ သင်တို့အပေါ်စိတ်ရှည်သည်းခံလျက်နေတော်မူခြင်းသာဖြစ်၏။
သားသမီးတို့၊ ယခုကာလသည် နောက်ဆုံးသောကာလဖြစ်၏။ ခရစ်တော်ကိုဆန့်ကျင်အန်တုသူရောက်လာတော့မည်ဟု သင်တို့ကြားရသည့်အတိုင်း ယခုပင် ခရစ်တော်ကိုဆန့်ကျင်အန်တုသူအမြောက်အမြားပေါ်လာကြပြီ။ ထို့ကြောင့် ယခုကာလသည် နောက်ဆုံးသောကာလဖြစ်သည်ကို ငါတို့သိကြ၏။
အချိန်နီးကပ်ပြီဖြစ်၍ ဤပရောဖက်ပြုဟောပြောသောစကားကို ဖတ်ကြားသောသူနှင့် ဤစကားကိုကြားနာ၍ ၎င်းတွင်ရေးထားသောအရာများကို လိုက်နာစောင့်ထိန်းသောသူတို့သည် မင်္ဂလာရှိကြ၏။
တစ်ဖန် သူက “ဤစာစောင်ထဲမှ ပရောဖက်ပြုဟောပြောသောစကားတို့ကို ချိပ်ပိတ်မထားနှင့်။ အကြောင်းမူကား အချိန်နီးကပ်လာလေပြီ။