ထာဝရဘုရား၏ပရောဖက်များကို ယေဇဗေလသတ်ခဲ့စဉ်က အကျွန်ုပ်မည်သို့ပြုပေးခဲ့သည်ကို အရှင်မကြားမိပါသလော။ အကျွန်ုပ်သည် ထာဝရဘုရား၏ပရောဖက်တစ်ရာကို ငါးဆယ်စီခွဲ၍ လိုဏ်ဂူထဲတွင် ဝှက်ထားခဲ့ပြီး အစာရေစာကိုလည်း ကျွေးမွေးခဲ့ပါ၏။
ရောမ 11:3 - မြန်မာ့စံမီသမ္မာကျမ်း သူက “အို ထာဝရဘုရား၊ သူတို့သည် ကိုယ်တော်၏ပရောဖက်များကိုသတ်လျက် ကိုယ်တော်၏ယဇ်ပလ္လင်များကိုဖြိုဖျက်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်းကျန်ရစ်ခဲ့၍ အကျွန်ုပ်၏အသက်ကိုလည်း ရန်ရှာနေကြပါ၏”ဟု လျှောက်လေ၏။ Common Language Bible ထိုလျှောက်ထားချက်တွင်ဧလိယက``ထာဝရ ဘုရားရှင်၊ ထိုသူတို့သည်ကိုယ်တော်၏ပရော ဖက်များကိုသတ်ဖြတ်ခဲ့ကြပါပြီ။ ကိုယ်တော် ၏ယဇ်ပလ္လင်များကိုဖြိုဖျက်ကြပါပြီ။ အကျွန်ုပ် တစ်ဦးတည်းသာကျန်ပါ၏။ အကျွန်ုပ်ကိုလည်း သူတို့သတ်ရန်ကြိုးစားလျက်နေကြပါ၏'' ဟုဆို၏။- Judson Bible သူတို့သည် ကိုယ်တော်၏ ပရောဖက်များကို သတ်ကြပါပြီ။ ကိုယ်တော်၏ယဇ်ပလ္လင်များကို ဖြိုဖျက်ကြပါပြီ။ အကျွန်ုပ်တစ်ယောက်တည်း ကျန်ရစ်၍၊ အကျွန်ုပ် အသက်ကိုပင် ရှာကြပါ၏ဟု ဘုရားသခင့်ရှေ့မှာ ဣသရေလအမျိုးတစ်ဖက်၌ လျှောက်ထားသည်ဟု ကျမ်းစာ၌ ပါသောအကြောင်းကို သင်တို့သည် မသိကြသလော။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဧလိယက “အို ထာဝရဘုရား… သူတို့သည် ကိုယ်တော်၏ ပရောဖက်တို့ကို သတ်ဖြတ်၍ ကိုယ်တော်၏ ယဇ်ပလ္လင်များကို ဖြိုဖျက်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်း ကျန်ရစ်၍ သူတို့သည် အကျွန်ုပ်ကိုလည်း သတ်ရန် ရှာလျက် ရှိပါ၏” ဟု လျှောက်ခဲ့၏။ |
ထာဝရဘုရား၏ပရောဖက်များကို ယေဇဗေလသတ်ခဲ့စဉ်က အကျွန်ုပ်မည်သို့ပြုပေးခဲ့သည်ကို အရှင်မကြားမိပါသလော။ အကျွန်ုပ်သည် ထာဝရဘုရား၏ပရောဖက်တစ်ရာကို ငါးဆယ်စီခွဲ၍ လိုဏ်ဂူထဲတွင် ဝှက်ထားခဲ့ပြီး အစာရေစာကိုလည်း ကျွေးမွေးခဲ့ပါ၏။
ထာဝရဘုရား၏ပရောဖက်များကို ယေဇဗေလသတ်ခဲ့စဉ်က ဩဗဒိသည် ပရောဖက်တစ်ရာကို ငါးဆယ်စီခွဲ၍ လိုဏ်ဂူထဲတွင် ဝှက်ထားခဲ့ပြီး အစာရေစာကိုလည်း ကျွေးမွေးခဲ့၏။
သို့သော် သူတို့သည် နာခံမှုမရှိ။ ကိုယ်တော်ကိုပုန်ကန်ကြ၏။ ပညတ်တရားကို ကျောခိုင်းကြ၏။ ကိုယ်တော့်ထံသို့ပြန်လာရန် သူတို့ကိုသတိပေးသော ကိုယ်တော်၏ပရောဖက်များကိုသတ်ဖြတ်ကြ၏။ လွန်စွာပြစ်မှားစော်ကားကြ၏။
“ငါသည် သင်တို့၏သားသမီးများကို ဆုံးမသော်လည်း အကျိုးမရှိ။ သူတို့သည် ဆုံးမပဲ့ပြင်ခြင်းကိုလက်မခံကြ။ သင်တို့၏ဓားသည် သွေးဆာနေသောခြင်္သေ့ကဲ့သို့ ပရောဖက်များကို ဝါးမျိုလေပြီ။