ရောမ 11:4 - မြန်မာ့စံမီသမ္မာကျမ်း4 သို့ရာတွင် ဘုရားသခင်သည် သူ့ကို မည်သို့ ပြန်၍မိန့်တော်မူသနည်း။ “ငါသည် ဗာလရှေ့၌ဒူးမထောက်သော လူခုနစ်ထောင်ကို ငါ့အတွက်ချန်ထား၏”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Common Language Bible4 သို့ရာတွင်ဧလိယအားဘုရားသခင်အဘယ် သို့ပြန်၍မိန့်တော်မူသနည်း။ ကိုယ်တော်က``ငါ သည်ဗာလရုပ်တုအားဦးမညွှတ်၊ ရှိမခိုးသူ လူခုနစ်ထောင်ကိုငါ၏အတွက်ချန်ထား ပြီ'' ဟုမိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible4 ဗာ လ နတ် ရှေ့၌ ဒူး မ ထောက် သူ ခု နစ် ထောင် တို့ ကို ငါ့ အ ဖို့ ကြွင်း စေ ပြီ ဟု ဗျာ ဒိတ် တော် တုန့် ပြန် ကြောင်း ကို လည်း ကောင်း မ သိ ကြ လော။ အခန်းကိုကြည့်ပါ။Judson Bible4 ထိုသို့လျှောက်သောအခါ၊ အဘယ်သို့ ဗျာဒိတ်ထားတော်မူသနည်းဟူမူကား၊ ဗာလရှေ့၌ ဒူးမထောက်သော လူခုနစ်ထောင်တို့ကို ငါ့အဖို့ ငါကျန်ကြွင်းစေပြီဟု မိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း4 သို့သော် ဘုရားသခင်သည် ဧလိယအား မည်သို့ပြန်၍ မိန့်တော်မူသနည်း။ ဘုရားသခင်က “သင်တစ်ဦးတည်း မဟုတ်ပါ။ ဗာလဘုရားကို ဦးမချမကိုးကွယ်သော အခြားလူ ခုနစ်ထောင်ကို ငါ့အတွက် ချန်ထားပြီ” ဟု ဖြေတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ သူက “အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအဖို့ အလွန်စိတ်အားထက်သန်သူဖြစ်ပါ၏။ အစ္စရေးအမျိုးသားတို့မူကား ကိုယ်တော်နှင့်ဖွဲ့ခဲ့သောပဋိညာဉ်ကို ချိုးဖောက်ကြပြီး ကိုယ်တော်၏ယဇ်ပလ္လင်များကိုလည်း ဖြိုဖျက်ကြပါပြီ။ ကိုယ်တော်၏ပရောဖက်များကိုလည်း ဓားနှင့်သတ်ကြပါပြီ။ အကျွန်ုပ်တစ်ဦးတည်းသာ ကျန်ခဲ့ပါ၏။ ယခုလည်း အကျွန်ုပ်ကိုသတ်ရန် လိုက်ရှာကြပါ၏”ဟု ပြန်လျှောက်၏။