ထာဝရဘုရားသည် သင်၏တန်ခိုးကြီးသော ရာဇလှံတံကို ဇိအုန်မှစေလွှတ်တော်မူလိမ့်မည်။ သင်၏ရန်သူများအလယ်၌ အုပ်စိုးလော့။
ရောမ 1:16 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ကောင်းမြတ်သောသတင်းအတွက် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား ဤသတင်းသည် ဦးစွာဂျူးလူမျိုး ထို့နောက် ဂရိလူမျိုးအပါအဝင် ယုံကြည်သောသူအပေါင်းတို့အား ကယ်တင်ခြင်းရရှိစေသော ဘုရားသခင်၏တန်ခိုးတော်ဖြစ်၏။ Common Language Bible ငါသည်သတင်းကောင်းကိုလုံးဝယုံကြည် စိတ်ချ၏။ ထိုသတင်းကောင်းသည်ဦးစွာယုဒ လူမျိုး၊ ထို့နောက်လူမျိုးခြားတို့တွင်ယုံကြည် သူအပေါင်းတို့အားကယ်တင်သောဘုရား သခင်၏တန်ခိုးတော်ဖြစ်၏။- Garrad Bible သ တင်း တော် မြတ် သည် ဦး စွာ ယု ဒ လူ မျိုး၊ နောက် လူ မျိုး ခြား တို့ တွင် ယုံ ကြည် သူ တိုင်း အား ကယ် တင် ခြင်း အ လို့ ငှါ ဘု ရား သ ခင်၏ တန် ခိုး တော် ဖြစ် သ ဖြင့် ထို သ တင်း တော့် အ တွက် ငါ ရှက် သည် မ ဟုတ်။ Judson Bible ငါသည် ခရစ်တော်၏ ဧဝံဂေလိတရားကြောင့်၊ ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား၊ ထိုတရားသည် ရှေ့ဦးစွာ၌ ယုဒလူ၊ နောက်၌ ဟေလသလူ၊ ယုံကြည်သမျှသောသူအပေါင်းတို့ကို ကယ်တင်စေသော ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် ခရစ်တော်၏ သတင်းကောင်းအတွက် မရှက်ကြောက်။ အဘယ်ကြောင့်ဆိုသော် ထိုသတင်းကောင်းသည် ယုံကြည်သောသူများဖြစ်သည့် ဦးစွာ ဂျူးလူမျိုးများ၊ ထို့နောက် လူမျိုးခြားများကို ကယ်တင်သော ဘုရားသခင်၏ တန်ခိုးတော်ဖြစ်သောကြောင့်ပင်။ |
ထာဝရဘုရားသည် သင်၏တန်ခိုးကြီးသော ရာဇလှံတံကို ဇိအုန်မှစေလွှတ်တော်မူလိမ့်မည်။ သင်၏ရန်သူများအလယ်၌ အုပ်စိုးလော့။
အကျွန်ုပ်သည် ကိုယ်တော်၏သက်သေခံချက်တို့ကို ရှင်ဘုရင်များရှေ့တွင်ပြောကြားပါမည်။ အကျွန်ုပ်သည် အရှက်ကွဲရလိမ့်မည်မဟုတ်ပါ။
ငါတို့ဟောပြောသောသတင်းစကားကို မည်သူယုံကြည်ပါသနည်း။ ထာဝရဘုရား၏လက်ရုံးတော်သည် မည်သူ့ထံ ဖော်ပြခြင်းခံရပါသနည်း။
“ငါ့နှုတ်ထွက်စကားသည် မီးကဲ့သို့လည်းကောင်း၊ ကျောက်ကိုထုခွဲသောတူကဲ့သို့လည်းကောင်း ဖြစ်သည်မဟုတ်လော”ဟု ထာဝရဘုရားမိန့်တော်မူ၏။
အကြောင်းမူကား ဖောက်ပြန်၍ အပြစ်နှင့်ပြည့်နေသော ဤခေတ်ကာလ၌ မည်သူမဆို ငါနှင့်ငါ့စကားအတွက်ရှက်လျှင် လူ့သားသည်လည်း သန့်ရှင်းသောကောင်းကင်တမန်များနှင့်အတူ မိမိခမည်းတော်၏ဘုန်းအသရေကိုဆောင်လျက် ကြွလာသောအခါ ထိုသူအတွက်ရှက်လိမ့်မည်”ဟု မိန့်တော်မူ၏။
မည်သူမဆို ငါနှင့်ငါ့တရားစကားအတွက်ရှက်လျှင် လူ့သားသည်လည်း မိမိ၏ဘုန်းအသရေ၊ ခမည်းတော်၏ဘုန်းအသရေနှင့် သန့်ရှင်းသောကောင်းကင်တမန်များ၏ဘုန်းအသရေတို့ကိုဆောင်လျက် ကြွလာသောအခါ ထိုသူအတွက်ရှက်လိမ့်မည်။
ဂျူးလူမျိုးတို့ကလည်း “ငါတို့ရှာ၍မတွေ့စေရန် ဤသူသည် မည်သည့်အရပ်သို့သွားရန် ကြံရွယ်နေသနည်း။ ဂရိလူမျိုးတို့ရှိရာအရပ်ရပ်တို့၌ ကွဲလွင့်ပျံ့နှံ့နေသောသူတို့ထံသို့သွား၍ ဂရိလူမျိုးတို့ကိုသွန်သင်ရန် ကြံရွယ်နေသလော။
ဘုရားသခင်သည် သင်တို့တစ်ဦးစီ၏ဆိုးညစ်သောအကျင့်ကိုဖယ်ရှား၍ သင်တို့ကိုကောင်းချီးပေးတော်မူရန် မိမိ၏အမှုဆောင်ကို ပေါ်ထွန်းစေလျက် သူ့ကို သင်တို့ထံသို့ဦးစွာစေလွှတ်တော်မူ၏”ဟု လူတို့အားဆိုလေ၏။
သို့ဖြစ်၍ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်ပြီး ကြားနာခြင်းသည် ခရစ်တော်၏စကားတော်အားဖြင့်ဖြစ်၏။
နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်ရာများ၏တန်ခိုးအားဖြင့်လည်းကောင်း၊ ဘုရားသခင်၏ဝိညာဉ်တော်တန်ခိုးအားဖြင့်လည်းကောင်း ပြုတော်မူသောအမှုအရာတို့မှအပ ငါသည် မည်သည့်အရာကိုမျှ အရဲစွန့်၍မပြောလိုပေ။ ဤသို့ဖြင့် ငါသည် ဂျေရုဆလင်မြို့မှစ၍ ဣလုရိတ်ပြည်တိုင်အောင် ပတ်သွားကာ ခရစ်တော်၏ကောင်းမြတ်သောသတင်းကို စုံလင်စွာဟောပြောခဲ့၏။
သင်တို့ထံသို့ ငါလာသောအခါ ခရစ်တော်၏ကောင်းချီးမင်္ဂလာအပြည့်အစုံနှင့်လာမည်ကို ငါသိ၏။
ဆင်းရဲဒုက္ခနှင့်နာကျင်ခြင်းဝေဒနာတို့သည် ဦးစွာဂျူးလူမျိုး ထို့နောက် ဂရိလူမျိုးအပါအဝင် မကောင်းသောအမှုကိုပြုသည့် သက်ရှိလူသားအပေါင်းတို့အပေါ်သို့ ကျရောက်လိမ့်မည်။
ဤသို့ဖြင့် အာဗြဟံသည် အရေဖျားမလှီးမီ ယုံကြည်ခြင်းအားဖြင့်ရရှိသော ဖြောင့်မတ်ခြင်း၏တံဆိပ်အဖြစ် အရေဖျားလှီးခြင်း၏အမှတ်လက္ခဏာကိုခံယူ၏။ ဤသည်ကား အာဗြဟံအား အရေဖျားမလှီးဘဲယုံကြည်သောသူအပေါင်းတို့၏အဖဖြစ်စေရန်နှင့် ထိုသူတို့သည်လည်း ဖြောင့်မတ်ခြင်းကိုရရှိကြစေရန်အတွက်ဖြစ်၏။
သင်တို့သည် ထိုသတင်းကို အကြောင်းမဲ့မယုံကြည်ဘဲ သင်တို့အား ငါဟောပြောခဲ့သောတရားစကားကို စွဲကိုင်ထားလျှင် ၎င်းအားဖြင့် ကယ်တင်ခြင်းကိုလည်းခံရကြ၏။
အကြောင်းမူကား ငါသည် သင်တို့တွင် ယေရှုခရစ်တော်တည်းဟူသော လက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရသည့် ထိုသခင်၏အကြောင်းမှတစ်ပါး အခြားမည်သည့်အရာကိုမျှ မသိမမှတ်ရန် ဆုံးဖြတ်ထား၏။
ငါ၏စကားနှင့် ငါ၏ဟောပြောချက်တို့သည်လည်း ဆွဲဆောင်မှုရှိသည့် ဉာဏ်ပညာစကားအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်နှင့် တန်ခိုးတော်တို့၏သက်သေအထောက်အထားအားဖြင့်ဖြစ်၏။
အခြားသောသူတို့သည် သင်တို့ထံမှ ဤအခွင့်ကို ခံစားရကြလျှင် ငါတို့သည် သာ၍ခံစားထိုက်သည်မဟုတ်လော။ သို့သော် ငါတို့သည် ဤအခွင့်ကိုမသုံးဘဲ ခရစ်တော်၏ကောင်းမြတ်သောသတင်းအတွက် မည်သည့်အဟန့်အတားမျှမရှိစေရန် အရာရာ၌ သည်းခံကြ၏။
သို့ဖြစ်လျှင် ငါ့အတွက် မည်သည့်ဆုလာဘ်ရှိသနည်း။ ၎င်းမှာ ကောင်းမြတ်သောသတင်းကိုဟောပြောသည့်အခါ အဖိုးအခမယူဘဲ ထိုသတင်းကို ဝေငှဟောပြော၍ ကောင်းမြတ်သောသတင်းနှင့်ဆိုင်သော ငါ၏ရပိုင်ခွင့်ကို အပြည့်အဝအသုံးမချဘဲနေခြင်းပင်ဖြစ်၏။
ငါသည် ခရစ်တော်၏ကောင်းမြတ်သောသတင်းအတွက် တရောမြို့သို့ရောက်သောအခါ သခင်ဘုရားသည် ငါ့အတွက်တံခါးဖွင့်ပေးခဲ့သော်လည်း
ထိုသူတို့နှင့်ပတ်သက်၍ပြောရလျှင် ဘုရားသခင်၏ပုံသဏ္ဌာန်တော်ဖြစ်သော ခရစ်တော်၏ဘုန်းအသရေနှင့်ပြည့်စုံသည့် ကောင်းမြတ်သောသတင်း၏အလင်းရောင်ကိုမမြင်စေရန် ဤလောက၏ဘုရားသည် မယုံကြည်သောသူတို့၏စိတ်နှလုံးကို ကွယ်စေ၏။
သူတို့သည် ခရစ်တော်၏ကောင်းမြတ်သောသတင်းကို ဝန်ခံခြင်းအားဖြင့်ဖြစ်လာသည့် သင်တို့၏နာခံမှုကိုလည်းကောင်း၊ သူတို့မှစ၍ လူအပေါင်းတို့အား သင်တို့ရက်ရောစွာပေးကမ်းဝေမျှသောအမှုကိုလည်းကောင်း ထောက်၍ ဤကူညီထောက်မခြင်းအမှု၌ ထင်ရှားသောသက်သေအတွက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြလိမ့်မည်။
ထိုသို့ဆိုသော် အခြားကောင်းမြတ်သောသတင်းရှိသည်မဟုတ်။ လူအချို့တို့သည် သင်တို့ကို မငြိမ်မသက်ဖြစ်စေ၍ ခရစ်တော်၏ကောင်းမြတ်သောသတင်းကို မှောက်လှန်လိုကြခြင်းသာဖြစ်၏။
သင်တို့သည် ငါတို့ထံမှကြားနာသော ဘုရားသခင်၏နှုတ်ကပတ်တရားကို လက်ခံကြသောအခါ လူတို့၏စကားအဖြစ်မဟုတ်ဘဲ ၎င်း၏စစ်မှန်သည့်အဖြစ်အတိုင်း တစ်နည်းဆိုသော် ယုံကြည်သောသင်တို့အထဲ၌ သက်ဝင်လှုပ်ရှားနေသော ဘုရားသခင်၏နှုတ်ကပတ်တရားအဖြစ် လက်ခံကြသောကြောင့် ငါတို့သည် ဘုရားသခင်ကို အမြဲမပြတ်ကျေးဇူးတင်ကြ၏။
ဤသည်ကား မင်္ဂလာရှိတော်မူသောဘုရားသခင်၏ဘုန်းအသရေနှင့်ပြည့်စုံသည့် ကောင်းမြတ်သောသတင်းနှင့် ကိုက်ညီ၏။ ထိုကောင်းမြတ်သောသတင်းကို ငါ့အားယုံကြည်အပ်နှံထားတော်မူပြီ။
ထိုအကြောင်းကြောင့် ငါသည် ဤဒုက္ခဝေဒနာများကိုလည်း ခံစားနေရ၏။ သို့သော် ငါသည် ရှက်ကြောက်ခြင်းမရှိ။ အကြောင်းမူကား ငါသည် မိမိယုံကြည်သောအရှင်ကိုသိ၍ ကိုယ်တော်ထံ၌ ငါအပ်ထားသောအရာကို ထိုနေ့ရက်တိုင်အောင် ကိုယ်တော်စောင့်ထိန်းနိုင်သည်ဟု ငါယုံကြည်စိတ်ချ၏။
သခင်ဘုရားသည် ဩနေသိဖော်၏မိသားစုအပေါ် ကရုဏာသက်တော်မူပါစေသော။ အဘယ်ကြောင့်ဆိုသော် သူသည် ငါ့ကို အကြိမ်ကြိမ်နှစ်သိမ့်လန်းဆန်းစေပြီး သံကြိုးဖြင့် ငါချည်နှောင်ထားခြင်းခံရသည်ကို ရှက်ကြောက်ခြင်းမရှိဘဲ
ထို့ကြောင့် ငါတို့၏သခင်ဘုရားအကြောင်း သက်သေခံသည်ကိုလည်းကောင်း၊ ငါသည် ကိုယ်တော်အတွက် အကျဉ်းသားဖြစ်သည်ကိုလည်းကောင်း ရှက်ကြောက်ခြင်းမရှိဘဲ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ကောင်းမြတ်သောသတင်းအတွက် ငါနှင့်အတူဆင်းရဲဒုက္ခကိုခံလော့။
ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်ရှင်၍ ထက်မြက်ကာ အသွားနှစ်ဖက်ပါသည့် ဓားရှိသမျှတို့ထက် သာ၍ထက်သဖြင့် အသက်နှင့်ဝိညာဉ်တို့အထိလည်းကောင်း၊ အဆစ်အမြစ်နှင့်ခြင်ဆီတို့အထိလည်းကောင်း ထိုးဖောက်ပိုင်းခြားတတ်၏။ စိတ်နှလုံး၏စဉ်းစားဆင်ခြင်မှုနှင့်သဘောထားတို့ကိုလည်း ထိုးထွင်းသိမြင်နိုင်၏။
သို့သော် တစ်စုံတစ်ဦးသည် ခရစ်ယာန်အဖြစ် ဒုက္ခဝေဒနာခံစားရလျှင် ရှက်ကြောက်ခြင်းမရှိဘဲ ထိုအမည်နာမကြောင့် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းပါစေ။