Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ တိ 1:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 သခင်​ဘုရား​သည် ဩနေသိဖော်​၏​မိသားစု​အပေါ် ကရုဏာ​သက်​တော်မူ​ပါစေသော။ အဘယ်ကြောင့်​ဆိုသော် သူ​သည် ငါ့​ကို အကြိမ်ကြိမ်​နှစ်သိမ့်​လန်းဆန်း​စေ​ပြီး သံကြိုး​ဖြင့် ငါ​ချည်နှောင်​ထား​ခြင်း​ခံရ​သည်​ကို ရှက်ကြောက်​ခြင်း​မ​ရှိ​ဘဲ

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 သ​ခင်​ဘု​ရား​သည်​သြ​နေ​သိ​ဖော်​၏​အိမ် ထောင်​အား​က​ရု​ဏာ​ထား​တော်​မူ​ပါ​စေ သော။ ထို​သူ​သည်​အ​ကြိမ်​ကြိမ်​အ​ဖန်​ဖန် ငါ့​အား​စိတ်​သက်​သာ​စေ​၏။ ငါ​သည်​အ​ကျဉ်း သား​ဖြစ်​လျက်​နေ​သော်​လည်း​သူ​သည်​ငါ့ အ​တွက်​မ​ရှက်​ဘဲ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 သြ နေ သိ ဖော့် အိမ် သူ အိမ် သား တို့ အ ပေါ် တွင် အ ရှင် ဘု ရား သည် က ရု ဏာ သက် တော် မူ ပါ စေ သော။ သူ သည် ကြိမ် ဖန် များ စွာ ငါ့ ကို အား ပေး ပြု စု သည့် ပြင်၊ ငါ့ သံ ကြိုး အ တွက် မ ရှက် ဘဲ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 ထာ​ဝ​ရ​ဘု​ရား၏ က​ရု​ဏာ​တော်​သည် ဩ​နေ​သိ​ဖော်၏​အိမ်၌ သက်​ရောက်​ပါ​စေ​သော။ သူ​သည်​ငါ့​ကို အ​ဖန်​ဖန်​သက်​သာ​စေ​ပြီ။ ငါ၌​သံ​ကြိုး​ချည်​နှောင်​လျက် ရှိ​သော်​လည်း၊ သူ​သည် ရှက်​ကြောက်​ခြင်း​မ​ရှိ​ဘဲ၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 ဩနေသိဖော်​၏​မိသားစု​အပေါ် သခင်ဘုရား​၏ ကရုဏာတော်​သက်ရောက်ပါစေသော။ အဘယ်ကြောင့်ဆိုသော် သူ​သည် ကျွန်ုပ်​အကျဉ်းချ​ခံရသည်​ကိုပင် မရှက်မကြောက်​ဘဲ အမြဲ အားပေးနှစ်သိမ့်​သောကြောင့် ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ တိ 1:16
27 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​ပြု​သော ဤ​အမှု​ကြောင့် ထာဝရဘုရား​သည် မေတ္တာကရုဏာ​နှင့် သမ္မာတရား​ကို သင်​တို့​အား ပြ​တော်မူ​ပါစေသော​။ ငါ​သည်​လည်း သင်​တို့​ကို ကျေးဇူးပြု​ပါ​မည်​။


အို အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​ပြု​ခဲ့​သော​အမှု​အတွက် အကျွန်ုပ်​ကို​အောက်မေ့​တော်မူ​ပါ​။ ဘုရားသခင်​၏​အိမ်​တော်​နှင့်​အမှု​တော်​အတွက် အကျွန်ုပ်​ကောင်း​စွာ​လုပ်ဆောင်​ခဲ့​သည်​ကို လျစ်လျူရှု​တော်​မ​မူ​ပါ​နှင့်​။


လေဝိ​အမျိုး​တို့​ကို​လည်း ဥပုသ်နေ့​သန့်ရှင်း​အောင် ကိုယ့်ကိုယ်ကိုယ် စင်ကြယ်​စေ​ပြီး မြို့​တံခါး​တို့​တွင် သွား​၍​စောင့်ကြပ်​ကြ​လော့​ဟု ငါ​မှာကြား​၏​။ အို အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​ပြု​ခဲ့​သော​အမှု​အတွက် အကျွန်ုပ်​ကို​အောက်မေ့​တော်မူ​ပါ​။ မေတ္တာကရုဏာ​ကြွယ်ဝ​သည့်​အတိုင်း အကျွန်ုပ်​ကို သနား​တော်မူ​ပါ​။


သတ်မှတ်​ထား​သော​အချိန်​တွင် လှူ​ရ​မည့်​ထင်း​နှင့် အဦးဆုံးသီးနှံ​များ​ကို စီမံ​ပေး​၏​။ အို အကျွန်ုပ်​၏​ဘုရားသခင်​၊ အကျွန်ုပ်​ကို အောက်မေ့​တော်မူ​ပါ​။ ကျေးဇူး​ပြု​တော်မူ​ပါ​။


အို အကျွန်ုပ်​၏​ဘုရားသခင်​၊ ဤ​လူမျိုး​အတွက် အကျွန်ုပ်​ပြု​သော​ကောင်းမှု​အလုံးစုံ​ကို သတိရ​တော်မူ​ပါ​။


ကိုယ်တော်​သည် မေတ္တာကရုဏာ​ရှိ​သော​သူ​အား မိမိ​မေတ္တာကရုဏာ​ရှိ​ကြောင်း​ကို ပြ​တော်မူ​၏​။ အပြစ်ကင်း​သော​သူ​အား မိမိ​အပြစ်ကင်း​ကြောင်း​ကို ပြ​တော်မူ​၏​။


သူ​သည် အစဉ်အမြဲ​သနား​တတ်​၍ ချေးငှား​ပေး​တတ်​၏​။ သူ​၏​သားမြေး​တို့​သည်​လည်း ကောင်းချီးမင်္ဂလာ ဖြစ်​ကြ​၏​။


ထာဝရဘုရား​က ထို​နေ့​၌ သင့်​ကို ငါ​ကယ်နုတ်​မည်​။ သင်​ကြောက်​သော​သူ​တို့​လက်​သို့ သင်​မ​ရောက်​ရ​။


ထိုနည်းတူ နှစ်​တာလန်​ရ​သော​သူ​သည်​လည်း နောက်ထပ် နှစ်​တာလန်​အမြတ်​ရ​လေ​၏။


သနား​ကြင်နာ​တတ်​သော​သူ​တို့​သည် မင်္ဂလာရှိ​ကြ​၏။ အကြောင်းမူကား သူ​တို့​သည် သနား​ကြင်နာ​ခြင်း​ကို​ခံရ​ကြ​လိမ့်မည်။


ထိုအခါ တပ်မှူးကြီး​သည် အနီး​သို့​ရောက်လာ​၍ ပေါလု​ကို​ဖမ်းဆီး​ကာ သံကြိုး​နှစ်​ချောင်း​ဖြင့်​ချည်နှောင်​ထား​ရန် အမိန့်​ပေး​ပြီးလျှင် ပေါလု​သည် မည်သူ​ဖြစ်​ကြောင်း​နှင့် မည်သည့်​အမှု​ပြု​ခဲ့​ကြောင်း​ကို မေးမြန်း​လေ​၏။


ဤ​အကြောင်း​ကြောင့် အကျွန်ုပ်​သည် သင်​တို့​နှင့်​တွေ့ဆုံ​၍ စကား​ပြော​ရန် သင်​တို့​ကို​ဖိတ်ခေါ်​ခြင်း​ဖြစ်​သည်။ အမှန်စင်စစ် အကျွန်ုပ်​သည် အစ္စရေး​လူမျိုး​၏​မျှော်လင့်​ခြင်း​အကြောင်း​ကြောင့် ဤ​သံကြိုး​ဖြင့် ချည်နှောင်​ထား​ခြင်း​ခံရ​သည်”​ဟု ဆို​လေ​၏။


ငါ​၏​စိတ်​ဝိညာဉ်​နှင့် သင်​တို့​၏​စိတ်​ဝိညာဉ်​တို့​အား ငြိမ်သက်​ချမ်းသာ​မှု​ကို​ပေး​ကြ​၏။ သို့ဖြစ်၍ ထိုသို့သော​သူ​တို့​ကို အသိအမှတ်​ပြု​ကြ​လော့။


ငါ​သည် ဤ​ကောင်းမြတ်​သော​သတင်း​အတွက် သံကြိုး​ဖြင့်​ချည်နှောင်​ထား​ခြင်း​ခံရ​သော သံတမန်​ဖြစ်​၏။ ဤ​သို့​ချည်နှောင်​ထား​ခြင်း​ခံရ​သော်လည်း ငါ​သည် ဟောပြော​သင့်​သည့်​အတိုင်း ရဲရင့်​စွာ​ဟောပြော​နိုင်​ရန် ဆုတောင်း​ပေး​ကြ​လော့။


ထို​အကြောင်း​ကြောင့် ငါ​သည် ဤ​ဒုက္ခ​ဝေဒနာ​များ​ကို​လည်း ခံစား​နေ​ရ​၏။ သို့သော် ငါ​သည် ရှက်ကြောက်​ခြင်း​မ​ရှိ။ အကြောင်းမူကား ငါ​သည် မိမိ​ယုံကြည်​သော​အရှင်​ကို​သိ​၍ ကိုယ်တော်​ထံ၌ ငါ​အပ်​ထား​သော​အရာ​ကို ထို​နေ့ရက်​တိုင်အောင် ကိုယ်တော်​စောင့်ထိန်း​နိုင်​သည်​ဟု ငါ​ယုံကြည်​စိတ်ချ​၏။


ရောမ​မြို့​သို့ သူ​ရောက်​စဉ်​က ငါ့​ကို​ကြိုးစားပမ်းစား​ရှာ​၍ ငါ​နှင့်​တွေ့​ခဲ့​၏။


ထို​နေ့ရက်​၌ သခင်​ဘုရား​ထံ​တော်​မှ ကရုဏာ​တော်​ခံစား​ရ​သော​အခွင့်​ကို သခင်​ဘုရား​သည် သူ့​အား​ပေး​တော်မူ​ပါစေသော။ ဧဖက်​မြို့​၌​ရှိ​စဉ်​က​လည်း သူ​သည် ငါ့​ကို မည်မျှ​လုပ်ကျွေး​ပြုစု​ခဲ့​သည်​ကို သင်​ကောင်းစွာ​သိ​၏။


ထို့ကြောင့် ငါ​တို့​၏​သခင်​ဘုရား​အကြောင်း သက်သေခံ​သည်​ကို​လည်းကောင်း၊ ငါ​သည် ကိုယ်တော်​အတွက် အကျဉ်းသား​ဖြစ်​သည်​ကို​လည်းကောင်း ရှက်ကြောက်​ခြင်း​မ​ရှိ​ဘဲ ဘုရားသခင်​၏​တန်ခိုး​တော်​အားဖြင့် ကောင်းမြတ်​သော​သတင်း​အတွက် ငါ​နှင့်အတူ​ဆင်းရဲ​ဒုက္ခ​ကို​ခံ​လော့။


ပြစ်ကိလ​နှင့်​အာကုလ​မှစ၍ ဩနေသိဖော်​၏​အိမ်သူအိမ်သား​ကို နှုတ်ဆက်​ပေး​လော့။


ဟုတ်​ပေ​၏။ ငါ့​ညီ၊ ငါ​သည် သခင်​ဘုရား​၌ သင့်​ထံမှ အကျိုးကျေးဇူး​ကို​ရရှိ​လို​ပါ​၏။ ခရစ်တော်​အားဖြင့် ငါ​၏​စိတ်နှလုံး​ကို ငြိမ်သက်​ချမ်းသာ​စေ​ပါ​လော့။


ငါ့​ညီ၊ သန့်ရှင်း​သူ​တို့​၏​စိတ်နှလုံး​သည် သင့်​အားဖြင့် ငြိမ်သက်​ချမ်းသာ​မှု​ကို​ခံစား​ရ​ပြီ​ဖြစ်၍ သင်​၏​ချစ်​ခြင်း​မေတ္တာ​ကြောင့် ကြီးစွာ​သော​ဝမ်းမြောက်​ခြင်း​နှင့် တိုက်တွန်း​အားပေး​ခြင်း​တို့​ကို ငါ​ခံစားရ​၏။


သင်​တို့​သည် အကျဉ်းသား​တို့​အပေါ် စာနာ​စိတ်​ရှိ​ကြ​သည်​သာမက သာ၍​မြတ်​ပြီး တည်မြဲ​သော​အရာ​ကို မိမိ​တို့​ပိုင်ဆိုင်​ကြောင်း​သိ​လျက် သင်​တို့​ဥစ္စာ​ပစ္စည်း​များ မတရား​လုယူ​ခြင်း​ခံရ​သော်လည်း ဝမ်းမြောက်​စွာ​သည်းခံ​ခဲ့​ကြ​၏။


အကြောင်းမူကား ဘုရားသခင်​သည် သင်​တို့​၏​လုပ်ဆောင်​မှု​ကို​လည်းကောင်း၊ သန့်ရှင်း​သူ​တို့​ကို ယခင်​က သင်​တို့​လုပ်ကျွေး​ပြုစု​သကဲ့သို့ ယခု​လည်း လုပ်ကျွေး​ပြုစု​လျက် ကိုယ်တော်​၏​နာမ​တော်​ကို​ထောက်၍ သင်​တို့​ပြ​သော​ချစ်​ခြင်း​မေတ္တာ​တို့​ကို​လည်းကောင်း မေ့လျော့​သည့်​တိုင်အောင် တရားမျှတ​မှု​ကင်းမဲ့​တော်မူ​သည်​မ​ဟုတ်။


နောမိ​က ချွေးမ​နှစ်​ဦး​အား “​သင်​တို့ ကိုယ့်​မိခင်​အိမ်​သို့ ပြန်​သွား​ကြ​လော့​။ ကွယ်လွန်​သွား​သော​သင်​တို့​ခင်ပွန်း​နှင့် ငါ့​အပေါ် သင်​တို့​မေတ္တာကရုဏာ​ပြ​ခဲ့​သည့်​အတိုင်း ထာဝရဘုရား​သည် သင်​တို့​အပေါ် မေတ္တာကရုဏာ ပြ​တော်မူ​ပါစေသော​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ