ယခု သင်သည် သင့်ဖခင်၏အိမ်ကို အလွန်လွမ်းဆွတ်သဖြင့် အကယ်ပင်ပြန်သွားလိုသည်မှန်စေတော့ အဘယ်ကြောင့် ငါ၏ဘုရားတို့ကိုခိုးယူရသနည်း”ဟု ဆို၏။
ရောမ 1:11 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့ကို ငါအလွန်တွေ့မြင်လိုသည်မှာ သင်တို့အား ဝိညာဉ်ဆုကျေးဇူးအချို့ကိုဝေမျှပေး၍ သင်တို့ကိုခိုင်ခံ့မြဲမြံစေရန်ဖြစ်၏။ Common Language Bible သင်တို့သည်တည်ကြည်ကြံ့ခိုင်စေရန်သင် တို့အားဝိညာဉ်ဆုကျေးဇူးကိုဝေမျှလို သဖြင့် ငါသည်သင်တို့နှင့်အလွန်တွေ့လို ၏။- Garrad Bible ငါ သည် ဝိ ညာဉ် ဆု ကျေး ဇူး တစ် စုံ တစ် ရာ ကို ဝေ မျှ သည့် အ လျောက် တည် ကြည် ရ စေ ခြင်း ငှါ သင် တို့ ကို တွေ့ မြင် လို လှ၏။ Judson Bible သင်တို့သည် မြဲမြံခိုင်ခံ့မည်အကြောင်း၊ ငါသည် သင်တို့၌ ဝိညာဉ်ဆုကျေးဇူးတစ်စုံတစ်ခုကို အပ်ပေးခြင်းငှာ၊ သင်တို့ကို အလွန်တွေ့မြင်ချင်ပါ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် သင်တို့ကိုအလွန်တွေ့မြင်လိုသည်မှာ ဝိညာဉ်ဆုကျေးဇူးတချို့ကို သင်တို့အား ဝေမျှပေး၍ သင်တို့၏ ယုံကြည်ခြင်းကို ခိုင်မြဲစေရန်ဖြစ်၏။ |
ယခု သင်သည် သင့်ဖခင်၏အိမ်ကို အလွန်လွမ်းဆွတ်သဖြင့် အကယ်ပင်ပြန်သွားလိုသည်မှန်စေတော့ အဘယ်ကြောင့် ငါ၏ဘုရားတို့ကိုခိုးယူရသနည်း”ဟု ဆို၏။
ဒါဝိဒ်မင်းကြီးသည် သေဆုံးသွားသောအာမနုန်အတွက် စိတ်ဖြေသာမှုရပြန်သော် အဗရှလုံထံ စိတ်ရောက်သွားပြန်၏။
ဒါဝိဒ်မင်းကြီးက “ဗက်လင်မြို့တံခါးအနီးရှိ ရေတွင်းမှရေကို ငါ့အတွက် တစ်ယောက်ယောက်ခပ်ပေးလျှင် ကောင်းပေမည်”ဟု တောင့်တ၍ ဆိုမိလျှင်
သူတို့သည် နောက်တစ်နေ့မနက်စောစောထပြီး တေကောတောကန္တာရဘက်သို့ ချီသွားကြ၏။ ထိုသို့ သူတို့ထွက်သွားချိန်တွင် ယောရှဖတ်မင်းကြီးသည် ရပ်လျက် “ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့၊ နားထောင်ကြပါလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ယုံကြည်ကြလော့။ သို့မှ သင်တို့ခံရပ်နိုင်မည်။ ကိုယ်တော်၏ပရောဖက်တို့ကိုလည်း ယုံကြည်ကြလော့။ သို့မှ သင်တို့ အောင်နိုင်မည်”ဟု မိန့်မှာ၏။
ဤသို့ဖြင့် အသင်းတော်များသည် ယုံကြည်ခြင်းပိုမိုခိုင်မာလာ၍ တစ်နေ့တခြား လူဦးရေတိုးပွားလာ၏။
ဤအဖြစ်အပျက်များပြီးဆုံးပြီးနောက် ပေါလုသည် မာကေဒေါနိပြည်နှင့်အခါယပြည်တို့ကို ဖြတ်သွား၍ ဂျေရုဆလင်မြို့သို့သွားရန် ဝိညာဉ်တော်အားဖြင့်ဆုံးဖြတ်လျက် “ငါသည် ထိုမြို့သို့သွားပြီးလျှင် ရောမမြို့ကိုလည်း မြင်ရမည်”ဟု ဆို၏။
ပေါလုသည် သူတို့အပေါ်လက်တင်သောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့အပေါ်သို့ သက်ရောက်သဖြင့် သူတို့သည် အခြားသောဘာသာစကားများကိုပြောဆိုလျက် ပရောဖက်ပြုဟောပြောကြ၏။
ထိုသို့ဆိုသော် သင်တို့နှင့်အတူရှိစဉ် ငါနှင့်သင်တို့နှစ်ဦးနှစ်ဖက်၏ယုံကြည်ခြင်းအားဖြင့် နှစ်သိမ့်မှုကို အတူတကွခံစားနိုင်ရန်ဖြစ်၏။
ယခုအခါ ဤအရပ်တို့၌ ငါလုပ်ဆောင်ရမည့်နေရာမရှိတော့သည့်အပြင် သင်တို့ထံသို့လာရန် နှစ်ပေါင်းများစွာကပင် ဆန္ဒရှိခဲ့သည်နှင့်အညီ
သင်တို့ထံသို့ ငါလာသောအခါ ခရစ်တော်၏ကောင်းချီးမင်္ဂလာအပြည့်အစုံနှင့်လာမည်ကို ငါသိ၏။
ဘုရားသခင်၏အလိုတော်အားဖြင့် ဝမ်းမြောက်သောစိတ်နှင့် သင်တို့ထံသို့ငါလာ၍ သင်တို့နှင့်အတူ နှစ်သိမ့်သက်သာခြင်းကိုခံစားနိုင်မည့်အကြောင်း ငါနှင့်အတူကြိုးစားအားထုတ်၍ ငါ့အတွက် ဘုရားသခင်ထံဆုတောင်းကြလော့။
ငါဟောပြောသည့်ကောင်းမြတ်သောသတင်းနှင့် ယေရှုခရစ်တော်အကြောင်းကိုဟောပြောခြင်းအားဖြင့်လည်းကောင်း၊ ရှေးကာလပတ်လုံး ဝှက်ထားခြင်းခံရသော်လည်း ယခုအခါ ထာဝရဘုရားသခင်၏အမိန့်တော်အတိုင်း ပရောဖက်ကျမ်းများ၌ထင်ရှားပြီး ယုံကြည်ခြင်းနှင့်ဆိုင်သောနာခံမှုရှိစေရန် လူမျိုးအပေါင်းတို့အားသိစေသည့် လျှို့ဝှက်နက်နဲသောအရာကို ဖွင့်ပြခြင်းအားဖြင့်လည်းကောင်း သင်တို့ကို ခိုင်ခံ့မြဲမြံစေနိုင်သောအရှင်၊
ငါသည် ဤသို့ယုံကြည်စိတ်ချသဖြင့် သင်တို့သည် ကျေးဇူးတော်ကို နှစ်ကြိမ်ခံစားရမည့်အကြောင်း သင်တို့ထံသို့ ဦးစွာလာ၍
ငါတို့ကို သင်တို့နှင့်အတူ ခရစ်တော်၌တည်မြဲစေ၍ ငါတို့အား ဘိသိက်ပေးတော်မူသောအရှင်ကား ဘုရားသခင်ပေတည်း။
အကြောင်းမူကား တစ်စုံတစ်ယောက်သောသူသည်လာ၍ ငါတို့မဟောပြောခဲ့သည့် အခြားသောယေရှုအကြောင်းကို ဟောပြောလျှင်ဖြစ်စေ၊ သင်တို့မရရှိဖူးသော အခြားဝိညာဉ်ကို သင်တို့ရရှိလျှင်ဖြစ်စေ၊ သင်တို့မခံယူခဲ့သော အခြားကောင်းမြတ်သောသတင်းကို သင်တို့ခံယူလျှင်ဖြစ်စေ သင်တို့သည် ကောင်းစွာသည်းခံနေကြ၏။
ထို့ပြင် သင်တို့အပေါ်သက်ရောက်သည့် ဘုရားသခင်၏ထူးကဲသောကျေးဇူးတော်ကြောင့် သူတို့သည် သင်တို့ကိုလွမ်းဆွတ်လျက် သင်တို့အတွက် ဆုတောင်းပေးကြလိမ့်မည်။
ငါသည် ခရစ်တော်ယေရှု၏ကြင်နာခြင်းဖြင့် သင်တို့အားလုံးကို မည်မျှလွမ်းဆွတ်ကြောင်း ငါ့အတွက်သက်သေခံပေးသောအရှင်မှာ ဘုရားသခင်ဖြစ်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် သူသည် သင်တို့အားလုံးကိုလွမ်းဆွတ်နေပြီး သူနာမကျန်းဖြစ်ကြောင်း သင်တို့ကြားသိကြသည့်အတွက် စိတ်ပူပန်နေ၏။
ထို့ကြောင့် ငါ၏ဝမ်းမြောက်ခြင်းအကြောင်းနှင့် ငါ၏သရဖူဖြစ်သည့် ငါချစ်၍လွမ်းဆွတ်သော ငါ့ညီအစ်ကိုတို့၊ ငါဆိုခဲ့သည့်အတိုင်း သခင်ဘုရား၌ ခိုင်မြဲစွာရပ်တည်ကြလော့၊ ငါချစ်သောသူတို့။
ထို့ပြင် ငါတို့၏သခင်ယေရှုသည် မိမိ၏သန့်ရှင်းသူအပေါင်းတို့နှင့်အတူ ကြွလာတော်မူသောအခါ ငါတို့အဖဖြစ်တော်မူသောဘုရားသခင်ရှေ့တော်တွင် သင်တို့၏စိတ်နှလုံးကို မြင့်မြတ်သန့်ရှင်းခြင်းအရာ၌ အပြစ်တင်စရာမရှိရလေအောင် ခိုင်ခံ့မြဲမြံစေတော်မူပါစေသော။ အာမင်။
ခရစ်တော်၏ကောင်းမြတ်သောသတင်း၌ ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်ဖြစ်သော ငါတို့၏ညီ တိမောသေကို စေလွှတ်လိုက်၏။ သူ့ကိုစေလွှတ်ခြင်းမှာ သင်တို့၏ယုံကြည်ခြင်းနှင့်ပတ်သက်၍ သင်တို့ကို တိုက်တွန်းနှိုးဆော်၍ ခိုင်ခံ့မြဲမြံစေရန်နှင့်
သင်တို့၏စိတ်နှလုံးကို နှစ်သိမ့်ပေး၍ ကောင်းသောစကားနှင့်ကောင်းသောအမှုအလုံးစုံတို့၌ သင်တို့ကို ခိုင်ခံ့မြဲမြံစေတော်မူပါစေသော။
သို့သော် သခင်ဘုရားသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။ ကိုယ်တော်သည် သင်တို့ကို ခိုင်ခံ့မြဲမြံစေ၍ ဆိုးညစ်သောသူထံမှ ကွယ်ကာစောင့်ရှောက်တော်မူလိမ့်မည်။
ထူးခြားသောသွန်သင်ချက်အမျိုးမျိုးနောက်သို့ လိုက်ပါမသွားကြနှင့်။ အကြောင်းမူကား စားစရာအားဖြင့်မဟုတ်ဘဲ ကျေးဇူးတော်အားဖြင့် စိတ်နှလုံးကိုတည်မြဲစေခြင်းသည် ကောင်းမြတ်ပေ၏။ စားစရာအားဖြင့် အသက်ရှင်လျှောက်လှမ်းသောသူတို့သည် အကျိုးကိုမရရှိကြပေ။
သင်တို့ကို မိမိ၏ထာဝရဘုန်းအသရေတော်ထဲသို့ ခရစ်တော်ယေရှုအားဖြင့် ခေါ်ယူတော်မူသောအရှင်၊ ကျေးဇူးတော်အပေါင်းနှင့်ပြည့်စုံတော်မူသော ဘုရားသခင်ကိုယ်တော်တိုင်သည် ဒုက္ခဝေဒနာခေတ္တခဏခံစားပြီးသောသင်တို့ကို စုံလင်စေ၍ ခွန်အားနှင့်ပြည့်စုံစေကာ တည်ကြည်ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။
ငါသည် သစ္စာရှိသောညီအစ်ကိုအဖြစ် ငါသတ်မှတ်သော သိလွာနုမှတစ်ဆင့် စာအနည်းငယ်ရေးလိုက်ခြင်းအားဖြင့် သင်တို့ကိုတိုက်တွန်းနှိုးဆော်ကာ ဤအရာသည် ဘုရားသခင်၏စစ်မှန်သောကျေးဇူးတော်ဖြစ်ကြောင်း သက်သေခံ၏။ သင်တို့သည် ဤကျေးဇူးတော်၌ ရပ်တည်ကြလော့။
ထို့ကြောင့် သင်တို့သည် ဤအကြောင်းအရာများကိုသိရှိကြ၍ သင်တို့တွင်ရှိသောသမ္မာတရား၌ ခိုင်ခံ့မြဲမြံကြပြီဖြစ်သော်လည်း ၎င်းတို့နှင့်ပတ်သက်၍ သင်တို့ကို အစဉ်သတိပေးနှိုးဆော်ရန် ငါကြံရွယ်ထား၏။