တမန်တော်ဝတ္ထု 16:5 - မြန်မာ့စံမီသမ္မာကျမ်း5 ဤသို့ဖြင့် အသင်းတော်များသည် ယုံကြည်ခြင်းပိုမိုခိုင်မာလာ၍ တစ်နေ့တခြား လူဦးရေတိုးပွားလာ၏။ အခန်းကိုကြည့်ပါ။Common Language Bible5 သို့ဖြစ်၍အသင်းတော်တို့၏ယုံကြည်ခြင်း ပိုမိုခိုင်မြဲလာလျက် နေ့စဉ်နေ့တိုင်းအရေ အတွက်အားဖြင့်တိုးတက်များပြားလား ၏။ အခန်းကိုကြည့်ပါ။Garrad Bible5 အ သင်း တော် တို့ သည် ယုံ ကြည် ခြင်း တ ရား တော်၌ အား ပြည့်၍ နေ့ စဉ် လူ ဦး ရေ တိုး တက် ၏။ အခန်းကိုကြည့်ပါ။Judson Bible5 ထိုသို့အသင်းတော်တို့သည် ယုံကြည်ခြင်း၌ တည်ကြည်မြဲမြံသည်ဖြစ်၍၊ အရေအတွက်အားဖြင့် တစ်နေ့ထက်တစ်နေ့ တိုးပွားများပြားကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း5 ထိုသို့ဖြင့် အသင်းတော်များသည် ယုံကြည်ခြင်း၌ ခိုင်မာကြ၍ နေ့စဉ် လူဦးရေတိုးပွားလေ၏။ အခန်းကိုကြည့်ပါ။ |
သင်တို့ကို မိမိ၏ထာဝရဘုန်းအသရေတော်ထဲသို့ ခရစ်တော်ယေရှုအားဖြင့် ခေါ်ယူတော်မူသောအရှင်၊ ကျေးဇူးတော်အပေါင်းနှင့်ပြည့်စုံတော်မူသော ဘုရားသခင်ကိုယ်တော်တိုင်သည် ဒုက္ခဝေဒနာခေတ္တခဏခံစားပြီးသောသင်တို့ကို စုံလင်စေ၍ ခွန်အားနှင့်ပြည့်စုံစေကာ တည်ကြည်ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။
ငါဟောပြောသည့်ကောင်းမြတ်သောသတင်းနှင့် ယေရှုခရစ်တော်အကြောင်းကိုဟောပြောခြင်းအားဖြင့်လည်းကောင်း၊ ရှေးကာလပတ်လုံး ဝှက်ထားခြင်းခံရသော်လည်း ယခုအခါ ထာဝရဘုရားသခင်၏အမိန့်တော်အတိုင်း ပရောဖက်ကျမ်းများ၌ထင်ရှားပြီး ယုံကြည်ခြင်းနှင့်ဆိုင်သောနာခံမှုရှိစေရန် လူမျိုးအပေါင်းတို့အားသိစေသည့် လျှို့ဝှက်နက်နဲသောအရာကို ဖွင့်ပြခြင်းအားဖြင့်လည်းကောင်း သင်တို့ကို ခိုင်ခံ့မြဲမြံစေနိုင်သောအရှင်၊
သူတို့သည် နောက်တစ်နေ့မနက်စောစောထပြီး တေကောတောကန္တာရဘက်သို့ ချီသွားကြ၏။ ထိုသို့ သူတို့ထွက်သွားချိန်တွင် ယောရှဖတ်မင်းကြီးသည် ရပ်လျက် “ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့၊ နားထောင်ကြပါလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ယုံကြည်ကြလော့။ သို့မှ သင်တို့ခံရပ်နိုင်မည်။ ကိုယ်တော်၏ပရောဖက်တို့ကိုလည်း ယုံကြည်ကြလော့။ သို့မှ သင်တို့ အောင်နိုင်မည်”ဟု မိန့်မှာ၏။