ဤရက်သတ္တပတ်ကို လွန်စေလော့။ သို့ပြုလျှင် သမီးနောက်တစ်ယောက်နှင့်လည်း သင့်ကိုထိမ်းမြားပေးဦးမည်။ ထို့အတွက် သင်သည် နောက်ထပ်ခုနစ်နှစ် ငါ့ကိုအစေခံရမည်”ဟု ဆို၏။
ရုသ 4:10 - မြန်မာ့စံမီသမ္မာကျမ်း ကွယ်လွန်သူ၏အမွေသည် သူ့အမည်ဖြင့် ဆက်ရှိစေရန်၊ သူ့ညီအစ်ကိုကြား၊ သူ့နေရင်းမြို့တံခါးတို့တွင် နာမည်ပယ်ဖျက်မခံရစေရန် မဟာလုန်၏မယား မောဘအမျိုးသမီးရုသကိုလည်း အကျွန်ုပ်၏မယားအဖြစ် ဝယ်ယူမည်။ ဤသည်မှာလည်း သင်တို့သည် သက်သေများဖြစ်ကြ၏”ဟု ဆို၏။ Common Language Bible ထို့အပြင်မဟာလုန်၏မုဆိုးမ၊ မောဘ အမျိုးသမီးရုသသည် ငါ၏gen 1gဇနီးဖြစ် လာလေပြီ။ ဤနည်းအားဖြင့်ထိုပစ္စည်းဥစ္စာ များသည် သေလွန်သူ၏အိမ်ထောင်စုလက် ဝယ်တည်ရှိနေပါလိမ့်မည်။ သေသူ၏ဆွေ စဉ်မျိုးဆက်သည်လည်း သူ၏အမျိုးသား များနှင့်သူ၏နေရင်းမြို့တွင်မပြတ်ဘဲ ဆက်လက်ပွားလျက်နေပါလိမ့်မည်။ သင် တို့သည်ဤအမှုတွင်အသိသက်သေ ဖြစ်ကြ၏'' ဟုဆို၏။ Garrad Bible ဆွေ မျိုး သား ချင်း တို့ နှင့် နေ ရင်း မြို့ တံ ခါး အ တွင်း၌ သေ လွန် သူ၏ အ မည် မ ပျက် မ ကွက် စေ ဘဲ အ မွေ စု တွင် တည် စေ ခြင်း ငှါ မ ဟာ လုန့် မ ယား၊ မော ဘ ပြည် သူ ရု သ ကို လည်း ကြင် ဘက် အ ဖြစ် ဝယ် ယူ ကြောင်း ယ နေ့ သင် တို့ သည် သက် သေ ဖြစ် ကြ သည် ဟု ပြော ဆို သည့် အ လျောက် Judson Bible သေသောသူ၏နာမည်ကို သူ၏ညီအစ်ကိုစုထဲကလည်းကောင်း၊ သူနေရာ မြို့တံခါးထဲကလည်းကောင်း မပြတ်စေခြင်းငှာ၊ သူ၏အမွေအားဖြင့် သူ၏နာမည်ကို ထောက်မမည်အကြောင်း၊ မဟာလုန်၏မယား မောဘအမျိုးသမီး ရုသကို ငါ၏မယားဖြစ်စေခြင်းငှာ ငါဝယ်သည်ကို သင်တို့သည် ယနေ့သက်သေဖြစ်ကြပါ၏ဟု အသက်ကြီးသူများ၊ လူများအပေါင်းတို့အား ပြောဆို၏။ |
ဤရက်သတ္တပတ်ကို လွန်စေလော့။ သို့ပြုလျှင် သမီးနောက်တစ်ယောက်နှင့်လည်း သင့်ကိုထိမ်းမြားပေးဦးမည်။ ထို့အတွက် သင်သည် နောက်ထပ်ခုနစ်နှစ် ငါ့ကိုအစေခံရမည်”ဟု ဆို၏။
သို့သော် ဩနန်က ဤမျိုးဆက်သည် မိမိ၏မျိုးဆက်ဖြစ်မည်မဟုတ်ကြောင်း သိ၏။ ထို့ကြောင့် သူသည် မိမိအစ်ကို၏မယားထံသို့ဝင်သောအခါ မိမိအစ်ကိုအတွက် မျိုးဆက်မဖြစ်ထွန်းစေရန် သုက်ရည်ကို အပြင်သို့စွန့်ထုတ်၏။
ထိုအပြစ်များသည် ထာဝရဘုရားရှေ့တော်၌ အစဉ်ရှိနေပါစေ။ သူ့ဘိုးဘေးတို့နှင့်ပတ်သက်သည့် အောက်မေ့စရာကိုလည်း ကမ္ဘာမြေကြီးပေါ်မှ ဖယ်ရှားတော်မူပါစေ။
ထာဝရဘုရားသည် မကောင်းမှုပြုသောသူတို့နှင့် ပတ်သက်သည့်အောက်မေ့စရာကို ကမ္ဘာမြေကြီးပေါ်မှဖယ်ရှားရန် သူတို့ထံမှ မျက်နှာလွှဲတော်မူ၏။
မယားကိုရသောသူသည် ကောင်းသောအရာကိုရ၍ ထာဝရဘုရားထံတော်မှ ကျေးဇူးတော်ကိုခံစားရ၏။
အိမ်ရာနှင့်စည်းစိမ်ဥစ္စာသည် မိဘဘိုးဘွားတို့ပေးသောအမွေဖြစ်၏။ ပညာသတိရှိသောမယားမူကား ထာဝရဘုရားပေးသနားတော်မူရာဖြစ်၏။
သင်၏အမျိုးအနွယ်သည် သဲပွင့်ကဲ့သို့ များပြားမည်။ သင်၏သားမြေးတို့သည် သဲလုံးကဲ့သို့ များပြားမည်။ သူတို့၏အမည်သည် ငါ့ရှေ့မှောက်မှ ပယ်ဖျက်ခြင်းခံရမည်မဟုတ်။ ဖျောက်ဖျက်ခြင်းခံရမည်မဟုတ်”ဟု မိန့်တော်မူ၏။
ယာကုပ်သည် အာရံပြည်သို့ ထွက်ပြေးလေပြီ။ အစ္စရေးသည် မယားရရန်အတွက် အစေခံလေပြီ။ မယားရရန်အတွက် သိုးထိန်းလေပြီ။
ထို့ကြောင့် ငါသည် ထိုမိန်းမကို ငွေတစ်ဆယ့်ငါးရှယ်ကယ်နှင့် မုယောဆန်တစ်ဟောမဲခွဲဖြင့် ဝယ်ယူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ထိုနေ့ရက်တွင် ထိုပြည်မှ ရုပ်တုတို့၏အမည်များကို ပြန်လည်အမှတ်ရခြင်း မရှိလေအောင် ငါ ပယ်ဖျက်ပစ်မည်။ ထိုနည်းတူ ထိုပြည်မှ ပရောဖက်များနှင့် ဝိညာဉ်ဆိုးများကိုလည်း ဖယ်ရှားပစ်မည်။
သို့သော် သင်တို့က “အဘယ်ကြောင့်နည်း”ဟု မေးလျှင် အကယ်စင်စစ် သင်နှင့် သင်ငယ်စဉ်က ပေါင်းဖော်ခဲ့သောသင့်မယားကြားတွင် ထာဝရဘုရားသည် သက်သေဖြစ်တော်မူ၏။ သင်သည် သင့်ဘဝဖော်၊ သင်နှင့်ကတိသစ္စာပြုထားသောမယားကို သစ္စာဖောက်သောကြောင့်ဖြစ်၏။
ခင်ပွန်းသည်တို့၊ ခရစ်တော်သည် အသင်းတော်ကိုချစ်၍ အသင်းတော်အတွက် မိမိကိုယ်ကိုစွန့်တော်မူသည့်နည်းတူ ဇနီးသည်ကို ချစ်ကြလော့။
သေဆုံးသွားသောအစ်ကို၏အမည်သည် အစ္စရေးလူမျိုးထဲမှ ပျောက်ပျက်မသွားမည့်အကြောင်း ထိုမိန်းမမွေးဖွားသောသားဦးသည် အစ်ကို၏အမည်ကိုဆက်ခံရမည်။
မင်္ဂလာဆောင်ခြင်းအမှုကို လူတိုင်းလေးစားမြတ်နိုးရမည်။ ထိမ်းမြားခြင်းအိပ်ရာကိုလည်း ညစ်ညူးခြင်းမရှိစေရ။ အကြောင်းမူကား တရားနှင့်မညီမေထုန်ပြုသူနှင့် အိမ်ထောင်ရေးဖောက်ပြန်မှုကျူးလွန်သူတို့ကို ဘုရားသခင်စီရင်တော်မူလိမ့်မည်။
ခါနာန်လူမျိုးနှင့် ခါနာန်ပြည်သားအပေါင်းတို့ကြားလျှင် သူတို့သည် အကျွန်ုပ်တို့ကိုဝိုင်းရံထားပြီး အကျွန်ုပ်တို့၏အမည်ကို မြေကြီးပေါ်မှပယ်ဖျက်ကြပါလိမ့်မည်။ ကိုယ်တော်၏ကြီးမြတ်သောနာမတော်အဖို့ မည်သို့ပြုတော်မူမည်နည်း”ဟု လျှောက်ဆိုလေ၏။
ထိုအခါ ဗောဇက သက်ကြီးဝါကြီးနှင့် လူအပေါင်းတို့အား “ဧလိမလက်ပိုင်သမျှ၊ ခိလျုန်နှင့် မဟာလုန်ပိုင်သမျှကို ယနေ့ နောမိလက်မှ အကျွန်ုပ်ဝယ်ယူကြောင်း သင်တို့သည် သက်သေများဖြစ်ကြ၏။