သင်ကောင်းစားသောအခါ အကျွန်ုပ်ကိုအောက်မေ့၍ အကျွန်ုပ်အား မေတ္တာပြပါလော့။ ဤအိမ်ထဲမှ ထွက်လာနိုင်ရန် အကျွန်ုပ်အတွက် ဖာရောမင်းကြီးထံလျှောက်တင်ပေးပါလော့။
ရုသ 3:1 - မြန်မာ့စံမီသမ္မာကျမ်း တစ်နေ့တွင် ယောက္ခမနောမိက ရုသအား “ငါ့သမီး၊ သင့်အတွက် အေးချမ်းသောနားခိုရာကို ငါရှာပေးသင့်သည်မဟုတ်လော။ Common Language Bible များမကြာမီနောမိကရုသအား``သင် သည်ကိုယ့်အိမ်နှင့်ကိုယ်နေထိုင်နိုင်ရန် သင့် အားငါနေရာချပေးရမည်။- Garrad Bible ထို နောက် ယော က္ခ မ နော မိ က၊ ငါ့ သ မီး၊ သင်၌ ငြိမ်း ချမ်း စွာ နား နေ ခွင့် ရ ရန်၊ ငါ မ ရှာ သင့် သ လော။ Judson Bible တစ်ဖန် ယောက္ခမနောမိက၊ ငါ့သမီး၊ သင့်ကိုချမ်းသာစေခြင်းငှာ ငြိမ်ဝပ်ရာအရပ်ကို သင့်အဖို့ ငါမရှာရသလော။ |
သင်ကောင်းစားသောအခါ အကျွန်ုပ်ကိုအောက်မေ့၍ အကျွန်ုပ်အား မေတ္တာပြပါလော့။ ဤအိမ်ထဲမှ ထွက်လာနိုင်ရန် အကျွန်ုပ်အတွက် ဖာရောမင်းကြီးထံလျှောက်တင်ပေးပါလော့။
သင်သည် မိမိလက်ဖြင့် လုပ်ဆောင်ရရှိသော အသီးအပွင့်ကို အမှန်ပင် စားရလိမ့်မည်။ သင်သည် မင်္ဂလာရှိ၍ ကောင်းကျိုးချမ်းသာကို ခံစားရလိမ့်မည်။
တစ်စုံတစ်ယောက်သည် မိမိနှင့်ဆိုင်သောအပျိုကညာကို အခါလင့်စေလျှင် မလျောက်ပတ်ဟုထင်မှတ်၍ ထိုသို့ပြုစရာလည်းရှိလျှင် သူ၏ဆန္ဒအတိုင်းပြုပါစေ။ သူသည် အပြစ်ပြုသည်မဟုတ်။ သူတို့အိမ်ထောင်ပြုပါစေ။
သင်တို့နှင့်တကွ နောင်လာမည့် သင်တို့၏သားမြေးတို့ ကောင်းစားမည့်အကြောင်း၊ သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်၌ သင်တို့ အသက်ရှည်ရှည်နေထိုင်ရမည့်အကြောင်း ယနေ့ သင်တို့အား ငါဆင့်ဆိုသော ဘုရားသခင်၏ပြဋ္ဌာန်းချက်များနှင့်ပညတ်တော်များကို စောင့်ထိန်းရမည်”ဟု မြွက်ဆိုလေ၏။
ထို့ကြောင့် ငယ်ရွယ်သောမုဆိုးမတို့သည် အိမ်ထောင်ပြုလျက် သားသမီးများမွေးဖွားကာ အိမ်မှုကိစ္စကိုစီမံကွပ်ကဲ၍ ရန်သူအား ကဲ့ရဲ့ပြစ်တင်ခြင်းအခွင့်ကိုမပေးရန် ငါအလိုရှိ၏။
မည်သူမဆို မိမိဆွေမျိုးသားချင်း၊ အထူးသဖြင့် မိမိအိမ်သူအိမ်သားတို့ကို ဂရုမစိုက်ဘဲနေလျှင် ထိုသူသည် ယုံကြည်ခြင်းကိုငြင်းပယ်ပြီဖြစ်၍ မယုံကြည်သူထက် ဆိုးရွား၏။
သင်တို့သည် နောက်အိမ်ထောင်ပြုပြီး အေးချမ်းစွာနေရသောအခွင့်ကို သင်တို့အား ထာဝရဘုရား ပေးသနားတော်မူပါစေသော”ဟု ဆိုပြီး သူတို့ကို နမ်းရာ သူတို့သည် အော်ဟစ်ငိုကြွေး၍
ဤသို့ဖြင့် ရုသသည် မုယောစပါးရိတ်သိမ်းပြီးချိန်၊ ဂျုံရိတ်သိမ်းပြီးချိန်အထိ ဗောဇ၏အစေအပါးမိန်းကလေးတို့အနားတွင် ကောက်သင်းကောက်လေ၏။ ယောက္ခမနှင့်လည်း အတူနေထိုင်လေ၏။
သင်သွား၍အလုပ်အတူတူလုပ်ခဲ့သောအစေအပါးတို့၏သခင် ဗောဇသည် ငါတို့၏ဆွေမျိုးသားချင်း မဟုတ်လော။ ယခုည သူသည် တလင်းပြင်တွင် မုယောစပါးလာလှေ့လိမ့်မည်။