ရာခေလသည် သေဆုံး၍ ဗက်လင် ခေါ် ဧဖရတ်မြို့သို့သွားရာလမ်း၌ သူ့ကိုသင်္ဂြိုဟ်လေ၏။
ရုသ 1:2 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူ၏အမည်မှာ ဧလိမလက်၊ မယား၏အမည်မှာ နောမိ၊ သားနှစ်ယောက်၏အမည်မှာ မဟာလုန်၊ ခိလျုန်တို့ဖြစ်၍ ယုဒပြည်၊ ဗက်လင်မြို့သား ဧဖရတ်အနွယ်ဝင်ဖြစ်၏။ သူတို့သည် မောဘပြည်သို့ သွားရောက်နေထိုင်ကြ၏။ Garrad Bible ထို သူ၏ အ မည် ကား၊ ဧ လိ မ လက်၊ မ ယား၊ နော မိ၊ သား နှစ် ယောက် တို့ လည်း မ ဟာ လုန် နှင့် ခိ လျုန် အ မည် ရှိ ကြ သ တည်း။ ထို သူ တို့ သည် ယု ဒ နယ်၊ ဧ ဖ ရတ် ခ ရိုင်၊ ဗက် လင် မြို့ သား ဖြစ် လျက် မော ဘ ပြည် သို့ သွား ပြီး လျှင် နေ ထိုင် ကြ ရာ၊ Judson Bible ထိုသူ၏အမည်ကား ဧလိမလက်။ မယားအမည်ကားနောမိ။ သားနှစ်ယောက်အမည်ကား မဟာလုန်နှင့် ခိလျုန်တည်း။ သူတို့သည်ယုဒပြည်၊ ဗက်လင်မြို့၊ ဧဖရတ်အရပ်သားဖြစ်လျက်၊ မောဘပြည်သို့သွား၍ နေကြ၏။ |
ရာခေလသည် သေဆုံး၍ ဗက်လင် ခေါ် ဧဖရတ်မြို့သို့သွားရာလမ်း၌ သူ့ကိုသင်္ဂြိုဟ်လေ၏။
“အို ဧဖရတ်ဗက်လင်မြို့၊ ယုဒမြို့များတွင် သင်သည် သေးငယ်သောမြို့ဖြစ်သော်လည်း ငါ့အဖို့ အစ္စရေးလူမျိုးကို အုပ်စိုးသူမင်းသည် သင့်အထဲမှပေါ်ထွန်းလိမ့်မည်။ ထိုသခင်သည် ရှေးမဆွကပင် ရှိနှင့်ပြီးဖြစ်၏။”
လေဝိလူငယ်တစ်ယောက်သည် ယုဒမျိုးနွယ်စုအပိုင် ယုဒပြည်၊ ဗက်လင်မြို့၌ တည်းခိုနေထိုင်၏။
ထိုနေ့တွင် မောဘလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို ရှုံးနိမ့်သွားပြီး ပြည်သည် အနှစ်ရှစ်ဆယ် ငြိမ်းချမ်းလေ၏။
နောမိ၏ခင်ပွန်း ဧလိမလက် သေဆုံးသွားသဖြင့် သူသည် သားနှစ်ယောက်နှင့် ကျန်ရစ်ခဲ့၏။
ထို့နောက် မဟာလုန်နှင့် ခိလျုန် နှစ်ယောက်စလုံးလည်း သေဆုံးသွားသဖြင့် နောမိသည် သားနှစ်ယောက်မရှိ၊ ခင်ပွန်းသည်မရှိဘဲ ကျန်ရစ်ခဲ့ရ၏။
နောမိ၏ခင်ပွန်းသည်၌ ဗောဇဟု အမည်ရှိသော ချမ်းသာကြွယ်ဝသူဆွေမျိုးတစ်ဦးရှိ၏။ သူသည် ဧလိမလက်မျိုးနွယ်စုမှ ဆင်းသက်လာ၏။
ထိုအခါ ဗောဇက သက်ကြီးဝါကြီးနှင့် လူအပေါင်းတို့အား “ဧလိမလက်ပိုင်သမျှ၊ ခိလျုန်နှင့် မဟာလုန်ပိုင်သမျှကို ယနေ့ နောမိလက်မှ အကျွန်ုပ်ဝယ်ယူကြောင်း သင်တို့သည် သက်သေများဖြစ်ကြ၏။
ဧဖရိမ်တောင်ပေါ်ဒေသ၊ ရာမသိမ်ဇုဖိမ်မြို့တွင် ဧလကာနအမည်ရှိသော လူတစ်ယောက်ရှိ၏။ သူသည် ဧဖရိမ်အမျိုး ဇုဖ၏တီ၊ တောဟူ၏မြစ်၊ ဧလိဟု၏မြေး၊ ယေရောဟံ၏သားဖြစ်၏။
ဒါဝိဒ်သည် ယုဒပြည်၊ ဗက်လင်မြို့မှ ယေရှဲအမည်ရှိ ဧဖရတ်အမျိုးသားတစ်ဦး၏သား ဖြစ်၏။ ယေရှဲ၌ သားရှစ်ယောက်ရှိ၏။ သူသည် ရှောလုမင်းကြီးလက်ထက်တွင် အသက်ကြီး၍အိုမင်းလေပြီ။
အစ္စရေးလူမျိုးနှင့် ဖိလိတ္တိလူမျိုးတို့သည် မျက်နှာချင်းဆိုင် စစ်ခင်းကျင်းနေကြ၏။