ရုသ 1:5 - မြန်မာ့စံမီသမ္မာကျမ်း5 ထို့နောက် မဟာလုန်နှင့် ခိလျုန် နှစ်ယောက်စလုံးလည်း သေဆုံးသွားသဖြင့် နောမိသည် သားနှစ်ယောက်မရှိ၊ ခင်ပွန်းသည်မရှိဘဲ ကျန်ရစ်ခဲ့ရ၏။ အခန်းကိုကြည့်ပါ။Common Language Bible5 မဟာလုန်နှင့်ခိလျှုန်တို့သည်လည်းကွယ်လွန် သွားကြပြန်၏။ သို့ဖြစ်၍နောမိသည်လင် သားမဲ့အထီးကျန်ဖြစ်လေတော့၏။ အခန်းကိုကြည့်ပါ။Garrad Bible5 မ ဟာ လုန် နှင့် ခိ လျုန် နှစ် ဦး လုံး ကွယ် လွန် ပြန် သ ဖြင့်၊ နော မိ သည် သား လင် မဲ့ လျက် ကျန် ရစ် လေ သော်၊ အခန်းကိုကြည့်ပါ။Judson Bible5 ထိုသားနှစ်ယောက် မဟာလုန်နှင့်ခိလျုန်တို့သည် သေ၍ နောမိသည်သားမရှိ၊ ခင်ပွန်းလည်းမရှိ ကျန်ရစ်လေ၏။ အခန်းကိုကြည့်ပါ။ |
သင်၏မကောင်းမှုသည် သင့်ကိုအပြစ်ဒဏ်ပေးလိမ့်မည်။ သင်၏လမ်းလွဲဖောက်ပြန်မှုသည် သင့်ကိုဆုံးမလိမ့်မည်။ သင်၏ဘုရားသခင်ထာဝရဘုရားကိုစွန့်ပယ်ခြင်း၊ ငါ့ကို မကြောက်ရွံ့ခြင်းသည် ဆိုးသောအမှု၊ ခါးသီးသောအမှုဖြစ်သည်ကို သိမှတ်လော့”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
သင်က “မည်သူသည် ငါ့အတွက် ဤသူတို့ကို မွေးဖွားခဲ့သနည်း။ ငါသည် သားသမီးများဆုံးပါး၍ သားသမီးမရနိုင်သောသူ၊ ဖမ်းခေါ်သွားခြင်းခံရသူ၊ အပယ်ခံရသူဖြစ်၏။ ဤသူတို့ကို မည်သူကျွေးမွေးစောင့်ရှောက်ခဲ့သနည်း။ ငါသည် တစ်ယောက်တည်းကျန်ရစ်ခဲ့၏။ ဤသူတို့သည် မည်သည့်အရပ်မှရောက်လာကြသနည်း”ဟု သင့်စိတ်ထဲ၌ တွေးလိမ့်မည်။