သင်တို့သည် စိတ်ဆန္ဒအပြည့်အဝဖြင့် နာခံကြလျှင် မြေကြီး၏အကောင်းဆုံးသောအရာကို စားရမည်။
ယေရမိ 7:5 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့၏အပြုအမူအကျင့်အကြံတို့ကို အမှန်ပြုပြင်လျှင်၊ သင်တို့သည် အိမ်နီးချင်းအချင်းချင်းကြား တရားမျှတစွာစီရင်လျှင်၊ Common Language Bible ``သင်တို့နေထိုင်မှုတို့ကိုပြုပြင်ပြောင်းလဲ စေကြလော့။ ယခုပြုသောအကျင့်တို့ကို မပြုတော့နှင့်။ သင်တို့အချင်းချင်းဆက်ဆံ ရာတွင်တရားမျှတမှုရှိစေကြလော့။- Garrad Bible သင် တို့ သည် အ လေ့ အ လာ အ ကျင့် အ ကြံ များ ကို ပြင် ဆင် ပြု ပြင် လျှင် လည်း ကောင်း၊ တ ရား ဖက် တို့ အ မှု ကို တ ရား သ ဖြင့် စီ ရင် လျှင် လည်း ကောင်း၊ Judson Bible သင်တို့ဘာသာဓလေ့နှင့် သင်တို့အကျင့်များတို့ကို စုံလင်စွာ ပြုပြင်လျှင်လည်းကောင်း၊ အမှုသည်ချင်းတို့ကို သေချာစွာ တရားသဖြင့် စီရင်လျှင်လည်းကောင်း၊ |
သင်တို့သည် စိတ်ဆန္ဒအပြည့်အဝဖြင့် နာခံကြလျှင် မြေကြီး၏အကောင်းဆုံးသောအရာကို စားရမည်။
သူတို့က “အကြံဉာဏ်ပေးပါ။ ဆုံးဖြတ်ပေးပါ။ မွန်းတည့်ချိန်မှာ သင့်အရိပ်ကိုညကဲ့သို့ ဖြစ်စေပါ။ နှင်ထုတ်ခံရသောသူတို့ကို ဝှက်ထားပါ။ ထွက်ပြေးသောသူတို့ကို မဖော်ထုတ်ပါနှင့်။
ထာဝရဘုရားက “အို ဒါဝိဒ်အမျိုးအနွယ်တို့၊ နံနက်တိုင်း တရားသဖြင့်စစ်ကြောစီရင်ကြလော့။ နှိပ်စက်ခံရသူကို နှိပ်စက်သောသူ၏လက်မှ ကယ်နုတ်လော့။ သို့မဟုတ်လျှင် သင်တို့၏ဆိုးညစ်သောလုပ်ရပ်ကြောင့် ငါ့အမျက်သည် မည်သူမျှမငြှိမ်းနိုင်အောင် မီးကဲ့သို့တောက်လောင်လိမ့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “သစ်ကတိုးနန်းတော်တွင်စံမြန်းရသောကြောင့် သင်ဘုရင်ဖြစ်သည်ဟု သင်ထင်သလော။ သင်၏ဖခင်လည်း စားသောက်ခဲ့ရသည်မဟုတ်လော။ သူသည် တရားမျှတသောသူ၊ ဖြောင့်မတ်သောသူဖြစ်သောကြောင့် ကောင်းစားခဲ့သည်မဟုတ်လော။
ထာဝရဘုရားက တရားမျှတစွာ၊ ဖြောင့်မတ်စွာပြုကြလော့။ နှိပ်စက်ခံရသူကို နှိပ်စက်သူ၏လက်မှကယ်နုတ်လော့။ တိုင်းတစ်ပါးသား၊ ဖတဆိုး၊ မုဆိုးမတို့ကို နိုင်ထက်စီးနင်းမပြုနှင့်။ အကြမ်းမဖက်နှင့်။ ဤအရပ်၌ အပြစ်မဲ့သောသူကို မသတ်နှင့်။
ထို့ကြောင့် ယခု သင်တို့၏အပြုအမူအကျင့်အကြံတို့ကို ပြုပြင်ကြလော့။ ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ သို့ပြုလျှင် ထာဝရဘုရားသည် သင်တို့အပေါ် ဘေးအန္တရာယ်ကျရောက်စေမည်ဟု မိန့်တော်မူခဲ့ရာမှ စိတ်ပြောင်းလဲတော်မူမည်။
အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “သင်တို့၏အပြုအမူအကျင့်အကြံတို့ကို ပြုပြင်ကြလော့။ သို့ပြုလျှင် ငါသည် သင်တို့ကို ဤအရပ်၌ နေထိုင်စေမည်။
ဆင်းရဲသားကိုမဖိနှိပ်၊ သူတို့ထံမှ အတိုးအမြတ်မယူ၊ ငါ၏စီရင်ထုံးဖွဲ့ချက်များကို စောင့်ထိန်း၍ ငါ၏ပြဋ္ဌာန်းချက်တို့ကိုလိုက်လျှောက်လျှင် သူသည် မိမိဖခင်၏အပြစ်ကြောင့် သေရမည်မဟုတ်။ အမှန်ပင် အသက်ချမ်းသာရာရလိမ့်မည်။
အတိုးဖြင့်မချေးငှား၊ အမြတ်မယူ၊ မတရားမှုကိုရှောင်ကြဉ်လျက် အမှုဖြစ်ပွားသောလူနှစ်ဦးကြားတွင် မျှတစွာစီရင်လျှင်၊
အချင်းချင်း နိုင်ထက်စီးနင်းမပြုရ။ သင်၏ဘုရားသခင်ကို သင်ကြောက်ရွံ့ရမည်။ အကြောင်းမူကား ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
ဂျေရုဆလင်မြို့နှင့် အနီးဝန်းကျင်ရှိမြို့ရွာများ၌ လူအများစိုးရိမ်ကြောင့်ကြမှုကင်းစွာနေထိုင်ကြရစဉ်က၊ နေဂေ့အရပ်နှင့်မြေနိမ့်ဒေသတွင် လူသူနေထိုင်သေးစဉ်က ထာဝရဘုရားသည် ရှေးပရောဖက်တို့မှတစ်ဆင့် ဤစကားတို့ကိုမိန့်တော်မူခဲ့ရသည် မဟုတ်လော’ဟူ၍ ပြောကြားလော့”ဟု မိန့်ဆို၏။
စစ်သူရဲတို့ကလည်း ယာဗက်ဂိလဒ်မြို့ရှိ ယောက်ျားနှင့်မဆက်ဆံသေးသော အပျိုကညာမိန်းကလေးအယောက်လေးရာကို ခါနာန်ပြည်၊ ရှိလောတပ်စခန်းသို့ ခေါ်ဆောင်လာကြ၏။