သူတို့၏သားသမီးတို့ကို မီးရှို့ပူဇော်ကြ၏။ ဂမ္ဘီရအတတ်၊ ဟူးရားအတတ်တို့ကို ဆည်းပူးကြ၏။ မကောင်းမှုပြုရန် ကိုယ့်ကိုယ်ကိုယ်ရောင်းစားခြင်းဖြင့် ထာဝရဘုရားကို အမျက်ထွက်စေကြ၏။
ယေရမိ 7:31 - မြန်မာ့စံမီသမ္မာကျမ်း ငါမမိန့်မှာခဲ့၊ စိတ်ပင်မကူးခဲ့ဘဲလျက် သူတို့သည် သားသမီးများကို မီးရှို့ပူဇော်ရန် ဗင်ဟိန္နုံချိုင့်ဝှမ်းရှိ တောဖက်ဟူသောနေရာတွင် အထွတ်အမြတ်ထားရာကုန်းမြင့်များကို တည်ကြပြီ”ဟု မိန့်တော်မူ၏။ Common Language Bible သူတို့သည်မိမိတို့၏သားသမီးများအား မီးရှို့ပူဇော်နိုင်ရန် ဟိန္နုံချိုင့်ဝှမ်းတွင်တောဖက် နာမည်တွင်သောယဇ်ပလ္လင်ကိုတည်ဆောက်ကြ လေပြီ။ ထိုအမှုကိုပြုရန်သူတို့အားငါ မစေခိုင်းခဲ့၊ စိတ်ပင်မကူးခဲ့။- Garrad Bible မိန့် မှာ ခြင်း၊ နှ လုံး သွင်း ခြင်း ကို ငါ မ ပြု ဘဲ လျက်၊ သား သ မီး များ ကို မီး ဖြင့် ဆက် ကြ ရ အံ့ သော ငှာ၊ ဟိ န္နုံ ချိုင့် ရှိ တော ဖက် အ ရပ် ၌၊ မြင့် ရာ ဌာ န များ ကို တည် လုပ် ခဲ့ ကြ ပြီ ဟု၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို ၏။ Judson Bible ငါမမှာထား၊ ငါအလျှင်းအလိုမရှိသော်လည်း၊ သူတို့သားသမီးများကို မီးရှို့ခြင်းငှာ ဟိန္နုံသား၏ချိုင့်၌ရှိသော တောဖက်ကုန်းတို့ကို တည်ကြပြီ။ |
သူတို့၏သားသမီးတို့ကို မီးရှို့ပူဇော်ကြ၏။ ဂမ္ဘီရအတတ်၊ ဟူးရားအတတ်တို့ကို ဆည်းပူးကြ၏။ မကောင်းမှုပြုရန် ကိုယ့်ကိုယ်ကိုယ်ရောင်းစားခြင်းဖြင့် ထာဝရဘုရားကို အမျက်ထွက်စေကြ၏။
ရှင်ဘုရင်သည် ဗင်ဟိန္နုံချိုင့်ဝှမ်းရှိတောဖက်အရပ်ကိုလည်း မစင်ကြယ်အောင် လုပ်လိုက်သဖြင့် ထိုနေရာတွင် မည်သူမျှ မိမိသားသမီးကို မောလုတ်ဘုရားထံ မီးရှို့ပူဇော်၍မရတော့ချေ။
အထွတ်အမြတ်ထားရာကုန်းမြင့်များတွင် အမှုဆောင်သောယဇ်ပုရောဟိတ်အားလုံးကို ယဇ်ပလ္လင်ပေါ်တွင် ကွပ်မျက်ပြီး သူတို့အပေါ် လူသေအရိုးတို့ကိုတင်၍ မီးရှို့ပစ်၏။ ထို့နောက်မှ ဂျေရုဆလင်မြို့သို့ ပြန်သွားလေ၏။
သူသည် ဗင်ဟိန္နုံချိုင့်ဝှမ်းတွင် နံ့သာပေါင်းကိုမီးရှို့ပူဇော်၏။ အစ္စရေးအမျိုးသားတို့ရှေ့မှ ထာဝရဘုရားနှင်ထုတ်တော်မူသောလူမျိုးခြားတို့၏စက်ဆုပ်ရွံရှာဖွယ်ဓလေ့များအတိုင်း ကိုယ့်သားများကိုပင် မီးရှို့ပူဇော်ခဲ့၏။
ဗင်ဟိန္နုံချိုင့်ဝှမ်းတွင် မိမိသားတို့ကိုလည်း မီးရှို့ပူဇော်၏။ ဗေဒင်အတတ်၊ ဟူးရားအတတ်၊ မှော်အတတ်တို့ကို လိုက်စားသည်သာမက နတ်ဝင်သည်၊ နတ်ထိန်းသည်တို့အား မေးမြန်းသောအလေ့အထကိုလည်း ကျင့်သုံး၏။ ဤသို့မကောင်းမှုများကိုပြုလျက် ထာဝရဘုရားကို အမျက်ထွက်စေ၏။
အကယ်စင်စစ် တောဖက်အရပ်ကို ရှေးယခင်ကပင် ပြင်ဆင်ထားလေပြီ။ ထိုအရပ်ကို ရှင်ဘုရင်အတွက် အဆင်သင့်ဖြစ်စေပြီ။ ထိုအရပ်သည် နက်၍ကျယ်ဝန်းပြီး မီးရှို့ရန်ထင်းအမြောက်အမြားပုံထား၏။ ထာဝရဘုရား၏ထွက်သက်လေသည် ကန့်ရည်စီးကြောင်းကဲ့သို့ထွက်လာ၍ ထိုအရပ်ကို မီးစွဲလောင်စေမည်။
ဝက်သစ်ချပင်တို့ကြား၊ စိမ်းလန်းသောသစ်ပင်ရှိသမျှတို့အောက်တွင် ရမ္မက်မီးတောက်လောင်သောသူများ၊ လျှိုမြောင်ရှိ ကျောက်တောင်အက်ကွဲကြောင်းများတွင် သားသမီးများကို သတ်ဖြတ်ပူဇော်သောသူများ ဖြစ်ကြသည်မဟုတ်လော။
အိုးခြမ်းပဲ့တံခါးနားရှိ ဗင်ဟိန္နုံချိုင့်ဝှမ်းသို့သွား၍ သင့်အား ငါမိန့်မှာသောစကားတို့ကို ထိုအရပ်၌ကြွေးကြော်လော့။
“သင်က ‘ငါသည် မညစ်ညူး၊ ဗာလဘုရားတို့နောက်သို့မလိုက်’ဟု မည်သို့ဆိုနိုင်သနည်း။ ချိုင့်ဝှမ်းထဲ၌ သင်ပြုခဲ့သောအမှုကို ကြည့်လော့။ သင်ပြုခဲ့သောအရာကို သိမှတ်လော့။ သင်သည် လမ်းပေါ်၌ဟိုဟိုသည်သည်ပြေးလွှားသည့် လျင်မြန်သောကုလားအုတ်မပါတကား။
ငါ့နာမဖြင့်ခေါ်ဝေါ်သော ငါ့အိမ်တော်၌ ရွံရှာဖွယ်ရာများကိုထားရှိခြင်းဖြင့် ငါ့အိမ်တော်ကို ညစ်ညူးစေကြပြီ။
ငါမမိန့်မှာခဲ့၊ စိတ်ပင်မကူးခဲ့ဘဲလျက် ရွံရှာဖွယ်အမှုဖြစ်သည့် ဗင်ဟိန္နုံချိုင့်ဝှမ်း၌ ဗာလကုန်းမြင့်ကိုတည်ခြင်း၊ သူတို့၏သားသမီးများကို မောလုတ်ဘုရားအားပူဇော်ခြင်းကို ပြုကြ၏။ ဤသို့ဖြင့် ယုဒအမျိုးတို့ကို အပြစ်ဖြစ်စေကြပြီ’ဟု မိန့်တော်မူ၏။
‘သင်သည် ပြည့်တန်ဆာပြုခြင်းဖြင့် မလုံလောက်သေး။ သင်မွေးလာသောသားသမီးတို့ကိုယူ၍ ထိုရုပ်တုတို့အား အစာအဖြစ် ပူဇော်၏။
သူတို့၏ပူဇော်သက္ကာဖြစ်သည့် သားဦးတိုင်းကို မီးရှို့ပူဇော်ခြင်းဖြင့် ငါသည် သူတို့ကို ညစ်ညူးစေ၍ သူတို့ကို ငါဖျက်ဆီးသောအခါမှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိရမည်။
ဘုရားရှင်ထာဝရဘုရားက ‘အို အစ္စရေးအမျိုးအနွယ်တို့၊ သင်တို့သည် ယနေ့တိုင်အောင် ပူဇော်သက္ကာများအဖြစ် ကိုယ့်သားတို့ကို မီးရှို့ပူဇော်လျက်၊ ရုပ်တုရှိသမျှတို့နောက်သို့လိုက်၍ ကိုယ်ကိုညစ်ညူးစေလျက်နှင့်ပင် သင်တို့မေးလျှောက်သည်ကို ငါခွင့်ပြုရမည်လော။ စင်စစ် ငါအသက်ရှင်သည်နှင့်အညီ သင်တို့ကို ငါ့ထံမေးလျှောက်ခွင့်မပေး။
သင်၏သားမြေးတို့ကို မောလုတ်ဘုရားအားပူဇော်ရန် မပေးရ။ သင့်ဘုရားသခင်၏နာမတော်ကို မရှုတ်ချရ။ ငါသည် ထာဝရဘုရားဖြစ်၏။
ထာဝရဘုရားသည် သိုးထီးတစ်ထောင်၊ ဆီမြစ်တစ်သောင်းကို နှစ်သက်တော်မူမည်လော။ ငါကျူးလွန်သောအပြစ်အတွက် ငါ၏သားဦးကိုလည်းကောင်း၊ ငါ့စိတ်ထဲ၌ ပြုသောအပြစ်အတွက် ငါ၏ရင်သွေးကိုလည်းကောင်း ပူဇော်ရမည်လော။
ထိုလူမျိုးသည် ထာဝရဘုရားမုန်းတော်မူသည့် စက်ဆုပ်ရွံရှာဖွယ်ရှိသမျှတို့ကို မိမိတို့ဘုရားများအတွက် ပြုကြ၏။ စင်စစ် သူတို့သည် မိမိတို့၏သားသမီးများကိုပင် သူတို့၏ဘုရားများအတွက် မီးရှို့ကြ၏။ သူတို့ပြုသကဲ့သို့ သင်၏ဘုရားသခင်ထာဝရဘုရားအတွက် မပြုရ။
မပျပ်ဝပ်မကိုးကွယ်ရဟု ငါတားမြစ်ထားသောအခြားဘုရားများနှင့် နေ၊ လ၊ ကောင်းကင်တန်ဆာတစ်ခုခုကို သွား၍ပျပ်ဝပ်ကိုးကွယ်ကြောင်း တွေ့ရှိ၍
သင်တို့တွင် သားသမီးကို မီးဖြင့်ပူဇော်သောသူ၊ ဂမ္ဘီရအတတ်ကိုသုံးသောသူ၊ ဗေဒင်အတတ်ကိုသုံးသောသူ၊ နိမိတ်ဖတ်သောသူ၊ မှော်အတတ်ကိုသုံးသောသူ၊
တစ်ဖန် နယ်နိမိတ်သည် ဗင်ဟိန္နုံချိုင့်ဝှမ်းမှ ဂျေရုဆလင် ခေါ် ယေဗုသိမြို့တောင်ဘက်ရှိ တောင်စောင်းတစ်လျှောက် တက်သွား၏။ ထိုမှ နယ်နိမိတ်သည် ရေဖိမ်ချိုင့်ဝှမ်း၏မြောက်ဘက်အဆုံးရှိ ဟိန္နုံချိုင့်ဝှမ်း၏အနောက်ဘက်နှင့်မျက်နှာချင်းဆိုင်သော တောင်ထိပ်အထိ တက်သွား၏။