ယေရမိ 7:32 - မြန်မာ့စံမီသမ္မာကျမ်း32 သို့ဖြစ်၍ ထာဝရဘုရားက “ထိုအရပ်ကို တောဖက်အရပ်ဟူ၍လည်းကောင်း၊ ဟိန္နုံချိုင့်ဝှမ်းဟူ၍လည်းကောင်း မခေါ်တော့ဘဲ ကွပ်မျက်ရာချိုင့်ဝှမ်းဟု ခေါ်ရသောနေ့ရက်ရောက်လာလိမ့်မည်။ အကြောင်းမူကား တောဖက်အရပ်၌ နေရာလပ်မရှိတော့သည့်တိုင်အောင် လူသေကောင်များ များပြားလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible32 သို့ဖြစ်၍ထိုချိုင့်ဝှမ်းသည်တောဖက်ဟူ၍ သော်လည်းကောင်း၊ ဟိန္နုံဟူ၍သော်လည်းကောင်း နာမည်မတွင်တော့မည့်နေ့ရက်ကာလကျ ရောက်လာလိမ့်မည်။ လူသေတို့ကိုသင်္ဂြိုဟ်ရန် နေရာမရှိတော့သည့်တိုင်အောင် ထိုချိုင့်ဝှမ်း တွင်သင်္ဂြိုဟ်ရသောကြောင့် ထိုချိုင့်ဝှမ်းကိုကွပ် မျက်ရာချိုင့်ဟုခေါ်ဝေါ်သမုတ်ကြလိမ့် မည်ဟုထာဝရဘုရားမိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible32 သို့ ဖြစ်၍၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ တော ဖက် အ ရပ် ဟူ ၍ လည်း ကောင်း၊ ဟိ န္နုံ ချိုင့် ဟူ ၍ လည်း ကောင်း၊ နောင် ခေါ် ရ တော့ မည် မ ဟုတ်။ နေ ရာ လပ် မ ရှိ သည့် တိုင် အောင်၊ တော ဖက် အ ရပ်၌ သင်္ဂြိုဟ် ခြင်း ပြု ရ သည့် အ လျောက်၊ လုပ် ကြံ ရာ ချိုင့် ဟု ခေါ် ဝေါ် သော နေ့ ရက် ကာ လ ရောက် တော့ မည်။ အခန်းကိုကြည့်ပါ။Judson Bible32 သို့ဖြစ်၍၊ ထာဝရဘုရားမိန့်တော်မူသည်ကား၊ ထိုချိုင့်ကိုတောဖက်ချိုင့်ဟူ၍ မခေါ်၊ ဟိန္နုံသား၏ချိုင့်ဟူ၍ မခေါ်၊ ကွပ်မျက်ရာချိုင့်ဟူ၍ခေါ်ရသော အချိန်ကာလရောက်လိမ့်မည်။ တောဘက်၌ မြေလွတ်မရှိသည်တိုင်အောင် သင်္ဂြိုဟ်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သူတို့သည် ခေါင်မိုးများပေါ်တွင် ကောင်းကင်တန်ဆာရှိသမျှအား နံ့သာပေါင်းမီးရှို့ပူဇော်၏။ အခြားသောဘုရားများရှေ့တွင် သွန်းလောင်းရာပူဇော်သက္ကာကိုပူဇော်၏။ ထို့ကြောင့် ဂျေရုဆလင်မြို့ရှိအိမ်များ၊ ယုဒဘုရင်တို့၏နန်းတော်များသည် တောဖက်အရပ်ကဲ့သို့ ညစ်ညူးလိမ့်မည်ဟု မိန့်တော်မူပြီ’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။