ထို့ကြောင့် သင်သည် ဤစကားအလုံးစုံတို့ကို သူတို့အား ပြောပြရမည်။ သို့သော် သူတို့နားထောင်မည်မဟုတ်။ သင်ခေါ်သော်လည်း သူတို့ထူးမည်မဟုတ်။
``သို့ဖြစ်၍အချင်းယေရမိ၊ သင်သည်ဤ စကားများကိုသူတို့အားပြောကြားသော် လည်း သူတို့နားထောင်ကြလိမ့်မည်မဟုတ်။ သင်သည်သူတို့အားခေါ်သော်လည်း သူတို့ ထူးကြလိမ့်မည်မဟုတ်။-
ထို အ ချက် ရှိ သ မျှ ကို သင် ဆင့် ဆို သော် လည်း၊ သူ တို့ နား မ ထောင်၊ သင် ခေါ် သော် လည်း၊ သူ တို့ မ ထူး ဘဲ နေ ကြ မည် ဖြစ်၍၊
သင်သည် ဤစကားအလုံးစုံကို သူတို့အား ပြောသော်လည်း၊ သူတို့သည် နားမထောင်ကြ။ ခေါ်သော်လည်း မထူးကြ။
ငါလာသောအခါ အဘယ်ကြောင့် လူတစ်ယောက်မျှမရှိသနည်း။ ငါခေါ်သောအခါ အဘယ်ကြောင့် ထူးသောသူမရှိသနည်း။ ငါ့လက်သည် မရွေးနုတ်နိုင်လောက်အောင် တိုလွန်းသလော။ ငါ၌ ကယ်တင်နိုင်သောတန်ခိုးမရှိသလော။ ငါဆုံးမသဖြင့် ပင်လယ်သည် ခန်းခြောက်၏။ ငါသည် မြစ်တို့ကို တောကန္တာရဖြစ်စေ၍ ငါးတို့သည် ရေမရှိသောကြောင့် အပုပ်နံ့ထွက်ကြ၏။ ရေငတ်၍သေကြ၏။
ဓားဘေးကို ငါစီမံထားပြီ။ သင်တို့အားလုံးသည် သတ်ဖြတ်သူရှေ့၌ လည်စင်းပေးရလိမ့်မည်။ အကြောင်းမူကား ငါခေါ်သောအခါ သင်တို့မထူး။ ငါမိန့်သောအခါ သင်တို့နားမထောင်။ ငါ့မျက်မှောက်၌ မကောင်းမှုကိုပြု၍ ငါမနှစ်သက်သောအရာကို သင်တို့ရွေးချယ်သောကြောင့်ဖြစ်၏”ဟု မိန့်တော်မူ၏။
သင့်ကိုကယ်နုတ်ရန် သင်နှင့်အတူ ငါရှိမည်ဖြစ်၍ သူတို့သည် သင့်ကိုတိုက်ခိုက်သော်လည်း နိုင်လိမ့်မည်မဟုတ်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သို့သော် ထာဝရဘုရားက ငါ့အား “ ‘အကျွန်ုပ်သည် သူငယ်သာဖြစ်ပါသည်’ဟု မဆိုနှင့်။ သင့်ကိုငါစေလွှတ်သော လူအပေါင်းတို့ထံသို့ သင်သွားရမည်။ ငါမိန့်မှာသောစကားအလုံးစုံတို့ကို သင်ပြောကြားရမည်။
ထာဝရဘုရားက “ထာဝရဘုရား၏အိမ်တော်ဝင်း၌ရပ်၍ ထာဝရဘုရား၏အိမ်တော်သို့ လာရောက်ရှိခိုးကိုးကွယ်ကြသော ယုဒပြည်သူပြည်သားအားလုံးတို့အား ငါမိန့်မှာထားသောစကားရှိသမျှတို့ကို ဆင့်ဆိုလော့။ စကားတစ်ခွန်းကိုမျှ မချန်ထားနှင့်။
ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ငါခေါ်သောအခါ သူတို့မထူးသကဲ့သို့ သူတို့ခေါ်သောအခါ၌လည်း ငါမထူး’ဟု မိန့်တော်မူ၏။
အကြောင်းမူကား ငါသည် တွန့်ဆုတ်ခြင်းမရှိဘဲ ဘုရားသခင်၏အကြံအစည်တော်ကို သင်တို့အား အကုန်အစင်ဖော်ပြခဲ့ပြီ။