ယေရမိ 7:27 - Common Language Bible27 ``သို့ဖြစ်၍အချင်းယေရမိ၊ သင်သည်ဤ စကားများကိုသူတို့အားပြောကြားသော် လည်း သူတို့နားထောင်ကြလိမ့်မည်မဟုတ်။ သင်သည်သူတို့အားခေါ်သော်လည်း သူတို့ ထူးကြလိမ့်မည်မဟုတ်။- အခန်းကိုကြည့်ပါ။Garrad Bible27 ထို အ ချက် ရှိ သ မျှ ကို သင် ဆင့် ဆို သော် လည်း၊ သူ တို့ နား မ ထောင်၊ သင် ခေါ် သော် လည်း၊ သူ တို့ မ ထူး ဘဲ နေ ကြ မည် ဖြစ်၍၊ အခန်းကိုကြည့်ပါ။Judson Bible27 သင်သည် ဤစကားအလုံးစုံကို သူတို့အား ပြောသော်လည်း၊ သူတို့သည် နားမထောင်ကြ။ ခေါ်သော်လည်း မထူးကြ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 ထို့ကြောင့် သင်သည် ဤစကားအလုံးစုံတို့ကို သူတို့အား ပြောပြရမည်။ သို့သော် သူတို့နားထောင်မည်မဟုတ်။ သင်ခေါ်သော်လည်း သူတို့ထူးမည်မဟုတ်။ အခန်းကိုကြည့်ပါ။ |
``ငါသည်မိမိ၏လူမျိုးတော်အားကယ်ရန် လာစဉ်အခါက၊ အဘယ်ကြောင့်သူတို့သည်ငါ့အားတုံ့ပြန် ဖြေကြားမှုမပြုကြပါသနည်း။ ငါခေါ်သောအခါအဘယ်ကြောင့်မထူးကြ ပါသနည်း။ ငါသည်သူတို့ကိုကယ်နိုင်စွမ်းမရှိအောင်ပင် အားအင်ချည့်နဲ့၍နေပါသလော။ ပင်လယ်ကိုအမိန့်ပေး၍ငါခန်းခြောက်စေနိုင်၏။ မြစ်များကိုသဲကန္တာရအဖြစ်သို့ပြောင်းလဲစေနိုင်၏။ ထိုမြစ်တို့တွင်ရေမရှိသဖြင့်ငါးများ သေကြကုန်၏။