ယနေ့တွင် နောဗမြို့၌ရပ်နားကြ၏။ ဇိအုန်သမီး၏တောင်ဖြစ်သော ဂျေရုဆလင်တောင်ကုန်းကို လက်သီးထောင်ပြကြ၏။
ယေရမိ 6:23 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် လေးနှင့်လှံကိုစွဲကိုင်သောလူမျိုး၊ ရက်စက်ကြမ်းကြုတ်သောလူမျိုး၊ ကရုဏာကင်းသောလူမျိုးဖြစ်၏။ သူတို့၏အသံသည် သမုဒ္ဒရာမြည်ဟိန်းသံကဲ့သို့ဖြစ်၏။ အို ဇိအုန်သမီးပျို၊ ထိုသူတို့သည် မြင်းကိုစီး၍ စစ်သူရဲကဲ့သို့စစ်ခင်းကျင်းပြီး သင့်ကိုလာတိုက်နေပြီ”ဟု မိန့်တော်မူ၏။ Common Language Bible သူတို့သည်လေးများ၊ လှံများကိုစွဲကိုင်ကြ လေပြီ။ သူတို့သည်ရက်စက်ကြမ်းကြုတ်၍ သနားကရုဏာကင်းမဲ့သူများဖြစ်ကြ၏။ မြင်းများကိုစီး၍လာချိန်၌သူတို့၏အသံ သည်ပင်လယ်မြည်ဟည်းသံနှင့်တူ၏။ သူတို့ သည်ဇိအုန်မြို့ကိုတိုက်ခိုက်ရန်အသင့်ရှိ လေပြီ။'' Garrad Bible ရက် စက် သော သ ဘော၊ က ရု ဏာ ကင်း သော သ ဘော ရှိ သည့် အ လျောက်၊ လေး၊ လှံ လက် နက် စွဲ ကိုင် လျက်၊ လှိုင်း တံ ပိုး သံ သ ဖွယ် မြင်း အ လုံး အ ရင်း စီး လာ ကြ ရာ၊ သ တို့ သ မီး ဇိ အုန် ဖြစ် သော သင့် ကို စစ် တိုက် ကြ ရန်၊ သူ ရဲ ကောင်း ဘာ ဝ၊ အ သီး အ သီး တို့ ခင်း ကျင်း ကြ သည် တ ကား ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ Judson Bible လေးနှင့်လှံတို့ကို လက်စွဲကြ၏။ ကြမ်းကြုတ်သောအမျိုးဖြစ်၍၊ သနားခြင်းကရုဏာ မရှိ။ သူတို့စကားသံသည် သမုဒ္ဒရာမြည်သံကဲ့သို့ ဟုန်းတတ်၏။ အို ဇိအုန်သတို့သမီး၊ စစ်သူရဲကဲ့သို့ တပ်ခင်းကျင်းလျက် မြင်းစီး၍၊ သင်ရှိရာသို့ ချီလာကြလိမ့်မည်။ |
ယနေ့တွင် နောဗမြို့၌ရပ်နားကြ၏။ ဇိအုန်သမီး၏တောင်ဖြစ်သော ဂျေရုဆလင်တောင်ကုန်းကို လက်သီးထောင်ပြကြ၏။
သူတို့သည် လူငယ်တို့ကို လေးဖြင့်ဖြိုခွင်းကြလိမ့်မည်။ ရင်သွေးငယ်တို့ကို မသနား။ ကလေးငယ်တို့အပေါ် ညှာတာသောအကြည့်မရှိ။
အလို၊ လူမျိုးများစွာတို့၏မြည်ဟိန်းသံပါတကား။ သူတို့သည် သမုဒ္ဒရာမြည်ဟိန်းသကဲ့သို့ မြည်ဟိန်းကြ၏။ အလို၊ လူတို့၏မြည်ဟည်းသံပါတကား။ သူတို့သည် ရေလုံးကြီး၏မြည်ဟည်းသံကဲ့သို့ မြည်ဟည်းကြ၏။
အီဂျစ်ပြည်သားတို့ကို ကြမ်းကြုတ်သောသခင်တို့၏လက်သို့ ငါအပ်မည်။ ခက်ထန်သောဘုရင်သည် သူတို့ကိုအုပ်စိုးလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား မိန့်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ဘေးအန္တရာယ်သည် လူမျိုးတစ်မျိုးမှတစ်မျိုးသို့ ရောက်သွားမည်။ ပြင်းထန်သောမုန်တိုင်းသည် မြေကြီးစွန်းမှ တိုက်ခတ်လာမည်။
ကြည့်ရှုလော့။ မြောက်အရပ်မှ လူမျိုးအပေါင်းတို့နှင့်တကွ ငါ့အစေအပါး ဘေဘီလုံဘုရင်နေဗုခဒ်နေဇာကို ဆင့်ခေါ်ပြီး ဤပြည်နှင့်ပြည်သူပြည်သားများမှစ၍ ပတ်ပတ်လည်ရှိတိုင်းနိုင်ငံအားလုံးကို ဝင်ရောက်တိုက်ခိုက်ရန် ငါစေလွှတ်မည်။ ငါသည် သူတို့ကို လုံးလုံးဖျက်ဆီးမည်။ ထိတ်လန့်စရာ၊ ကဲ့ရဲ့ပြစ်တင်စရာ၊ ထာဝရပျက်စီးရာ ဖြစ်စေမည်’ဟု မိန့်တော်မူ၏။
သင့်ကိုချစ်ခင်သောသူအပေါင်းတို့သည် သင့်ကိုမေ့လျော့ကြပြီ။ သင့်ကို ဂရုမစိုက်ကြ။ အကြောင်းမူကား သင်၏အပြစ်များပြား၍ သင်၏ဒုစရိုက်ကြီးမားသောကြောင့် ရန်သူ၏တိုက်ခိုက်ခြင်းအားဖြင့်လည်းကောင်း၊ ကြမ်းကြုတ်သောသူ၏ဆုံးမခြင်းအားဖြင့်လည်းကောင်း သင့်ကို ငါဒဏ်ခတ်လေပြီ။
ကြည့်ရှုလော့။ ဖျက်ဆီးသောသူသည် မိုးတိမ်ကဲ့သို့တက်လာမည်။ သူ၏စစ်ရထားသည် လေပွေကဲ့သို့ ဖြစ်မည်။ သူ၏မြင်းတို့သည် လင်းယုန်ထက်လျင်မြန်၏။ ငါတို့၌ အမင်္ဂလာရှိ၏။ ငါတို့သည် ဖျက်ဆီးခြင်းခံကြရပြီ။
“လူမျိုးတကာတို့အား အသိပေးလော့။ ဂျေရုဆလင်မြို့ကို ကြားသိစေလော့။ မြို့ကိုဝိုင်းထားမည့်သူတို့သည် ဝေးသောပြည်မှလာနေပြီ။ ယုဒပြည်ရှိမြို့များကို စစ်ငြာသံပေးကြပြီ။
မြင်းသည်တော်၊ လေးသည်တော်တို့၏အသံကြောင့် မြို့သားအားလုံး ထွက်ပြေးကြ၏။ သူတို့သည် တောနက်ထဲသို့ဝင်၍ ကျောက်ဆောင်များပေါ်သို့တက်ကြ၏။ မြို့ရှိသမျှတို့သည် စွန့်ပစ်ခြင်းကိုခံရ၍ နေထိုင်သူတစ်ယောက်မျှမရှိပေ။
သူတို့၏မြားကျည်တောက်သည် ပွင့်နေသောသင်္ချိုင်းဂူကဲ့သို့ဖြစ်၏။ သူတို့အားလုံးသည် ခွန်အားကြီးသောသူများဖြစ်ကြ၏။
ကြည့်ရှုလော့။ မြောက်အရပ်မှ လူမျိုးတစ်မျိုးရောက်လာပြီ။ မြေကြီးစွန်းမှ လူမျိုးကြီးနှင့် ကြီးမြတ်သောရှင်ဘုရင်တို့ ထကြွကြပြီ။
သူတို့သည် လေးနှင့်လှံကိုစွဲကိုင်သောလူမျိုး၊ ရက်စက်ကြမ်းကြုတ်သောလူမျိုး၊ ကရုဏာကင်းသောလူမျိုးဖြစ်၏။ သူတို့မြင်းကိုစီး၍ စစ်ချီလာသောအသံသည် သမုဒ္ဒရာမြည်ဟိန်းသံကဲ့သို့ဖြစ်၏။ အို ဘေဘီလုံသမီးပျို၊ သူတို့သည် စစ်သူရဲကဲ့သို့စစ်ခင်းကျင်းပြီး သင့်ကိုလာတိုက်နေပြီ။
ဇိအုန်မြို့ကို စစ်တိုက်ရန် ပြင်ဆင်ကြ။ ထကြ။ မွန်းတည့်ချိန်၌ စစ်ချီကြစို့။ အလို ငါတို့ခက်ပြီ။ ညနေစောင်းပြီ။ နေဝင်တော့မည်။ နေ့အချိန်ကုန်လွန်ပြီ။
ဒန်ပြည်မှ မြင်းနှာမှုတ်သံကိုကြားရ၏။ စစ်မြင်းတို့၏ဟီသံကြောင့် တစ်ပြည်လုံးတုန်ခါလေ၏။ ရန်သူတို့သည် ရောက်လာ၍ ပြည်နှင့်ပြည်ထဲရှိအရာအားလုံးတို့ကိုလည်းကောင်း၊ မြို့နှင့်မြို့သူမြို့သားတို့ကိုလည်းကောင်း ဝါးမျိုလေပြီ။
ငါ့အမျက်ကို သင့်အပေါ်သွန်ချမည်။ ဒေါသမီးဖြင့် မှုတ်ထုတ်ပစ်မည်။ သင့်ကို ရက်စက်ကြမ်းကြုတ်သော အဖျက်သမားတို့လက်သို့အပ်မည်။
ထာဝရဘုရားသည် မြေကြီးစွန်းဝေးသောအရပ်မှ လူမျိုးတစ်မျိုးကို သင့်ထံသို့ခေါ်ဆောင်လာမည်။ ထိုလူမျိုးသည် လင်းယုန်ထိုးသုတ်သကဲ့သို့ သင့်ကို ထိုးသုတ်လိမ့်မည်။ သူတို့၏ဘာသာစကားကို သင်နားမလည်။