ထို့ပြင် ဟိရံသည် အင်တုံများ၊ ဂေါ်ပြားများ၊ ဇလုံများကိုလည်း သွန်းလုပ်၏။ ထိုသို့ ဟိရံသည် ရှောလမုန်မင်းကြီးအဖို့ ထာဝရဘုရား၏အိမ်တော်၌ လုပ်ဆောင်စရာရှိသမျှကို လုပ်ဆောင်ပြီးစီးသွား၏။
ယေရမိ 52:18 - မြန်မာ့စံမီသမ္မာကျမ်း အိုးများ၊ ဂေါ်ပြားများ၊ မီးညှပ်များ၊ ဇလုံများ၊ ခွက်များနှင့် အမှုတော်ဆောင်ရွက်ရာတွင်အသုံးပြုသည့် ကြေးနီတန်ဆာပလာရှိသမျှတို့ကိုလည်း ယူဆောင်သွားကြ၏။ Common Language Bible သူတို့သည်ယဇ်ပလ္လင်သန့်ရှင်းရေးအတွက် အသုံးပြုသည့်တူရွင်းပြားများ၊ ယဇ်ပလ္လင် ကိုသန့်ရှင်းမှုပြုရာ၌အသုံးပြုသည့် ပြာခွက်များ၊ မီးခွက်များတိုက်ချွတ်ပြင် ဆင်ရာတွင်အသုံးပြုသည့်တန်ဆာပလာ များ၊ ယဇ်ကောင်သွေးခံခွက်ဖလားများ၊ နံ့ သာပေါင်းကိုမီးရှို့ရာခွက်ဖလားများနှင့် ဗိမာန်တော်အတွင်း ကိုးကွယ်ဝတ်ပြုရာ တွင်အသုံးပြုသည့်အခြားကြေးဝါ ပစ္စည်းအသုံးအဆောင်များကိုလည်း ယူဆောင်သွားကြ၏။- Garrad Bible အိုး၊ ကော် ပြား၊ မီး ညှပ်၊ အင် တုံ၊ ခွက် မှ စ၍။ ဝတ် ပြု ရာ ကြေး အ သုံး အ ဆောင် များ ကို ယူ လျက်၊ Judson Bible အိုးကင်း၊ တူးရွင်းပြား၊ မီးညှပ်၊ အိုး၊ ဇွန်းမှစ၍ အမှုတော်ထမ်းစရာ၊ ကြေးဝါတန်ဆာရှိသမျှတို့ကိုလည်း ယူသွားကြ၏။ |
ထို့ပြင် ဟိရံသည် အင်တုံများ၊ ဂေါ်ပြားများ၊ ဇလုံများကိုလည်း သွန်းလုပ်၏။ ထိုသို့ ဟိရံသည် ရှောလမုန်မင်းကြီးအဖို့ ထာဝရဘုရား၏အိမ်တော်၌ လုပ်ဆောင်စရာရှိသမျှကို လုပ်ဆောင်ပြီးစီးသွား၏။
အိုးများ၊ ဂေါ်ပြားများ၊ ဇလုံများကိုလည်း သွန်းလုပ်၏။ ဤသို့ ဟုရံအဘိသည် ရှောလမုန်မင်းကြီးအဖို့ ထာဝရဘုရား၏အိမ်တော်အသုံးအဆောင်အားလုံးကို ပြောင်လက်နေသောကြေးနီများဖြင့် သွန်းလုပ်၏။
ခွက်များ၊ မီးညှပ်များ၊ ဇလုံများ၊ ဇွန်းများ၊ မီးကျီးခံဗန်းများကိုလည်း ရွှေစင်ဖြင့်သွန်းလုပ်၏။ အတွင်းဆုံးအခန်း အသန့်ရှင်းဆုံးဌာန၏တံခါးများနှင့် အိမ်တော်ပင်မဆောင်၏တံခါးများ၏ပတ္တာများကိုလည်း ရွှေဖြင့်သွန်းလုပ်၏။
ခက်ရင်းခွများ၊ ဇလုံများ၊ ကရားများအတွက် ရွှေစင်များ၊ ရွှေဖလားများအတွက် ရွှေဖလားတစ်ခုစီ၏အလေးချိန်အလိုက်လိုအပ်သောရွှေ၊ ငွေဖလားများအတွက် ဖလားတစ်ခုစီ၏အလေးချိန်အလိုက်လိုအပ်သောငွေ၊
ထို့ပြင် ဟုရံသည် အိုးများ၊ ဂေါ်ပြားများ၊ ဇလုံများကိုလည်း သွန်းလုပ်၏။ ထိုသို့ ဟုရံသည် ရှောလမုန်မင်းကြီးအဖို့ ဘုရားသခင်၏အိမ်တော်၌ လုပ်ဆောင်စရာတို့ကို လုပ်ဆောင်ပြီးစီးသွား၏။
အိုးများ၊ ဂေါ်ပြားများ၊ ခက်ရင်းခွများကိုလည်း သွန်းလုပ်၏။ ဤသို့ ဟုရံအဘိသည် ရှောလမုန်မင်းကြီးအဖို့ ထာဝရဘုရား၏အိမ်တော်အသုံးအဆောင်အားလုံးကို ပြောင်လက်နေသောကြေးနီများဖြင့် သွန်းလုပ်၏။
မီးညှပ်များ၊ ဇလုံများ၊ ဇွန်းများ၊ မီးကျီးခံဗန်းများကိုလည်း ရွှေစင်ဖြင့်သွန်းလုပ်၏။ အိမ်တော်တံခါး၊ အတွင်းဆုံးအခန်း အသန့်ရှင်းဆုံးဌာန၏တံခါးများနှင့် ဗိမာန်တော်ပင်မဆောင်၏တံခါးကိုလည်း ရွှေဖြင့်သွန်းလုပ်၏။
စားပွဲဆယ်လုံးကိုလည်း ပြုလုပ်ပြီး ဗိမာန်တော်အတွင်း ယာဘက်ခြမ်းတွင်ငါးလုံး၊ ဝဲဘက်ခြမ်းတွင်ငါးလုံး နေရာချထား၏။ ထို့ပြင် ရွှေဇလုံအလုံးတစ်ရာကိုလည်း ပြုလုပ်၏။
ရွှေဖလား အလုံးသုံးဆယ်၊ ငွေဖလားအမျိုးမျိုး အလုံးလေးရာ့တစ်ဆယ်၊ အခြားအသုံးအဆောင် အမျိုးတစ်ထောင်အပါအဝင်
ပူဇော်သက္ကာသွန်းလောင်းရာတွင်အသုံးပြုရန် စားပွဲအတွက် လင်ပန်းများ၊ ခွက်များ၊ ကရားများ၊ ပန်းကန်လုံးများကို ရွှေစင်ဖြင့်လုပ်ရမည်။
ယဇ်ပလ္လင်မှပြာကိုဖယ်ရှားရန်အတွက် အိုး၊ ဂေါ်ပြား၊ ဇလုံ၊ ခက်ရင်းခွ၊ မီးကျီးခံဗန်းတို့ကိုလည်း လုပ်ရမည်။ ယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှတို့ကို ကြေးနီဖြင့်လုပ်ရမည်။
ပူဇော်သက္ကာသွန်းလောင်းရာတွင်အသုံးပြုရန် လင်ပန်းများ၊ ခွက်များ၊ ပန်းကန်လုံးများ၊ ကရားများ စသည့်စားပွဲပေါ်တင်ထားရမည့်အသုံးအဆောင်များကို ရွှေစင်ဖြင့် လုပ်ထား၏။
ဆီမီးခုံရှိ မီးခွက်ခုနစ်လုံး၊ မီးညှပ်နှင့် မီးကျီးခံဗန်းတို့ကို ရွှေစင်ဖြင့် ထုလုပ်ထား၏။
အိုး၊ ဂေါ်ပြား၊ ဇလုံ၊ ခက်ရင်းခွ၊ မီးကျီးခံဗန်း စသည့်ယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှတို့ကို ကြေးနီဖြင့်လုပ်၏။
ထိုအဝတ်ပေါ်တွင် ယဇ်ပလ္လင်နှင့်ဆိုင်သောအမှုကိုဆောင်ရွက်ရာတွင် အသုံးပြုသည့် မီးကျီးခံဗန်း၊ ခက်ရင်းခွ၊ ဂေါ်ပြား၊ ဇလုံစသည့်ယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှတို့ကို တင်ရမည်။ ထိုအရာတို့ပေါ်၌ တဟာရှသားရေဖုံးကို ဖြန့်ခင်းပြီးလျှင် ယဇ်ပလ္လင်၏ထမ်းပိုးများကို လျှိုသွင်းရမည်။
ရှေ့တော်မုန့်စားပွဲပေါ်၌ အပြာရောင်အဝတ်ကိုဖြန့်ခင်း၍ ထိုအပေါ်၌ လင်ပန်းများ၊ ခွက်များ၊ ပန်းကန်လုံးများ၊ သွန်းလောင်းရာပူဇော်သက္ကာအတွက် ကရားများကို တင်ရမည်။ နေ့စဉ်တင်ရသောရှေ့တော်မုန့်ကိုလည်း စားပွဲပေါ်၌ ထားရှိရမည်။