အီဂျစ်ပြည်သို့ရောက်လျှင် မိဒျန်လူမျိုးတို့က ယောသပ်ကို ဖာရောမင်းကြီး၏မှူးမတ်ဖြစ်သည့် ကိုယ်ရံတော်မှူးပေါတိဖာထံ ရောင်းလိုက်ကြ၏။
ယေရမိ 52:12 - မြန်မာ့စံမီသမ္မာကျမ်း ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး နန်းစံတစ်ဆယ့်ကိုးနှစ်၊ ပဉ္စမလ၊ ဆယ်ရက်နေ့၌ ဘေဘီလုံဘုရင်ထံပါး၌ခစားသော ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ဂျေရုဆလင်မြို့သို့ ရောက်လာ၏။ Common Language Bible ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာနန်းစံတစ် ဆယ့်ကိုးနှစ်မြောက်၊ ပဉ္စမလဆယ်ရက်နေ့၌ မင်းကြီး၏အတိုင်ပင်ခံအမတ်နှင့်အစောင့် တပ်မတော်မှူးနေဗုဇရဒန်သည် ယေရုရှ လင်မြို့သို့ဝင်ရောက်လာ၏။- Garrad Bible ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း နန်း စံ ဆယ့် ကိုး နှစ်၊ ပ ဥ္စ မ လ၊ ဆယ် ရက် တွင်၊ ဗာ ဗု လုန် ဘု ရင်၏ အ ပါး တော် ထမ်း၊ ကိုယ် ရံ တော် မှူး နေ ဗု ဇာ ရ ဒန် သည်၊ ယေ ရု ရှ လင် မြို့ သို့ ချီ တက် ၍၊ Judson Bible ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံတစ်ဆယ်ကိုးနှစ်၊ ပဥ္စမလ ဆယ်ရက်နေ့တွင်၊ အမှုတော်ထမ်းကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယေရုရှလင်မြို့သို့လာ၍၊ |
အီဂျစ်ပြည်သို့ရောက်လျှင် မိဒျန်လူမျိုးတို့က ယောသပ်ကို ဖာရောမင်းကြီး၏မှူးမတ်ဖြစ်သည့် ကိုယ်ရံတော်မှူးပေါတိဖာထံ ရောင်းလိုက်ကြ၏။
ထိုအခါ ယုဒဘုရင်ယောယခိမ်မင်းကြီးသည် မယ်တော်မှစ၍ မင်းမှုထမ်းများ၊ မှူးမတ်များနှင့် မိန်းမစိုးများပါလျက် ဘေဘီလုံဘုရင်ထံ အညံ့ခံလေ၏။ ထို့ကြောင့် ဘေဘီလုံဘုရင်သည် နန်းစံရှစ်နှစ်တွင် ယောယခိမ်မင်းကြီးကို ဖမ်းခေါ်သွား၏။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး နန်းစံတစ်ဆယ့်ကိုးနှစ်၊ ပဉ္စမလ၊ ခုနစ်ရက်နေ့၌ ဘေဘီလုံဘုရင်၏အမှုထမ်း ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ဂျေရုဆလင်မြို့သို့ရောက်လာ၏။
သို့သော် အကျွန်ုပ်တို့၏ဘိုးဘေးတို့သည် ကောင်းကင်ဘုံရှင်ဘုရားသခင်ကို အမျက်ထွက်အောင်ပြုကြသောကြောင့် ကိုယ်တော်သည် သူတို့ကို ခါလဒဲဘုရင် နေဗုခဒ်နေဇာမင်းကြီးလက်သို့ အပ်လိုက်တော်မူ၏။ ထိုဘုရင်သည် ဤအိမ်တော်ကိုဖျက်ဆီး၍ လူတို့ကို ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွား၏။
မင်းကြီးအား “အရှင်မင်းကြီး သက်တော်ရှည်ပါစေ။ အကျွန်ုပ်ဘိုးဘေးတို့၏သင်္ချိုင်းမြေရှိရာမြို့သည် ပျက်စီး၍ မြို့တံခါးများ မီးလောင်ကျွမ်းသွားသောကြောင့် အကျွန်ုပ် မျက်နှာမညှိုးဘဲ နေနိုင်ပါမည်လော”ဟု ပြန်လျှောက်၏။
အို ဘုရားသခင်၊ လူမျိုးခြားတို့သည် ကိုယ်တော်၏အမွေတော်ထဲသို့ ဝင်ရောက်လာ၍ ကိုယ်တော်၏သန့်ရှင်းသောဗိမာန်တော်ကို ညစ်ညူးစေကြပါပြီ။ ဂျေရုဆလင်မြို့ကိုလည်း အပြိုအပျက်ပုံဖြစ်စေကြပါပြီ။
ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ယောယကိမ်မင်းကြီးလက်ထက်နှင့် ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ဇေဒကိမင်းကြီး နန်းစံတစ်ဆယ့်တစ်နှစ်၊ ပဉ္စမလ ဂျေရုဆလင်မြို့သားတို့ ဖမ်းခေါ်သွားခြင်းခံရသည့်အချိန်ထိ ယေရမိထံသို့ ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော်ကား ဤသို့ဖြစ်၏။
ဤမြို့ကိုတိုက်ခိုက်လာသော ခါလဒဲစစ်သည်တို့သည် မြို့ထဲသို့ဝင်ရောက်မီးရှို့ကြလိမ့်မည်။ ခေါင်မိုးပြင်ပေါ်တွင် ဗာလဘုရားအား နံ့သာပေါင်းမီးရှို့ပူဇော်၍ အခြားဘုရားတို့အား သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းခြင်းဖြင့် ငါ့အမျက်ကို နှိုးဆော်သောသူတို့၏အိမ်အားလုံး မီးလောင်သွားလိမ့်မည်။
ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ယေရမိနှင့်ပတ်သက်၍ ကိုယ်ရံတော်မှူးနေဗုဇာရဒန်အား
ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် မြို့ထဲမှကြွင်းကျန်သူများ၊ သူ့ထံခိုလှုံလာသူများ၊ အသက်ရှင်ကျန်ရစ်သူများကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားလေ၏။
ကိုယ်ရံတော်မှူးနှင့်ပါလာသော ခါလဒဲစစ်သည်အပေါင်းတို့သည် ဂျေရုဆလင်မြို့ပတ်ပတ်လည်ရှိ မြို့ရိုးတစ်လျှောက်လုံးကို ဖြိုဖျက်ကြ၏။
ယုဒဘုရင်ယောယကိမ်မင်းကြီး နန်းစံတတိယနှစ်တွင် ဘေဘီလုံဘုရင် နေဗုခဒ်နေဇာမင်းကြီးသည် ဂျေရုဆလင်မြို့သို့ ချီတက်၍ မြို့ကိုဝိုင်းထား၏။
ဒံယေလသည် ဘေဘီလုံပညာရှိတို့ကို ကွပ်မျက်ရန်လာသော ဘုရင့်ကိုယ်ရံတော်မှူးအာရုတ်အား အမြော်အမြင်ရှိရှိ၊ လိမ္မာပါးနပ်စွာ မေးမြန်းပြောဆို၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “စတုတ္ထလအစာရှောင်ခြင်း၊ ပဉ္စမလအစာရှောင်ခြင်း၊ သတ္တမလအစာရှောင်ခြင်း၊ ဒသမလအစာရှောင်ခြင်းတို့သည် ယုဒအမျိုးအနွယ်အဖို့ ရွှင်လန်းဝမ်းမြောက်ဖွယ်ရာ၊ ပျော်ရွှင်ဖွယ်ရာပွဲတော်များ ဖြစ်လိမ့်မည်။ ထို့ကြောင့် သစ္စာရှိခြင်း၊ ငြိမ်းချမ်းခြင်းတို့ကို မြတ်နိုးကြလော့”ဟု မိန့်တော်မူ၏။