ယေရမိ 52:11 - မြန်မာ့စံမီသမ္မာကျမ်း11 ဇေဒကိမင်းကြီး၏မျက်စိကိုလည်းဖောက်ထုတ်၏။ ဘေဘီလုံဘုရင်သည် သူ့ကို ကြေးနီကြိုးဖြင့်ချည်နှောင်ကာ ဘေဘီလုံမြို့သို့ခေါ်ဆောင်သွားပြီး အနိစ္စရောက်သောနေ့အထိ ထောင်ထဲ၌ထည့်ထား၏။ အခန်းကိုကြည့်ပါ။Common Language Bible11 ထိုနောက်ဇေဒကိ၏မျက်စိများကိုဖောက် စေ၍သူ့အားဗာဗုလုန်မြို့သို့ခေါ်ဆောင် သွားရန်သံကြိုးများနှင့်ချည်နှောင်စေ၏။ ဇေဒကိသည်သေသည်တိုင်အောင်ဗာဗုလုန် မြို့တွင်ထောင်ထဲ၌နေရလေ၏။ အခန်းကိုကြည့်ပါ။Garrad Bible11 ဇေ ဒ ကိ မင်း မျက် စိ ကို ဖောက် လျက်၊ ခြေ ချင်း စွဲ လျက်၊ ဗာ ဗု လုန် မြို့ သို့ ယူ သွား ပြီး လျှင်၊ အ သက် ထက် ဆုံး ကြေး တိုက် ၍ သွင်း ထား လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible11 ဇေဒကိမျက်စိကိုလည်း ဖောက်ပြီးမှ၊ သူ့ကို ကြေးဝါကြိုးနှင့် ချည်နှောင်၍ ဗာဗုလုန်မြို့သို့ယူသွားသဖြင့်၊ သေသည်တိုင်အောင် ထောင်ထဲမှာ လှောင်ထားလေ၏။ အခန်းကိုကြည့်ပါ။ |
တစ်ဖန် ထာဝရဘုရားက ‘ကပ်ရောဂါဘေး၊ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးတို့မှ အသက်ရှင်ကျန်ရစ်သော ယုဒဘုရင်ဇေဒကိမင်းကြီးနှင့် သူ၏အမှုထမ်းများ၊ မြို့သူမြို့သားများကို သူတို့အသက်ကိုရန်ရှာသော၊ သူတို့၏ရန်သူဖြစ်သော ဘေဘီလုံဘုရင်နေဗုခဒ်နေဇာလက်ထဲသို့ ငါအပ်မည်။ ထိုဘုရင်သည် သူတို့ကို မသနား၊ မညှာတာ၊ မစာနာဘဲ ဓားဖြင့် ကွပ်မျက်မည်’ဟူ၍ မိန့်တော်မူ၏”ဟု လျှောက်ဆိုရမည်။