ယခု မြင်းအတွဲလိုက်စီးလာသူကို တွေ့ရပါ၏”ဟု ခြင်္သေ့ကဲ့သို့ ဟစ်ကြော်လေ၏။ ထို့နောက် “ပြိုလဲပြီ။ ဘေဘီလုံမြို့ ပြိုလဲပြီ။ သူ၏ဘုရားရုပ်တုဆင်းတုရှိသမျှတို့သည်လည်း မြေကြီးပေါ်သို့ ကျိုးပဲ့ကျကြပြီ”ဟု ဆိုလေ၏။
ယေရမိ 51:47 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ကြည့်ရှုလော့။ ဘေဘီလုံမြို့ရှိ ရုပ်တုဆင်းတုများကို ငါဒဏ်ခတ်သောနေ့ ရောက်လာတော့မည်။ ထိုမြို့တစ်မြို့လုံး အရှက်ကွဲလိမ့်မည်။ အသတ်ခံရသောသူအပေါင်းတို့သည် မြို့ထဲတွင် လဲကျသေဆုံးကြလိမ့်မည်။ Common Language Bible သို့ဖြစ်၍ဗာဗုလုန်ပြည်ရှိရုပ်တုများကို ငါစီရင်မည့်နေ့ရက်ကာလကျရောက်လာ လိမ့်မည်။ ထိုပြည်တစ်ခုလုံးသည်အရှက်ကွဲ လိမ့်မည်။ ပြည်သူအပေါင်းတို့သည်လည်း အသတ်ခံရကြလိမ့်မည်။- Garrad Bible ဗာ ဗု လုန် မြို့ ရှိ ရုပ် ပွား ဆင်း တု များ အ ပေါ် သို့၊ ငါ ဒဏ် ခတ် သ ဖြင့်၊ ပြည် လုံး ကျွတ် အ ရှက် ကွဲ၍၊ လုပ် ကြံ ခံ ရ သူ အ ပေါင်း တို့ သည်၊ ပြည် အ တွင်း ကျ ဆုံး ကြ ရ သည့် အ တွက်၊ Judson Bible ထိုနောက်မှ ဗာဗုလုန်မြို့၌ ထုလုပ်သော ရုပ်တုဆင်းတုတို့ကို ငါသည် ဒဏ်ပေးသဖြင့်၊ တစ်ပြည်လုံး မိန်းမောတွေဝေ၍၊ သူရဲအပေါင်းတို့သည် မြို့ထဲမှာ လဲလျက်သေကြသော အချိန် ရောက်လိမ့်မည်။ |
ယခု မြင်းအတွဲလိုက်စီးလာသူကို တွေ့ရပါ၏”ဟု ခြင်္သေ့ကဲ့သို့ ဟစ်ကြော်လေ၏။ ထို့နောက် “ပြိုလဲပြီ။ ဘေဘီလုံမြို့ ပြိုလဲပြီ။ သူ၏ဘုရားရုပ်တုဆင်းတုရှိသမျှတို့သည်လည်း မြေကြီးပေါ်သို့ ကျိုးပဲ့ကျကြပြီ”ဟု ဆိုလေ၏။
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် သူတို့ကို ဒဏ်ခတ်မည်။ လူပျိုတို့သည် ဓားဖြင့်သေကြလိမ့်မည်။ သူတို့၏သားသမီးတို့သည် ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သေကြလိမ့်မည်။
သင်ကိုယ်တိုင်သင်ကြားပေးသောသူ၊ သင်၏မိတ်ဆွေဖြစ်သောသူကို သင်၏ခေါင်းဆောင်အဖြစ်ခန့်ထားတော်မူလျှင် သင်မည်သို့ဆိုမည်နည်း။ သားဖွားသောမိန်းမကဲ့သို့ သင်နာကျင်ခံစားရမည်မဟုတ်လော။
ထာဝရဘုရားက “ပရောဖက်ဖြစ်စေ၊ ယဇ်ပုရောဟိတ်ဖြစ်စေ၊ ဤလူမျိုးထဲမှတစ်ယောက်ယောက်ဖြစ်စေ ‘ထာဝရဘုရား၏ဗျာဒိတ်တော်’ဟု ပြောဆိုသောသူကို သူနှင့်အတူ သူ၏အိမ်သူအိမ်သားများကိုပါ ငါဒဏ်ခတ်မည်။
အနှစ်ခုနစ်ဆယ်ပြည့်ပြီးမှ ဘေဘီလုံဘုရင်မှစ၍ သူ၏လူမျိုးများနှင့်တကွ ခါလဒဲပြည်ကိုပါ သူတို့အပြစ်များကြောင့် သူတို့ကို ငါဒဏ်ခတ်မည်။ ထိုပြည်ကို အစဉ်လူသူကင်းမဲ့ရာအရပ်ဖြစ်စေမည်’ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ ‘ဘေဘီလုံမြို့ သိမ်းပိုက်ခံရပြီ။ ဗေလဘုရား အရှက်ကွဲလေပြီ။ မေရောဒပ်ဘုရား ကြောက်လန့်လေပြီ။ ဘေဘီလုံရုပ်တုတို့ အရှက်ကွဲလေပြီ။ ဆင်းတုတို့ ကြောက်လန့်လေပြီ’ဟု ကြွေးကြော်ကြေညာလော့။ အချက်ပြအလံကို လွှင့်ထူပြီး မကွယ်မဝှက်ဘဲ လူမျိုးတကာတို့အား ပြောကြားကြလော့။
ထိုအရာတို့သည် အချည်းနှီးသောအရာဖြစ်၏။ လှည့်စားတတ်သောအရာဖြစ်၏။ စစ်ကြောစီရင်ချိန်ရောက်လျှင် ပျက်စီးသွားရလိမ့်မည်။
ဇိအုန်မြို့သူမြို့သားအပေါ် ဘေဘီလုံမြို့သူ ခါလဒဲပြည်သားတို့ကျူးလွန်ခဲ့သည့် လုပ်ရပ်အတိုင်း သူတို့ကို သင်တို့မျက်စိရှေ့တွင် ပြန်ပေးဆပ်စေမည်”ဟု မိန့်တော်မူ၏။
မြို့ရွာတို့သည် လူသူကင်းမဲ့၍ ခြောက်သွေ့သောကန္တာရမြေ ဖြစ်လိမ့်မည်။ နေထိုင်သူမရှိ၊ ဖြတ်သန်းသွားလာသူမရှိသောမြေ ဖြစ်လိမ့်မည်။
ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ဘေဘီလုံပြည်ရှိ ရုပ်တုဆင်းတုများကို ငါဒဏ်ခတ်သောနေ့ရက်ရောက်လာသောအခါ ထိုပြည်တစ်ပြည်လုံးတွင် ဒဏ်ရာရသောသူများ ညည်းတွားလျက်ရှိကြလိမ့်မည်”ဟု မိန့်တော်မူ၏။