Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 23:34 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

34 ထာဝရဘုရား​က “ပရောဖက်​ဖြစ်စေ​၊ ယဇ်ပုရောဟိတ်​ဖြစ်စေ​၊ ဤ​လူမျိုး​ထဲမှ​တစ်ယောက်ယောက်​ဖြစ်စေ ‘​ထာဝရဘုရား​၏​ဗျာဒိတ်​တော်​’​ဟု ပြောဆို​သော​သူ​ကို သူ​နှင့်အတူ သူ​၏​အိမ်သူအိမ်သား​များ​ကို​ပါ ငါ​ဒဏ်ခတ်​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

34 အ​ကယ်​၍​ပ​ရော​ဖက်​သို့​မ​ဟုတ် ယဇ်​ပု​ရော​ဟိတ် တစ်​စုံ​တစ်​ယောက်​က​သော်​လည်း​ကောင်း၊ လူ​တစ်​ဦး တစ်​ယောက်​က​သော်​လည်း​ကောင်း`ထာ​ဝ​ရ​ဘု​ရား ၏​ဝန်​ထုပ်​ဝန်​ပိုး' ဟူ​သော​စ​ကား​ကို​သုံး​နှုန်း ပါ​မူ ငါ​သည်​ထို​သူ​နှင့်​သူ​၏​အိမ်​ထောင်​စု အား​အ​ပြစ်​ဒဏ်​ခတ်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

34 ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​ရှိ​သည်​ဟု ပြော​ဆို​သော ပ​ရော​ဖက်၊ ယဇ်​ပု​ရော​ဟိတ်၊ ပြည်​သူ​ပြည်​သား​ကို​လည်း​ကောင်း၊ ထို​သူ၏ အိမ်​သူ​အိမ်​သား​တို့​ကို​လည်း​ကောင်း၊ ငါ​သည် ဒဏ်​ပေး​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 23:34
4 ပူးပေါင်းရင်းမြစ်များ  

သူ​နှင့် သူ​၏​သားစဉ်မြေးဆက်​၊ သူ​၏​အစေအပါး​တို့​ပြု​သော​ဒုစရိုက်​ကြောင့် သူ​တို့​ကို ငါ​ဒဏ်ခတ်​မည်​။ သူ​တို့​နှင့်တကွ ဂျေရုဆလင်​မြို့သား​၊ ယုဒ​အမျိုးသား​တို့​အပေါ် ငါ​မိန့်ဆို​ထား​သည့်​ဘေးအန္တရာယ်​အလုံးစုံ​ကို ကျရောက်​စေ​မည်​ဖြစ်​သော်လည်း သူ​တို့​ဂရု​မ​စိုက်​ကြ​”​ဟု မိန့်​တော်မူ​၏​။


သင်​၏​ပရောဖက်​တို့​သည် သင့်​အဖို့ မဟုတ်မမှန်​သော​အရာ​၊ အကျိုးမရှိ​သော​အရာ​တို့​ကို နိမိတ်မြင်​ကြ​ပြီ​။ သုံ့ပန်းဘဝ​မ​ရောက်​ရ​လေ​အောင် သူ​တို့​သည် သင်​၏​အပြစ်​ကို​မ​ထောက်ပြ​ဘဲ မဟုတ်မမှန်​သော​အရာ​၊ လှည့်စား​သော​အရာ​တို့​ကို ဗျာဒိတ်​ရ​ကြ​ပြီ​။


နိနေဝေ​မြို့​နှင့်ဆိုင်သော​ဗျာဒိတ်​တော်​၊ ဧလကောရှ​ရွာသား​နာဟုံ​ခံရ​သော​ဗျာဒိတ်နိမိတ်​ဆိုင်ရာ​မှတ်တမ်း​ကား ဤသို့​တည်း​။


တစ်စုံတစ်ဦး​သည် ပရောဖက်ပြု​ဟောပြော​နေ​သေး​လျှင် သူ့​ကို​ဖြစ်ပွား​စေ​သော သူ့​မိဘ​တို့​က ‘သင်​သည် ထာဝရဘုရား​၏​နာမ​တော်​ကို အမှီပြု​၍ မဟုတ်မမှန်​ဟောပြော​သောကြောင့် အသက်ချမ်းသာ​ရာ​ရ​မည်​မ​ဟုတ်’​ဟု ဆို​၍ သူ့​ကို​ဖြစ်ပွား​စေ​သော​မိဘ​ကိုယ်တိုင်​က ထို​သူ​ပရောဖက်ပြု​ဟောပြော​သောအခါ သူ့​ကို ထိုးသတ်​လိမ့်မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ