Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 51:47 - Common Language Bible

47 သို့​ဖြစ်​၍​ဗာ​ဗု​လုန်​ပြည်​ရှိ​ရုပ်​တု​များ​ကို ငါ​စီ​ရင်​မည့်​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ လိမ့်​မည်။ ထို​ပြည်​တစ်​ခု​လုံး​သည်​အ​ရှက်​ကွဲ လိမ့်​မည်။ ပြည်​သူ​အ​ပေါင်း​တို့​သည်​လည်း အ​သတ်​ခံ​ရ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

47 ဗာ ဗု လုန် မြို့ ရှိ ရုပ် ပွား ဆင်း တု များ အ ပေါ် သို့၊ ငါ ဒဏ် ခတ် သ ဖြင့်၊ ပြည် လုံး ကျွတ် အ ရှက် ကွဲ၍၊ လုပ် ကြံ ခံ ရ သူ အ ပေါင်း တို့ သည်၊ ပြည် အ တွင်း ကျ ဆုံး ကြ ရ သည့် အ တွက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

47 ထို​နောက်​မှ ဗာ​ဗု​လုန်​မြို့၌ ထု​လုပ်​သော ရုပ်​တု​ဆင်း​တု​တို့​ကို ငါ​သည် ဒဏ်​ပေး​သ​ဖြင့်၊ တစ်​ပြည်​လုံး မိန်း​မော​တွေ​ဝေ၍၊ သူ​ရဲ​အ​ပေါင်း​တို့​သည် မြို့​ထဲ​မှာ လဲ​လျက်​သေ​ကြ​သော အ​ချိန် ရောက်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

47 ထို့ကြောင့် ကြည့်ရှု​လော့​။ ဘေဘီလုံ​မြို့​ရှိ ရုပ်တုဆင်းတု​များ​ကို ငါ​ဒဏ်ခတ်​သော​နေ့ ရောက်လာ​တော့​မည်​။ ထို​မြို့​တစ်မြို့လုံး အရှက်ကွဲ​လိမ့်မည်​။ အသတ်ခံရ​သော​သူ​အပေါင်း​တို့​သည် မြို့​ထဲတွင် လဲကျ​သေဆုံး​ကြ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 51:47
13 ပူးပေါင်းရင်းမြစ်များ  

မြင်း​စီး​သူ​ရဲ​တို့​သည်​နှစ်​ယောက်​တစ်​တွဲ​နှစ် ယောက်​တစ်​တွဲ​ရုတ်​တ​ရက်​ပေါ်​လာ​ကြ​၏။ ထို ကြောင့်​ကင်း​စောင့်​က``ဗာ​ဗု​လုန်​မြို့​ကျ​ဆုံး သွား​လေ​ပြီ။ သူ​တို့​ကိုး​ကွယ်​သည့်​ရုပ်​တု​မှန် သ​မျှ​သည်​လည်း​မြေ​ပေါ်​တွင်​ကျိုး​ပဲ့​ကြေ​မွ လျက်​နေ​ပါ​၏'' ဟု​သ​တင်း​ပေး​ပို့​လိုက်​၏။


သို့​ဖြစ်​၍​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား က``ငါ​သည်​သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​မည်။ သူ​တို့​၏​လူ​ငယ်​လူ​ရွယ်​များ​သည်​စစ်​ပွဲ​တွင် ကျ​ဆုံး​ကြ​လိမ့်​မည်။ သူ​တို့​၏​က​လေး​သူ​ငယ် များ​သည်​လည်း အ​စာ​ရေ​စာ​ငတ်​၍​သေ​ကြ လိမ့်​မည်။-


မိ​မိ​တို့​၏​မိတ်​ဆွေ​များ​ဟု​သင်​တို့​ထင်​မှတ် သူ​တို့​သည် သင်​တို့​ကို​နှိမ်​နင်း​၍​အုပ်​စိုး​ရန် ထာ​ဝ​ရ​ဘု​ရား​ချ​မှတ်​တော်​မူ​သော​အ​ခါ သင်​တို့​အ​ဘယ်​သို့​ပြော​ဆို​ကြ​မည်​နည်း။ သင်​တို့​သည်​သား​ဖွား​သည့်​အ​မျိုး​သ​မီး ကဲ့​သို့​ဝေ​ဒ​နာ​ခံ​ရ​ကြ​လိမ့်​မည်။-


အ​ကယ်​၍​ပ​ရော​ဖက်​သို့​မ​ဟုတ် ယဇ်​ပု​ရော​ဟိတ် တစ်​စုံ​တစ်​ယောက်​က​သော်​လည်း​ကောင်း၊ လူ​တစ်​ဦး တစ်​ယောက်​က​သော်​လည်း​ကောင်း`ထာ​ဝ​ရ​ဘု​ရား ၏​ဝန်​ထုပ်​ဝန်​ပိုး' ဟူ​သော​စ​ကား​ကို​သုံး​နှုန်း ပါ​မူ ငါ​သည်​ထို​သူ​နှင့်​သူ​၏​အိမ်​ထောင်​စု အား​အ​ပြစ်​ဒဏ်​ခတ်​မည်။-


ထို​နောက်​ငါ​သည်​ဗာ​ဗု​လုန်​ဘု​ရင်​နှင့်​ပြည်​သူ တို့​အား မိ​မိ​တို့​ကူး​လွန်​သည့်​အ​ပြစ်​အ​တွက် ဆုံး​မ​မည်။ သူ​တို့​၏​ပြည်​ကို​ဖျက်​ဆီး​ကာ ထာ​ဝ​စဉ်​ယို​ယွင်း​ပျက်​စီး​လျက်​နေ​စေ​မည်။-


``ဗာ​ဗု​လုန်​မြို့​သည်​ကျဆုံး​လေ​ပြီ။ ထို​မြို့ ၏​မေ​ရော​ဒပ် ဘု​ရား​သည်​လည်း​ကျိုး​ပဲ့​ကြေ​မွ​၍​သွား​လေ​ပြီ။ ဗာ​ဗု​လုန်​မြို့​ရှိ​စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​ကောင်း​သည့် ရုပ်​တု​များ​သည် အ​ရှက်​ကွဲ​လျက်​ချေ​မှုန်း​ခြင်း​ကို​ခံ​ရ​ကြ​ပါ​သည် တ​ကား။ ဤ​သ​တင်း​ကို​ထို​လူ​မျိုး​တ​ကာ​တို့​အား ပြော​ကြား​ကြေ​ညာ​လော့။ အ​ချက်​ပြ​အ​လံ​ဟူ​၍​ကြော်​ငြာ​လော့။ ထို​သ​တင်း​ကို​လျှို့​ဝှက်​၍​မ​ထား​နှင့်။


ယင်း​တို့​သည်​အ​ချည်း​နှီး​သက်​သက်​ဖြစ်​၍ စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​သာ​လျှင်​ဖြစ်​ပေ​သည်။ ကိုယ်​တော်​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ရန် ကြွ​လာ​တော်​မူ​သော​အ​ခါ၊ ထို​ရုပ်​တု​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ပစ်​တော် မူ​လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​က``ဇိ​အုန်​မြို့​အား​ဗာ​ဗု​လုန် မြို့​သူ​မြို့​သား​တို့​ပြု​ကျင့်​ခဲ့​သည့်​ဒု​စ​ရိုက် မ​ကောင်း​မှု​များ​အ​တွက် ငါ​လက်​စား​ချေ သည်​ကို​သင်​တို့​တွေ့​မြင်​ရ​ကြ​လိမ့်​မည်။-


မြို့​တို့​သည်​လန့်​ဖျပ်​တုန်​လှုပ်​စ​ရာ​မြင်​ကွင်း ဖြစ်​လာ​ကြ​လျက်​လူ​သူ​ဆိတ်​ငြိမ်​ရာ၊ ရေ မ​ရှိ​သည့်​သဲ​ကန္တာ​ရ​နှင့်​တူ​ကြ​၏။ ထို​မြို့ များ​သို့​အ​ဘယ်​သူ​မျှ​လည်း​ခ​ရီး​မ​ပြု ကြ။-


ထို့​ကြောင့်​ဗာ​ဗု​လုန်​ပြည်​ရှိ​ရုပ်​တု​များ ကို​ငါ​အ​ပြစ်​ဒဏ်​စီ​ရင်​၍ တစ်​တိုင်း​တစ် ပြည်​လုံး​တွင်​ဒဏ်​ရာ​ရ​ရှိ​သူ​တို့​ငြီး​တွား ကြ​မည့်​နေ့​ရက်​ကာ​လ​ကျ​ရောက်​လာ​လိမ့် မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ