သူ့နိုင်ငံ၏အစအဦးမှာ ရှိနာပြည်ရှိ ဘေဘီလုံမြို့၊ ဧရက်မြို့၊ အက္ကမြို့၊ ကာလနေမြို့ တို့ဖြစ်ကြ၏။
ယေရမိ 50:1 - မြန်မာ့စံမီသမ္မာကျမ်း ခါလဒဲပြည်၊ ဘေဘီလုံမြို့နှင့်ပတ်သက်၍ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ပရောဖက်ယေရမိထံသို့ ရောက်လာ၏။ Common Language Bible ထာဝရဘုရားသည်ဗာဗုလုန်မြို့နှင့် ထို ပြည်သူပြည်သားတို့ကိုရည်မှတ်၍ငါ့ အားဗျာဒိတ်ပေးတော်မူ၏။ ကိုယ်တော်က၊ Garrad Bible ခါ လ ဒဲ ပြည် နှင့် ဗာ ဗု လုန် မြို့ ကို ရည် လျက်၊ ပ ရော ဖက် ယေ ရ မိ ဖြင့် ထာ ဝ ရ ဘု ရား မိန့် တော် မူ သော ဗျာ ဒိတ် တော် ကား၊ Judson Bible ထာဝရဘုရားသည် ဗာဗုလုန်မြို့နှင့် ခါလဒဲပြည်ကိုရည်မှတ်၍၊ ပရောဖက်ယေရမိအားဖြင့် မိန့်တော်မူသော စကားဟူမူကား၊ |
သူ့နိုင်ငံ၏အစအဦးမှာ ရှိနာပြည်ရှိ ဘေဘီလုံမြို့၊ ဧရက်မြို့၊ အက္ကမြို့၊ ကာလနေမြို့ တို့ဖြစ်ကြ၏။
တေရသည် သားအာဗြံ၊ ဟာရန်၏သားဖြစ်သော မိမိ၏မြေးလောတနှင့် သားအာဗြံ၏မယားဖြစ်သော မိမိ၏ချွေးမ စာရဲတို့ကိုခေါ်၍ ခါနာန်ပြည်သို့သွားရန် ခါလဒဲလူမျိုးတို့ပိုင်သောဥရမြို့မှထွက်ခွာလေ၏။ သို့သော် ဟာရန်မြို့သို့ရောက်သောအခါ ထိုမြို့၌အခြေချကြ၏။
ထာဝရဘုရားသည် ထိုနေရာတွင် မြေကြီးသားအပေါင်းတို့၏ဘာသာစကားကို ရှုပ်ထွေးစေတော်မူ၏။ ထို့ကြောင့် ထိုမြို့၏အမည်ကို ဘေဘီလုံ ဟုခေါ်ကြ၏။ ထို့ပြင် ထာဝရဘုရားသည် သူတို့ကို ထိုအရပ်မှ မြေတစ်ပြင်လုံးသို့ ကွဲလွင့်စေတော်မူ၏။
“ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အားဖြင့် မြွက်ဆိုတော်မူ၏။ စကားတော်သည် ငါ၏လျှာတွင် တည်တော်မူ၏။
အဆီးရီးယားဘုရင်သည် ဘေဘီလုံမြို့၊ ကုသမြို့၊ အာဝမြို့၊ ဟာမတ်မြို့၊ သေဖရဝိမ်မြို့တို့မှ လူတို့ကို ခေါ်လာပြီး အစ္စရေးအမျိုးသားတို့နေရာ ရှမာရိမြို့ရွာများတွင် နေထိုင်စေ၏။ ဤသို့ဖြင့် ထိုသူတို့သည် ရှမာရိမြို့ကို အပိုင်စီးထားပြီး ရှမာရိမြို့ရွာတို့တွင် နေထိုင်ကြလေ၏။
ထိုသို့ကြားလျှောက်နေစဉ် အခြားတစ်ဦးလည်းရောက်လာ၍ “ခါလဒဲလူမျိုးတို့သည် အဖွဲ့သုံးဖွဲ့ခွဲပြီး ကုလားအုတ်များကို တိုက်ခိုက်သိမ်းယူသွားကြပြီ။ အစေခံတို့ကိုလည်း ဓားနှင့်သတ်ပစ်ပါ၏။ အကျွန်ုပ်တစ်ဦးတည်းသာ လွတ်မြောက်လာသဖြင့် အရှင့်ထံ လာရောက်ကြားလျှောက်ပါသည်”ဟု ဆို၏။
သင်သည် ဘေဘီလုံဘုရင်အား “ညှဉ်းဆဲတတ်သောသူသည် အဆုံးသတ်လေပြီတကား။ သူ၏ဒေါသမီးသည်လည်း ချုပ်ငြိမ်းလေပြီတကား”ဟု ပြောင်လှောင်သောစကားကိုဆိုလိမ့်မည်။
ခါလဒဲပြည်ကို ကြည့်ကြလော့။ လူမရှိတော့ပြီ။ အဆီးရီးယားလူမျိုးသည် ထိုပြည်ကို ကန္တာရသတ္တဝါတို့နေစရာနေရာ ဖြစ်စေ၏။ သူတို့သည် မျှော်စင်တို့ကို တည်ဆောက်၍ ထိုပြည်၏နန်းတော်ကိုဖြိုဖျက်၏။ ထိုပြည်ကို ပြိုပျက်ရာဖြစ်စေကြ၏။
အနှစ်ခုနစ်ဆယ်ပြည့်ပြီးမှ ဘေဘီလုံဘုရင်မှစ၍ သူ၏လူမျိုးများနှင့်တကွ ခါလဒဲပြည်ကိုပါ သူတို့အပြစ်များကြောင့် သူတို့ကို ငါဒဏ်ခတ်မည်။ ထိုပြည်ကို အစဉ်လူသူကင်းမဲ့ရာအရပ်ဖြစ်စေမည်’ဟု မိန့်တော်မူ၏။
သူ၏နိုင်ငံအဆုံးမရောက်မီအထိ လူမျိုးအပေါင်းတို့သည် သူနှင့်သူ၏သားမြေးတို့ထံ၌ အစေခံရလိမ့်မည်။ ထို့နောက်မှ သူသည် လူမျိုးကြီးများ၊ တန်ခိုးကြီးသောဘုရင်များထံ အစေခံရလိမ့်မည်’ဟု မိန့်တော်မူ၏။
ယုဒဘုရင်ယောယကိမ်မင်းကြီး နန်းစံတတိယနှစ်တွင် ဘေဘီလုံဘုရင် နေဗုခဒ်နေဇာမင်းကြီးသည် ဂျေရုဆလင်မြို့သို့ ချီတက်၍ မြို့ကိုဝိုင်းထား၏။
ထိုအခါ သူသည် ခါလဒဲလူမျိုးတို့၏ပြည်မှ ထွက်ခွာ၍ ခါရန်မြို့၌နေထိုင်လေ၏။ သူ၏ဖခင်သေဆုံးပြီးနောက် ဘုရားသခင်သည် သူ့ကို ထိုနေရာမှ ယခု ငါတို့နေထိုင်သောပြည်သို့ ပြောင်းရွှေ့စေတော်မူ၏။
အကြောင်းမူကား ပရောဖက်ပြုဟောပြောချက်သည် မည်သည့်အခါမျှ လူ၏အလိုဆန္ဒအရဖြစ်ပေါ်လာသည်မဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်၏နှိုးဆော်ခြင်းကို ခံရသောသူတို့သည် ဘုရားသခင်ထံမှလာသောစကားကို ဟောပြောကြခြင်းဖြစ်၏။
ထို့နောက် ဒုတိယကောင်းကင်တမန်သည် လိုက်လာ၍ “မိမိ၏တရားနှင့်မညီမေထုန်ပြုခြင်းကြောင့် သက်ရောက်သည့် ပြင်းစွာသောဒေါသစပျစ်ဝိုင်ကို လူမျိုးတကာတို့အားတိုက်သော ဘေဘီလုံမြို့ကြီးသည် ပြိုလဲပြီ၊ ပြိုလဲပြီ”ဟု ကြွေးကြော်၏။