ဆင်းရဲသောသူကိုပြက်ရယ်ပြုသောသူသည် သူ၏ဖန်ဆင်းရှင်ကို စော်ကားသောသူဖြစ်၏။ သူတစ်ပါးဘေးဒုက္ခရောက်သည်ကို ဝမ်းမြောက်သောသူသည် အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။
ယေရမိ 49:12 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “ကြည့်ရှုလော့။ ခွက်ဖလားကိုသောက်စရာမလိုသောသူတို့ပင် သောက်ရသည်ဆိုလျှင် သင်သည်လည်း အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်လော။ သင်သည် အပြစ်ဒဏ်နှင့်မလွတ်။ မလွဲမသွေသောက်ရမည်”ဟု မိန့်တော်မူ၏။ Common Language Bible ``အပြစ်ဒဏ်မခံသင့်သူများပင်လျှင်ခံ ရကြပါမူ၊ သင်တို့သည်အပြစ်ဒဏ်ခွက် ဖလားမှမသောက်ဘဲနေရကြလိမ့်မည် ဟုထင်မှတ်ကြသလော။ သင်တို့သည်ဧကန် မုချအပြစ်ခွက်ဖလားမှသောက်ရကြ မည်။- Garrad Bible အ သို့ ဆို သော်၊ ဗော ဇ ရ မြို့ သည် ကဲ့ ရဲ့ ရာ၊ ဆိတ် ညံ ရာ၊ ကျိန် ဆဲ ရာ၊ အံ့ ဖွယ် သ ရဲ ဖြစ် လျက်၊ ဆိုင် သ မျှ မြို့ ရွာ များ ပါ အ စဉ် မြို့ ဆိုး ကုန်း ဖြစ် မည် ဟု၊ ကိုယ် တိုင် တော် ကို တိုင် တည် ၍၊ ငါ ထာ ဝ ရ ဘု ရား သ စ္စာ မူ ခဲ့ သည် နှင့် အ ညီ၊ ဖ လား တော် ကို တိုက် ဒဏ် မ ခံ သော သူ တို့ သည်၊ မု ချ သောက် ကြ ရ မည် ဖြစ် လျက်၊ သင် ဒဏ် လွတ် မည် လော။ ဒဏ် မ လွတ် ဘဲ မု ချ သောက် ရ မည် ဟု၊ ထာ ဝ ရ ဘုရား မိန့် တော် မူ ၏။ Judson Bible ထာဝရဘုရား မိန့်တော်မူသည်ကား၊ ခွက်ဖလားကို မသောက်ထိုက်သောသူတို့သည် အကယ်၍ သောက်ကြသည်မှန်လျှင်၊ သင်သည်အပြစ်ကိုမခံဘဲ ရှင်းရှင်းလွတ်ရမည်လော။ မလွတ်ဘဲ မနေရ။ စင်စစ် သောက်ရမည်။ |
ဆင်းရဲသောသူကိုပြက်ရယ်ပြုသောသူသည် သူ၏ဖန်ဆင်းရှင်ကို စော်ကားသောသူဖြစ်၏။ သူတစ်ပါးဘေးဒုက္ခရောက်သည်ကို ဝမ်းမြောက်သောသူသည် အပြစ်ဒဏ်နှင့်ကင်းလွတ်လိမ့်မည်မဟုတ်။
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက “ငါ့လက်မှ ဤအမျက်တော်စပျစ်ဝိုင်ခွက်ကိုယူ၍ သင့်အား ငါစေလွှတ်သောအရပ်ရှိ လူမျိုးအားလုံးကို တိုက်လော့။
ထာဝရဘုရားက “ငါသည် သင်နှင့်အတူရှိမည်။ သင့်ကိုကယ်တင်မည်။ သင့်ကို ငါကွဲလွင့်စေရာအရပ်ရပ်ရှိ လူမျိုးအားလုံးကို သုတ်သင်ဖျက်ဆီးမည်။ သင့်ကို ငါသုတ်သင်ဖျက်ဆီးမည်မဟုတ်သော်လည်း အပြစ်မပေးဘဲမနေ။ သင့်ကို တရားမျှတစွာဆုံးမမည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “အို ငါ့အစေအပါးယာကုပ်၊ မကြောက်နှင့်။ အို အစ္စရေးလူမျိုး၊ စိတ်မပျက်နှင့်။ ကြည့်ရှုလော့။ ဝေးသောပြည်မှ သင့်ကို ငါကယ်တင်မည်။ ဖမ်းခေါ်သွားခြင်းခံရသောပြည်မှ သင့်သားစဉ်မြေးဆက်ကို ငါကယ်တင်မည်။ ယာကုပ်သည် ပြန်လာ၍ ခြိမ်းခြောက်မည့်သူမရှိဘဲ ငြိမ်းချမ်းသာယာစွာ နေရလိမ့်မည်။
ငါ၏သန့်ရှင်းသောတောင်ပေါ်တွင် သင်တို့သောက်ခဲ့ရသကဲ့သို့ လူမျိုးတကာတို့သည်လည်း အစဉ်မပြတ်သောက်ရလိမ့်မည်။ သူတို့သည် သောက်၍မျိုချပြီး မဖြစ်စဖူးအဖြစ်မျိုး ကြုံရလိမ့်မည်။
သို့သော် ယေရှုက“သင်တို့သည် မည်သည့်အရာတောင်းနေသည်ကို သင်တို့မသိကြ။ ငါသောက်မည့်ခွက်ကို သင်တို့သောက်နိုင်သလော”ဟု မေးတော်မူလျှင် သူတို့က “အကျွန်ုပ်တို့သောက်နိုင်ပါသည်”ဟု ပြန်လျှောက်ကြ၏။