ယေရမိ 25:15 - မြန်မာ့စံမီသမ္မာကျမ်း15 အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက “ငါ့လက်မှ ဤအမျက်တော်စပျစ်ဝိုင်ခွက်ကိုယူ၍ သင့်အား ငါစေလွှတ်သောအရပ်ရှိ လူမျိုးအားလုံးကို တိုက်လော့။ အခန်းကိုကြည့်ပါ။Common Language Bible15 ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားက ငါ့အား``သင်သည်ငါ၏ အမျက်တော်နှင့်ပြည့်လျက်ရှိသည့်ဤစပျစ် ရည်ခွက်ဖလားကိုငါ့ထံမှယူ၍ သင့်အား ငါစေလွှတ်တော်မူသည့်လူမျိုးတကာတို့ ကိုတိုက်ခိုက်လော့။- အခန်းကိုကြည့်ပါ။Garrad Bible15 သို့ နှင့် အ ညီ၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား က၊ ငါ့ လက် တော် ရှိ အ မျက် တော် စ ပျစ် ရည် ဖ လား ကို ယူ၍၊ ငါ စေ လွှတ် သည့် အ လျောက်၊ လူ အ မျိုး မျိုး ကို တိုက် လော့။ အခန်းကိုကြည့်ပါ။Judson Bible15 ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားကလည်း၊ အမျက်တော်စပျစ်ရည်ဖလားကို ငါ့လက်မှ ခံယူလော့။ ငါသည် သင့်ကိုစေလွှတ်သော လူမျိုးအပေါင်းတို့ကိုသောက်စေလော့။ အခန်းကိုကြည့်ပါ။ |
ငါသည် အီဂျစ်ပြည်ကို လူသူကင်းမဲ့သောပြည်တကာထက် လူသူအကင်းမဲ့ဆုံးပြည် ဖြစ်စေမည်။ ပြိုပျက်ရာမြို့များကြားတွင် အီဂျစ်မြို့များသည်လည်း အနှစ်လေးဆယ်ပတ်လုံး ပြိုပျက်နေလိမ့်မည်။ ငါသည် အီဂျစ်ပြည်သားတို့ကို လူမျိုးတကာတို့အလယ်သို့ ကွဲလွင့်စေမည်။ အတိုင်းတိုင်းအပြည်ပြည်သို့ တကွဲတပြားဖြစ်စေမည်’ဟု မိန့်တော်မူ၏။