သင်တို့အသက်ဘေးလွတ်အောင် ထွက်ပြေးကြလော့။ သင်တို့သည် သဲကန္တာရရှိ ချုံပုတ်ကဲ့သို့ ဖြစ်လေပြီ။
သူတို့က`သင်တို့အသက်ချမ်းသာရအောင် လျင်မြန်စွာပြေးကြလော့။ သဲကန္တာရမှမြည်းရိုင်းကဲ့သို့ပြေးကြလော့' ဟုဆိုကြ၏။
အ သက် ချမ်း သာ ရ အံ့ သော ငှာ ပြေး ၍၊ လွင် ပြင် ရှိ သစ် ငုတ် သ ဖွယ် နေ ကြ လော့။
အသက်လွတ်အံ့သောငှာ ပြေးကြလော့။ လွင်ပြင်၌ရှိသော သစ်ပင်ခြောက် ကဲ့သို့ဖြစ်ကြလော့။
ထိုသို့ သူတို့ကို မြို့အပြင်ဘက်သို့ ခေါ်ထုတ်ပြီးနောက် ကောင်းကင်တမန်တစ်ပါးက “အသက်လွတ်အောင်ပြေးလော့။ နောက်လှည့်မကြည့်နှင့်။ ဤမြစ်ဝှမ်းရှိ မည်သည့်အရပ်၌မျှမရပ်နှင့်။ တောင်ပေါ်သို့ပြေးလော့။ သို့မဟုတ်လျှင် သင်သည် ဖျက်ဆီးသုတ်သင်ခြင်းခံရလိမ့်မည်”ဟု ဆို၏။
ငါသည် ထာဝရဘုရားကိုခိုလှုံ၏။ သင်တို့သည် ငါ၏စိတ်ဝိညာဉ်အား “ငှက်ကဲ့သို့ သင်၏တောင်ပေါ်သို့ ထွက်ပြေးလော့”ဟု မည်သို့ဆိုနိုင်မည်နည်း။
ထိုသူသည် သဲကန္တာရရှိချုံပုတ်ကဲ့သို့ဖြစ်မည်။ ကောင်းကျိုးချမ်းသာကို ခံစားရမည်မဟုတ်။ ခြောက်သွေ့သောတောကန္တာရရှိ မည်သူမျှမနေထိုင်သောဆားမြေ၌ နေရလိမ့်မည်။
ဘေဘီလုံမြို့မှ ထွက်ပြေးကြ။ အသက်ဘေးလွတ်အောင် ပြေးကြ။ ထိုမြို့၏အပြစ်ကြောင့် အဖျက်ဆီးမခံကြနှင့်။ အကြောင်းမူကား ထာဝရဘုရားလက်တုံ့ပြန်ရာအချိန်ကျရောက်ပြီ။ ထိုမြို့ခံထိုက်သောအပြစ်ကို ပြန်ပေးဆပ်စေတော်မူမည်။
ယောဟန်သည် သူ့ထံ၌ ဗတ္တိဇံခံရန်ရောက်လာကြသော လူထုပရိသတ်တို့အား “မြွေဆိုးအမျိုးတို့၊ ရောက်လာမည့်အမျက်တော်မှ ထွက်ပြေးရန် သင်တို့ကိုမည်သူသတိပေးခဲ့သနည်း။
ဤသည်ကား ရှေ့၌ပြင်ဆင်ထားသောမျှော်လင့်ခြင်းကို ဆွတ်ခူးနိုင်ရန်အတွက် ထွက်ပြေးလာသောငါတို့သည် ဘုရားသခင်မုသားမသုံးနိုင်သောအရာတည်းဟူသော မပြောင်းလဲနိုင်သည့်အရာနှစ်ပါးအားဖြင့် ကြီးမားသောနှစ်သိမ့်မှုကိုခံစားရကြမည့်အကြောင်းတည်း။