အို အီဂျစ်သမီးပျို၊ ဂိလဒ်ပြည်သို့သွား၍ လိမ်းဆေးကိုယူလော့။ သင်သည် ဆေးအမျိုးစုံလိမ်းသော်လည်း အချည်းနှီးသာဖြစ်၏။ သင့်အနာ ပျောက်ကင်းမည်မဟုတ်။
အီဂျစ်ပြည်သူပြည်သားတို့၊ ဂိလဒ်ပြည်သို့သွား၍ ဆေးဝါးများကိုရှာကြလော့။ သင်တို့၏ဆေးများသည်တန်ခိုးအာနိသင် မရှိ။ သင်တို့၏အနာရောဂါကိုမပျောက်ကင်းစေနိုင်။
အို သ တို့ သ မီး က ညာ အိ ဂျစ်၊ ဂိ လဒ် ပြည် သို့ တက် သွား ၍ လိမ်း ဆေး ကို ယူ လော့။ ဆေး ဝါး များ ပြား သော် လည်း၊ ကု သ ၍ မ ရ၊ အ ချည်း နှီး ဖြစ် လေ စွ။
အို အဲဂုတ္တုသတို့သမီးကညာ၊ ဂိလဒ်ပြည်သို့သွား၍ ဗာလစံစေးကိုယူလော့။ သင်သည် များစွာသောဆေးကို အချည်းနှီးသုံးတတ်၏။ သင်၏အနာမပျောက်နိုင်ရာ။
ထို့နောက် သူတို့သည် အစားအစာစားသောက်ရန် ထိုင်လိုက်ကြစဉ် ဣရှမေလလူမျိုး ခရီးသွားလူတစ်စုသည် နံ့သာမျိုးများ၊ လိမ်းဆေးများနှင့် မုရန်စေးများကို ကုလားအုတ်များပေါ်တင်ဆောင်လျက် ဂိလဒ်ပြည်ဘက်မှ အီဂျစ်ပြည်သို့ဆင်းသွားနေသည်ကို လှမ်းမြင်ရ၏။
ထိုအခါ သူတို့၏ဖခင်အစ္စရေးက သူတို့အား “သို့ဖြစ်လျှင် ဤသို့ပြုကြလော့။ လိမ်းဆေးအနည်းငယ်၊ ပျားရည်အနည်းငယ်၊ နံ့သာမျိုး၊ မုရန်စေး၊ အခွံမာသီး၊ ဗာဒံသီး စသည့် ဤပြည်မှထွက်သော အကောင်းဆုံးအရာတို့ကို သင်တို့အိတ်များ၌ထည့်၍ ထိုသူအဖို့လက်ဆောင်အဖြစ်ယူသွားကြလော့။
အို ဘေဘီလုံသမီးပျို၊ မြေမှုန့်ပေါ်တွင် ဆင်းထိုင်လော့။ အို ခါလဒဲသမီး၊ ရာဇပလ္လင်ပေါ်မဟုတ်၊ မြေကြီးပေါ်တွင် ထိုင်လော့။ သင့်ကို နူးညံ့သိမ်မွေ့သောသူဟု ခေါ်တော့မည်မဟုတ်။
ထို့ကြောင့် သင်သည် သူတို့အား ‘ငါ့လူမျိုးသမီးပျိုသည် ကျိုးပဲ့ကြေမွသောဒဏ်ရာရ၍ ပြင်းထန်စွာဝေဒနာခံစားရသောကြောင့် ငါသည် အငိုမရပ်၊ နေ့နေ့ညညငိုမည်။
မှတ်တိုင်များကို စိုက်သွားလော့။ ကျောက်ပုံများဖြင့် အမှတ်အသားပြုသွားလော့။ သင်သွားသောလမ်းမကြီးကို သင့်စိတ်ထဲ၌ မှတ်သားသွားလော့။ အို အစ္စရေးအပျိုကညာ၊ ပြန်လာလော့။ ဤမြို့များသို့ ပြန်လာလော့။
အို အစ္စရေးအပျိုကညာ၊ ငါသည် သင့်ကို ပြန်လည်တည်ဆောက်မည်။ သင်သည် ပြန်လည်တည်ဆောက်ခြင်းခံရမည်။ သင်သည် ပတ်သာကိုဆောင်လျက် ပျော်မြူးကခုန်သောသူတို့နောက်သို့ တစ်ဖန် လိုက်သွားရလိမ့်မည်။
ဘေဘီလုံမြို့ကြီး ရုတ်ခြည်းပြိုလဲပျက်စီးသွားပြီ။ သူ့အတွက် ညည်းတွားငိုကြွေးကြလော့။ ဝေဒနာပျောက်ကောင်းပျောက်နိုင်မည်ဖြစ်၍ လိမ်းဆေးယူလာပေးကြလော့။
ဂိလဒ်ပြည်၌ လိမ်းဆေး မရှိသလော၊ ဆေးဆရာ မရှိသလော။ ငါ့လူမျိုး၏သမီးပျိုသည် အဘယ်ကြောင့် အနာမပျောက်ရသနည်း။
ယုဒပြည်၊ အစ္စရေးပြည်တို့သည်လည်း သင်နှင့်ကုန်သွယ်ကြ၏။ သင့်ကုန်စည်တို့ကို မိန္နိတ်မြို့မှထွက်သော ဂျုံ၊ မုန့်၊ ပျားရည်၊ ဆီ၊ လိမ်းဆေး စသည်တို့နှင့် လဲလှယ်ကြ၏။
အကြောင်းမူကား မပျောက်ကင်းနိုင်သော ရှမာရိမြို့၏ဒဏ်ရာများသည် ယုဒပြည်အထိ ရောက်လေပြီ။ ဂျေရုဆလင်မြို့ရှိ အကျွန်ုပ်လူမျိုး၏မြို့တံခါးသို့ ရောက်လေပြီ။
သင့်ဒဏ်ရာကို ကုသပေးမည့်သူမရှိ။ သင့်အနာသည် ဆိုးရွားလှ၏။ သင်မနှိပ်စက်ခဲ့ဖူးသူ ရှိသလော။ ထို့ကြောင့် သင့်သတင်းကို ကြားရသောသူအားလုံး လက်ခုပ်တီးကြလိမ့်မည်။
သင့်အား ငါအမှန်ဆိုမည်။ နောက်ဆုံးကွတ်ရန်တေးတစ်ပြားကို သင်ပြန်၍မဆပ်မချင်း ထိုနေရာမှ လုံးဝထွက်ရမည်မဟုတ်။