ထိုအခါ သူက ဧလိယအား “အို ဘုရားသခင်၏လူ၊ သင်နှင့်အကျွန်ုပ် အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်၏အပြစ်များကို ပြန်သတိရစေရန်နှင့် အကျွန်ုပ်သားကိုသေစေရန် အကျွန်ုပ်ထံ ရောက်လာခဲ့သလော”ဟု ဆိုလေ၏။
ယေရမိ 44:21 - မြန်မာ့စံမီသမ္မာကျမ်း “သင်တို့နှင့် သင်တို့၏ဘိုးဘေးများ၊ ရှင်ဘုရင်များ၊ အကြီးအကဲများနှင့် ပြည်သူပြည်သားတို့သည် ယုဒပြည်၊ ဂျေရုဆလင်မြို့လမ်းများပေါ်တွင် နံ့သာပေါင်းမီးရှို့ပူဇော်ခဲ့ကြသည်ကို ထာဝရဘုရား မအောက်မေ့ဘဲနေတော်မူမည်လော။ မမှတ်ဘဲနေတော်မူမည်လော။ Common Language Bible ``ယုဒမြို့များနှင့်ယေရုရှလင်မြို့လမ်း များတွင် သင်တို့နှင့်သင်တို့ဘိုးဘေးများ၊ သင် တို့ဘုရင်များနှင့်ခေါင်းဆောင်များ၊ ပြည်သူ များပူဇော်ခဲ့ကြသည့်ယဇ်များနှင့်ပတ် သက်၍ထာဝရဘုရားသိတော်မမူဟူ၍ သော်လည်းကောင်း၊ မေ့လျော့တော်မူလေပြီ ဟူ၍သော်လည်းကောင်းသင်တို့ထင်မှတ် ကြပါသလော။- Garrad Bible ယု ဒ ပြည် ရှိ မြို့ ရွာ များ တွင် လည်း ကောင်း၊ ယေ ရု ရှ လင် မြို့ ရှိ လမ်း များ တွင် လည်း ကောင်း၊ ဘိုး ဘေး တို့ မှ စ၍၊ ဘု ရင် မင်း၊ မှူး မတ် များ၊ ပြည် သူ ပြည် သား များ ပါ၊ ပူ ဇော် ကြ သော အ မှု ကို၊ ထာ ဝ ရ ဘု ရား သ တိ ရ လျက်၊ နှလုံး သွင်း တော် မူ သ ဖြင့်၊ Judson Bible သင်တို့မှစ၍ သင်တို့ဘိုးဘေး၊ ရှင်ဘုရင်၊ မှူးမတ်၊ ပြည်သူပြည်သားတို့သည် ယုဒမြို့များ၊ ယေရုရှလင်လမ်းများ၌ မီးရှို့သောနံ့သာပေါင်းကို ထာဝရဘုရားသည် မအောက်မေ့၊ နှလုံးမသွင်းဘဲ နေတော်မူသလော။ |
ထိုအခါ သူက ဧလိယအား “အို ဘုရားသခင်၏လူ၊ သင်နှင့်အကျွန်ုပ် အဘယ်သို့ဆိုင်သနည်း။ အကျွန်ုပ်၏အပြစ်များကို ပြန်သတိရစေရန်နှင့် အကျွန်ုပ်သားကိုသေစေရန် အကျွန်ုပ်ထံ ရောက်လာခဲ့သလော”ဟု ဆိုလေ၏။
ယခင်ကဒုစရိုက်များကို အကျွန်ုပ်တို့အပေါ်မှတ်တော်မမူပါနှင့်။ အကျွန်ုပ်တို့သည် အခြေအနေ အလွန်နိမ့်ပါးလျက်ရှိသည်ဖြစ်၍ ကိုယ်တော်၏သနားစုံမက်ခြင်းသည် အကျွန်ုပ်တို့ကိုကြိုဆိုရန် အလျင်အမြန်ရောက်လာပါစေသော။
အို ထာဝရဘုရား၊ ပြင်းစွာအမျက်ထွက်တော်မမူပါနှင့်။ အပြစ်များကို အစဉ်မှတ်တော်မမူပါနှင့်။ ကြည့်ရှုတော်မူပါ။ အကျွန်ုပ်တို့အားလုံးသည် ကိုယ်တော်၏လူမျိုးတော်ဖြစ်ပါ၏။
အို ယုဒပြည်၊ သင်၏မြို့အရေအတွက်များပြားသည်နှင့်အမျှ သင်၏ဘုရားတို့သည်လည်းများပြား၏။ ဂျေရုဆလင်မြို့ရှိလမ်းအရေအတွက်နှင့်အမျှ ရှက်ဖွယ်သောဘုရားအတွက် သင်တို့တည်သောယဇ်ပလ္လင်များ၊ ဗာလဘုရားအတွက် နံ့သာပေါင်းမီးရှို့ပူဇော်ရန် သင်တို့တည်သောယဇ်ပလ္လင်များသည်လည်း များပြား၏။
ထာဝရဘုရားက ဤလူမျိုးအား “သူတို့သည် ဟိုဟိုသည်သည်သွားလာရသည်ကို နှစ်သက်အားရကြ၏။ ကိုယ့်ခြေကိုယ်မထိန်းချုပ်ကြ။ ထို့ကြောင့် ထာဝရဘုရားသည် သူတို့ကို နှစ်သက်တော်မမူ။ သူတို့၏ဒုစရိုက်များကို မှတ်တော်မူမည်။ သူတို့အပြစ်များကြောင့် သူတို့ကိုဒဏ်ခတ်တော်မူမည်”ဟု မိန့်တော်မူ၏။
အကြောင်းမူကား အစ္စရေးအမျိုးသား၊ ယုဒအမျိုးသားတို့နှင့်တကွ သူတို့၏ဘုရင်များ၊ မှူးမတ်များ၊ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များ၊ ယုဒပြည်သူဂျေရုဆလင်မြို့သားတို့သည် မကောင်းမှုကိုပြု၍ ငါ့အမျက်ကိုနှိုးဆော်ကြပြီ။
ငါတို့ပြောထားသည့်အတိုင်း ငါတို့ဆက်ဆက်ပြုမည်။ ငါတို့၏ဘိုးဘေးများ၊ ရှင်ဘုရင်များ၊ အကြီးအကဲများက ယုဒမြို့ရွာများ၊ ဂျေရုဆလင်မြို့လမ်းများတွင် ပြုခဲ့ကြသည့်အတိုင်း ကောင်းကင်မိဖုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်မည်။ သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းမည်။ ထိုစဉ်က ငါတို့ ဝလင်စွာစားရ၏။ ကောင်းစားခဲ့၏။ ဘေးအန္တရာယ်နှင့်မကြုံရ။
ယေရမိကလည်း သူ့အားတုံ့ပြန်ပြောဆိုလာသော ယောက်ျား၊ မိန်းမ၊ လူအပေါင်းတို့အား
ယုဒပြည်၊ ဂျေရုဆလင်မြို့လမ်းများပေါ်တွင် သင်တို့ဘိုးဘေးများ၊ ယုဒရှင်ဘုရင်များ၊ မိဖုရားများ၊ သင်တို့နှင့်သင်တို့၏ဇနီးများ ပြုခဲ့ကြသော မကောင်းမှုများကို သင်တို့မေ့လျော့ကြပြီလော။
ထို့ပြင် သင်သည် လူစည်ကားသောနေရာတိုင်းတွင် ကိုယ့်အဖို့ အထွတ်အမြတ်ထားသောနေရာဆောက်၏။ ပူဇော်ရာကိုတည်၏။
သူတို့ပြုသောမကောင်းမှုအားလုံးကို ငါမှတ်ထားကြောင်း သူတို့၏စိတ်ထဲ၌ မတွေးမိကြ။ ယခုမှာ သူတို့ပြုသောအမှုသည် သူတို့ကိုဝိုင်းထားလေပြီ။ သူတို့လုပ်သမျှကို ငါမြင်လေပြီ။
ထာဝရဘုရားသည် ယာကုပ်၏မာနကြောင့် ဤသို့ ကျိန်ဆိုတော်မူပြီ။ “သူတို့ပြုသောအမှုတို့ကို ငါ ဘယ်တော့မှမမေ့။
မြို့ကြီးသည် သုံးပိုင်းကွဲသွား၍ တိုင်းနိုင်ငံတို့၏မြို့များသည်လည်း ပြိုလဲကြကုန်၏။ ဘုရားသခင်သည် မိမိ၏အမျက်တော်နှင့်ဆိုင်သည့် ပြင်းစွာသောဒေါသစပျစ်ဝိုင်ခွက်ကိုပေးရန် ဘေဘီလုံမြို့ကြီးကိုသတိရတော်မူ၏။
အဘယ်ကြောင့်ဆိုသော် သူ၏အပြစ်တို့သည် ကောင်းကင်အထိ စုပုံလျက်ရှိ၍ သူ၏မတရားမှုများကို ဘုရားသခင်မှတ်မိတော်မူပြီ။
ယခု သွား၍ အာမလက်လူမျိုးတို့ကို တိုက်ခိုက်လော့။ သူတို့ပိုင်ဆိုင်သောအရာအားလုံးကို ဖျက်ဆီးပစ်လော့။ မနှမြောနှင့်။ ယောက်ျား၊ မိန်းမ၊ ကလေးမှစ၍ နို့စို့ကလေးသူငယ်များအပါအဝင် နွား၊ သိုး၊ ကုလားအုတ်၊ မြည်းတို့ကို သတ်ဖြတ်လော့’ဟူ၍ မိန့်တော်မူပြီ”ဟု ဆို၏။