Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 16:24 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 ထို့ပြင် သင်​သည် လူစည်ကား​သော​နေရာ​တိုင်း​တွင် ကိုယ့်​အဖို့ အထွတ်အမြတ်​ထား​သော​နေရာ​ဆောက်​၏​။ ပူဇော်​ရာ​ကို​တည်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

24 စျေး​ရပ်​ကွက်​တိုင်း​တွင်​သင့်​အ​တွက်​သင် ကိုး​ကွယ်​ရန် တောင်​ကုန်း​နှင့် ရုပ်​တု​ကိုး​ကွယ် ရာ​ဌာ​န​များ​ကို​ပြု​လုပ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 သင် သည် လမ်း ဆုံ တိုင်း၌ ကုန်း ဖို့ ခြင်း၊ မြေ တောင် မြှောက် ခြင်း ပြု လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 ကိုယ်​နေ​ဖို့ ကု​ဋီ​တိုက်​ကို​တည်၍ လမ်း​ရှိ​တိုင်း မြင့်​သော​အ​ရပ်​ကို လုပ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 16:24
19 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည် အထွတ်အမြတ်​ထား​ရာ​နေရာ​များ​၊ ကျောက်တိုင်​များ​၊ အာရှရ​နတ်ဘုရားမ​တံခွန်တိုင်​များ​ကို​လည်း ကုန်း​မြင့်​ရှိသမျှ​၊ စိမ်းလန်း​သော​သစ်ပင်​ရှိသမျှ​တို့​အောက်​တွင် ကိုယ့်​အဖို့ တည်​ထား​ကြ​၏​။


ထို့ပြင် သူ​သည် ယုဒ​တောင်ကုန်း​များ​ပေါ်တွင် အထွတ်အမြတ်​ထား​ရာ​နေရာ​များ​ကို​လည်း တည်​၍ ဂျေရုဆလင်​မြို့သား​များ​ကို ဖောက်ပြန်မှားယွင်း​စေ​၏​။ ယုဒ​ပြည်သား​များ​ကို​လည်း လမ်းလွဲ​စေ​၏​။


ယုဒ​ပြည်​ရှိ မြို့တိုင်း​တွင် အခြား​ဘုရား​တို့​ကို နံ့သာပေါင်း​မီးရှို့ပူဇော်​ရန်​အတွက် အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို တည်​၏​။ ဤသို့ဖြင့် ဘိုးဘေး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို အမျက်ထွက်​စေ​၏​။


သူ​တို့​သည် မိမိ​တို့​အထွတ်အမြတ်​ထား​ရာ​နေရာ​များ​အားဖြင့် ကိုယ်တော်​ကို​အမျက်ထွက်​စေ​ပြီး မိမိ​တို့​၏​ရုပ်တု​များ​အားဖြင့် ကိုယ်တော်​ကို​သဝန်တို​စေ​ကြ​၏​။


ဝက်သစ်ချပင်​တို့​ကြား​၊ စိမ်းလန်း​သော​သစ်ပင်​ရှိသမျှ​တို့​အောက်​တွင် ရမ္မက်မီး​တောက်လောင်​သော​သူ​များ​၊ လျှိုမြောင်​ရှိ ကျောက်တောင်​အက်ကွဲကြောင်း​များ​တွင် သားသမီး​များ​ကို သတ်ဖြတ်​ပူဇော်​သော​သူ​များ ဖြစ်​ကြ​သည်​မ​ဟုတ်​လော​။


သင်​သည် မြင့်မား​သော​တောင်​ပေါ်တွင် သင်​၏​အိပ်ရာ​ကို​ခင်း​၏​။ ထို​တောင်​ပေါ်သို့​တက်​၍​လည်း ယဇ်​ပူဇော်​တတ်​၏​။


အို ယုဒ​ပြည်​၊ သင်​၏​မြို့​အရေအတွက်​များပြား​သည်​နှင့်အမျှ သင်​၏​ဘုရား​တို့​သည်​လည်း​များပြား​၏​။ ဂျေရုဆလင်​မြို့​ရှိ​လမ်း​အရေအတွက်​နှင့်အမျှ ရှက်ဖွယ်​သော​ဘုရား​အတွက် သင်​တို့​တည်​သော​ယဇ်ပလ္လင်​များ​၊ ဗာလ​ဘုရား​အတွက် နံ့သာပေါင်း​မီးရှို့ပူဇော်​ရန် သင်​တို့​တည်​သော​ယဇ်ပလ္လင်​များ​သည်​လည်း များပြား​၏​။


အို ကွင်းပြင်​ရှိ​ငါ့​တောင်​၊ ပြည်​တစ်ပြည်လုံး​ရှိ အပြစ်​များ​ကြောင့် သင်​၏​ဥစ္စာပစ္စည်း​၊ သင်​၏​ဘဏ္ဍာ​အလုံးစုံ​တို့​နှင့် သင်​အထွတ်အမြတ်​ထား​ရာ​ကုန်းမြင့်​တို့​ကို လုယူဖျက်ဆီး​ရာ​အဖြစ် ငါ​ပေးလိုက်​မည်​။


“​ရှေးကာလ​၌ သင်​၏​ထမ်းပိုး​ကို ငါ​ချိုး​၍ သင်​၏​အချည်အနှောင်​တို့​ကို ငါ​ဖြတ်​ခဲ့​၏​။ သင်​က ‘​အကျွန်ုပ် ဝတ်​မ​ပြု​ပါ​’​ဟု ဆို​၏​။ အကယ်စင်စစ် သင်​သည် ရှိရှိသမျှ​ကုန်း​မြင့်​ပေါ်တွင်​လည်းကောင်း​၊ ရှိရှိသမျှ​စိမ်းလန်း​သော​သစ်ပင်​အောက်​တွင်​လည်းကောင်း ပြည့်တန်ဆာ​လုပ်​၏​။


တောင်ကတုံး​များ​ပေါ်သို့ မျှော်ကြည့်​လော့​။ ယောက်ျား​တို့​နှင့် သင်​မ​အိပ်​ဖူး​သော​နေရာ ရှိ​သလော​။ တောကန္တာရ​မှ အာရပ်​လူမျိုး​ကဲ့သို့ သင်​သည် လမ်း​များ​၌​ထိုင်​၍ သူ​တို့​ကို စောင့်​နေ​၏​။ သင်​သည် ဖောက်ပြန်​သော​အပြစ်​အားဖြင့်​လည်းကောင်း​၊ မကောင်းမှု​အားဖြင့်​လည်းကောင်း ပြည်​ကို​ညစ်ညူး​စေ​ပြီ​။


သင်​ပြု​သော​မကောင်းမှု​များ​ကြောင့် အမင်္ဂလာ​သည် သင်​၏​နောက်​သို့ လိုက်လာ​လိမ့်မည်​ဟု ဘုရားရှင်​ထာဝရဘုရား မိန့်​တော်မူ​၏​။


‘သင်​သည် လမ်းဆုံလမ်းခွ​တိုင်း​တွင် အထွတ်အမြတ်​ထား​ရာ​နေရာ​ကို​တည်​၏​။ လူစည်ကား​သော​နေရာ​တိုင်း​တွင် ပူဇော်​ရာ​ကို​တည်​၏​။ ထိုသို့ ဖောက်ပြန်မှားယွင်း​နေ​သော်လည်း အခကြေးငွေ​မယူ​သောကြောင့် သင်​သည် ပြည့်တန်ဆာ​နှင့်​မ​တူ​။


သင့်​ကို သူ​တို့​လက်​သို့​အပ်​လိုက်​မည်​။ သူ​တို့​သည် သင်​၏​ကွန်းခိုရာ​ကို ဖြိုချ​ပစ်​မည်​၊ သင်​အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို ဖျက်ဆီး​ပစ်​မည်​။ သင့်​အဝတ်​များ​ကို​ချွတ်​၍ လက်ဝတ်ရတနာ​များ​ကို​ယူ​ပြီးလျှင် အဝတ်မပါ​အချည်းစည်း ပစ်​ထား​ကြ​လိမ့်မည်​။


ငါ​သည် သင်​တို့​အထွတ်အမြတ်​ထား​ရာ​နေရာ​တို့​ကို ဖျက်ဆီး​၍ သင်​တို့​၏​နံ့သာပေါင်း​ပူဇော်​ရာ​ယဇ်ပလ္လင်​တို့​ကို ခုတ်လှဲ​မည်​။ သင်​တို့​၏​အလောင်း​တို့​ကို သင်​တို့​၏​သက်မဲ့​ရုပ်တု​များ​အပေါ်​၌ စုပုံ​ထား​မည်​။ ငါ​၏​စိတ်ဝိညာဉ်​သည် သင်​တို့​ကို​ရွံရှာ​မည်​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ