ထိုအခါ စစ်တပ်အကြီးအကဲများအပါအဝင် လူကြီးလူငယ်အားလုံးတို့သည် ခါလဒဲလူမျိုးတို့ကိုကြောက်သဖြင့် ထ၍ အီဂျစ်ပြည်သို့ ထွက်ပြေးသွားကြလေ၏။
ယေရမိ 43:7 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် သူတို့သည် ထာဝရဘုရား၏စကားတော်ကိုမနာခံဘဲ အီဂျစ်ပြည်သို့ထွက်သွား၍ တာပနက်မြို့တိုင်အောင် ရောက်သွားကြ၏။ Common Language Bible သူတို့သည်ထာဝရဘုရား၏အမိန့်တော် ကိုလွန်ဆန်ကာ တာပနက်မြို့တိုင်အောင် အီဂျစ်ပြည်ထဲသို့ဝင်ရောက်ကြလေသည်။ Garrad Bible ထာ ဝ ရ ဘု ရား ၏ အ မိန့် တော် သံ ကို နား မ ထောင် ဘဲ၊ အိ ဂျစ် ပြည် တာ ပ နက် မြို့ သို့ ရောက် လာ ကြ သ တည်း။ Judson Bible ထာဝရဘုရား၏အမိန့်တော်ကို နားမထောင်ဘဲ၊ အဲဂုတ္တုပြည်သို့သွား၍ တာပနက်မြို့သို့ ရောက်ကြ၏။ |
ထိုအခါ စစ်တပ်အကြီးအကဲများအပါအဝင် လူကြီးလူငယ်အားလုံးတို့သည် ခါလဒဲလူမျိုးတို့ကိုကြောက်သဖြင့် ထ၍ အီဂျစ်ပြည်သို့ ထွက်ပြေးသွားကြလေ၏။
ထိုသို့ ပရောဖက်ပြောဆိုနေသည်ကို အာမဇိမင်းကြီးက “သင့်ကို ရှင်ဘုရင်၏အတိုင်ပင်ခံအဖြစ် ခန့်ထားသလော။ တိတ်တိတ်နေလော့။ အဘယ်ကြောင့် ကိုယ့်ကိုယ်ကိုယ် အသတ်ခံရအောင်လုပ်သနည်း”ဟု ပြန်ပြောရာ ပရောဖက်က “ငါပေးသောအကြံကို သင်နားမထောင်၊ ဤအမှုကို သင်ပြုသောကြောင့် ဘုရားသခင်သည် သင့်ကိုဖျက်ဆီးပစ်ရန် ကြံရွယ်ထားသည်ကို ငါသိ၏”ဟု ဆိုလေ၏။
ငါ၏ဗျာဒိတ်တော်ကိုမမေးမြန်းဘဲ ဖာရောမင်းကြီး၏အကာအကွယ်အောက်၌ နားခိုရာကိုရှာပြီး အီဂျစ်ပြည်၏အရိပ်ကိုခိုလှုံရန် အီဂျစ်ပြည်သို့ဆင်းသွားကြ၏။
သူ၏အကြီးအကဲတို့သည် ဇောနမြို့၌ရှိ၍ သူ၏သံတမန်တို့သည် ဟာနက်မြို့သို့ရောက်ကြပြီ။
မင်ဖစ်မြို့သား၊ တာပနက်မြို့သားတို့သည်လည်း သင်၏ဦးထိပ်ကို ထိုးဖောက်ကြပြီ။
ထို့နောက် သူတို့သည် ဗက်လင်မြို့နားရှိ ဂေရုခိမဟံအရပ်တွင် သွား၍နေထိုင်ကြပြီး ထိုမှတစ်ဆင့် အီဂျစ်ပြည်သို့သွားရန် ကြံရွယ်ကြ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသောစကားကိုလည်းကောင်း၊ ငါ့ကို သင်တို့ထံစေလွှတ်၍ ဆင့်ဆိုစေသမျှကိုလည်းကောင်း ယနေ့ သင်တို့အား ငါပြောပြသော်လည်း သင်တို့နားမထောင်ကြ။
အီဂျစ်ပြည်၊ မိဂဒေါလမြို့၊ တာပနက်မြို့၊ မင်ဖစ်မြို့၊ ပါသရုမြို့တို့၌ နေထိုင်သော ဂျူးလူမျိုးအပေါင်းတို့နှင့်ပတ်သက်၍ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ရောက်လာ၍
တစ်ဖန် ယေရမိက မိန်းမအပါအဝင် လူအပေါင်းတို့အား “အီဂျစ်ပြည်ရှိ ယုဒလူမျိုးအပေါင်းတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။
“ဓားသည် သင့်ပတ်လည်ရှိပြည်တို့ကို ဝါးမျိုလေပြီ။ သင်လည်း အသင့်ပြင်၊ နေရာယူလော့”ဟု အီဂျစ်ပြည်၌ကြွေးကြော်လော့။ မိဂဒေါလမြို့၌ ကြေညာလော့။ မင်ဖစ်မြို့၊ တာပနက်မြို့၌ ကြေညာလော့။
အီဂျစ်ပြည်၏ထမ်းပိုးကို ချိုးပစ်သောအခါ တာပနက်မြို့၌ နေ့သည် အမှောင်ကျလိမ့်မည်။ သူဂုဏ်ယူအားထားရာ သူ၏ခွန်အားသည်လည်း ကုန်ခန်းသွား၍ သူ့အဖို့ တိမ်ဖုံးသောနေ့တစ်နေ့ဖြစ်လိမ့်မည်။ မြို့သူမြို့သားတို့သည် သုံ့ပန်းအဖြစ် ပါသွားကြလိမ့်မည်။