ဤသည်ကား ဆိုးယုတ်သောသူအဖို့ ဘုရားသခင်ထံမှ ဝေစုဖြစ်၏။ သူ့အဖို့ ဘုရားသခင်သတ်မှတ်ထားသောအမွေလည်း ဖြစ်၏”ဟု ဆိုလေ၏။
ယေရမိ 43:11 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ရောက်လာ၍ အီဂျစ်ပြည်ကို တိုက်ခိုက်လိမ့်မည်။ သေဘေးသင့်သောသူတို့အား သေခြင်းသို့လည်းကောင်း၊ ဖမ်းခေါ်သွားခြင်းဘေးသင့်သောသူတို့အား ဖမ်းခေါ်သွားခြင်းသို့လည်းကောင်း၊ ဓားဘေးသင့်သောသူတို့အား ဓားဘေးသို့လည်းကောင်း အပ်လိမ့်မည်။ Common Language Bible နေဗုခဒ်နေဇာသည်လာ၍အီဂျစ်ပြည်ကို နှိမ်နင်းအောင်မြင်လိမ့်မည်။ သူသည်အနာ ရောဂါဘေးဖြင့်သေရကြမည့်သူတို့အား အနာရောဂါဘေးဖြင့်သေစေလိမ့်မည်။ သုံ့ ပန်းများအဖြစ်နှင့်ခေါ်ဆောင်ခြင်းခံရကြ မည့်သူတို့အားသုံ့ပန်းများအဖြစ်ခေါ်ဆောင် သွားလိမ့်မည်။ စစ်ပွဲတွင်ကျဆုံးရကြမည့် သူတို့အားစစ်ပွဲတွင်ကျဆုံးစေလိမ့်မည်။- Garrad Bible ထို မင်း သည် ရောက် လာ၍၊ ဤ ကျောက် ပြား ထက်၊ နေ ရာ တော် ခင်း လျက်၊ သေ ဘေး ခံ သင့် သူ တို့ ကို သေ ခြင်း သို့ လည်း ကောင်း၊ သုံ့ ပန်း ဘေး ခံ သင့် သူ တို့ ကို သုံ့ ပန်း ခြင်း သို့ လည်း ကောင်း၊ ဓား ဘေး ခံ သင့် သူ တို့ ကို လုပ် ကြံ ခြင်း သို့ လည်း ကောင်း၊ အပ် သ ဖြင့်၊ အိ ဂျစ် ပြည် ကို ဒဏ် ခတ် လိမ့် မည်။ Judson Bible ထိုမင်းသည် ရောက်လာသောအခါ၊ အဲဂုတ္တုပြည်ကိုလုပ်ကြံ၍၊ သေတန်သောသူတို့ကို သေခြင်းသို့လည်းကောင်း၊ သိမ်းသွားချုပ်ထားတန်သော သူတို့ကို သိမ်းသွားချုပ်ထားခြင်းသို့လည်းကောင်း၊ ကွပ်မျက်တန်သောသူတို့ကို ကွပ်မျက်ခြင်းသို့လည်းကောင်း အပ်လိမ့်မည်။ |
ဤသည်ကား ဆိုးယုတ်သောသူအဖို့ ဘုရားသခင်ထံမှ ဝေစုဖြစ်၏။ သူ့အဖို့ ဘုရားသခင်သတ်မှတ်ထားသောအမွေလည်း ဖြစ်၏”ဟု ဆိုလေ၏။
သူတို့က ‘အကျွန်ုပ်တို့သည် မည်သည့်အရပ်သို့ သွားရမည်နည်း’ဟု သင့်အားမေးလျှင် သင်က သူတို့အား ထာဝရဘုရားက ‘သေသင့်သောသူတို့သည် သေဘေးရှိရာသို့၊ ဓားဘေးသင့်မည့်သူတို့သည် ဓားဘေးရှိရာသို့၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးသင့်မည့်သူတို့သည် ငတ်မွတ်ခေါင်းပါးခြင်းဘေးရှိရာသို့၊ ဖမ်းခေါ်သွားခြင်းခံရမည့်သူတို့သည် ဖမ်းခေါ်သွားရာသို့ သွားရမည်’ဟူ၍ မိန့်တော်မူကြောင်း ဆင့်ဆိုရမည်”ဟု မိန့်တော်မူ၏။
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက “ငါ့လက်မှ ဤအမျက်တော်စပျစ်ဝိုင်ခွက်ကိုယူ၍ သင့်အား ငါစေလွှတ်သောအရပ်ရှိ လူမျိုးအားလုံးကို တိုက်လော့။
ထို့နောက်မှ အီဂျစ်ဘုရင်ဖာရောမင်းကြီးနှင့် သူ၏အမှုထမ်းများ၊ အကြီးအကဲများ၊ သူ့လူမျိုးများ၊
ထို့ကြောင့် သင်တို့သွားရောက်နေထိုင်မည့်ပြည်၌ သင်တို့သည် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သေကြရမည်ကို အသေအချာမှတ်ထားကြလော့”ဟု ပြောဆိုလေ၏။
အီဂျစ်ပြည်သို့သွားရောက်နေထိုင်ရန် စိတ်ပိုင်းဖြတ်သော ယုဒလူမျိုးအကြွင်းအကျန်တို့ကို ငါဖယ်ရှားပစ်မည်။ သူတို့အားလုံး အီဂျစ်ပြည်၌ပင် လဲကျသေဆုံးကြရမည်။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သေကြရမည်။ အကြီးဆုံးမှစ၍ အငယ်ဆုံးတိုင်အောင် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သေကြရမည်။ ကျိန်ဆဲစရာ၊ ထိတ်လန့်စရာ၊ ရွံရှာစရာ၊ ကဲ့ရဲ့စရာ ဖြစ်ကြရလိမ့်မည်။
ငါသည် ဂျေရုဆလင်မြို့ကို ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် ဒဏ်ခတ်သကဲ့သို့ အီဂျစ်ပြည်၌ နေထိုင်သောသူတို့ကိုလည်း ဒဏ်ခတ်မည်။
မည်သူမျှ၊ မည်သည့်တိရစ္ဆာန်မျှ ဖြတ်သန်းသွားလာတော့မည်မဟုတ်။ အနှစ်လေးဆယ်ပတ်လုံး နေထိုင်မည့်သူ ရှိတော့မည်မဟုတ်။
လူသုံးပုံတစ်ပုံသည် ကပ်ရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် သင်တို့အလယ်တွင် သေကျေပျက်စီးကြမည်။ ကျန်သုံးပုံတစ်ပုံသည် ဓားဘေးဖြင့် သင်တို့ပတ်ပတ်လည်တွင်ကျဆုံးကြမည်။ ကျန်သုံးပုံတစ်ပုံသည် လေနှင်ရာအရပ်ရပ်သို့ ကွဲလွင့်သွားမည်။ ငါသည် ဓားကိုထုတ်၍ သူတို့နောက်ကိုလိုက်မည်’ဟု မိန့်တော်မူ၏။
ထို့နောက် ငါက “သင်တို့ကို ငါထိန်းကျောင်းတော့မည်မဟုတ်။ သေမည့်အကောင်လည်း သေပါစေ။ အသတ်ခံရမည့်အကောင်လည်း အသတ်ခံရပါစေ။ ကျန်သောအကောင်တို့သည်လည်း အချင်းချင်း၏အသားကို ကိုက်စားကြပါစေ”ဟု ဆိုပြီးလျှင်
ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရမည့်သူသည် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရမည်ဖြစ်၏။ ဓားဖြင့်အသေသတ်ခြင်းခံရမည့်သူသည် ဓားဖြင့်အသေသတ်ခြင်းကိုခံရမည်ဖြစ်၏။ ဤနေရာတွင် သန့်ရှင်းသူတို့၏သည်းခံခြင်းနှင့်သစ္စာစောင့်ခြင်းတို့ရှိကြ၏။