ယခုဆိုလျှင် သူသည် လိုဏ်ဂူတစ်ခုခု၊ သို့မဟုတ် နေရာတစ်နေရာရာတွင် ပုန်းရှောင်နေပါလိမ့်မည်။ စစ်စတိုက်သည်နှင့် စစ်သည်တို့ကျဆုံးကြောင်းကြားသောသူတို့က ‘အဗရှလုံနောက်လိုက်သူတို့ အသတ်ခံရလေပြီ’ဟု ဆိုကြပါလိမ့်မည်။
ယေရမိ 41:9 - မြန်မာ့စံမီသမ္မာကျမ်း ဣရှမေလသတ်ခဲ့သော ဂေဒလိနှင့်လူတို့၏အလောင်းများကို ပစ်ချခဲ့ရာတွင်းသည် အစ္စရေးဘုရင်ဗာရှာမင်းကြီးကိုကြောက်၍ အာသမင်းကြီး တူးထားခဲ့သောတွင်းဖြစ်၏။ ဤသို့ဖြင့် နေသနိ၏သားဣရှမေလသည် ထိုတွင်းကို လူသေအလောင်းများဖြင့် ပြည့်စေ၏။ Common Language Bible မိမိသတ်ဖြတ်လိုက်သူတို့၏အလောင်းများ ကိုဣရှမေလပစ်ချသည့်ရေတွင်းကား အလွန်ကြီး၍ ဣသရေလဘုရင်ဗာရှာ၏ဘေး မှခုခံကာကွယ်ရန် အာသမင်းတူးထားသည့် ရေတွင်းဖြစ်သတည်း။ ဣရှမေလသည်မိမိ သတ်ဖြတ်လိုက်သည့်လူသေအလောင်းများ ဖြင့်ထိုတွင်းကိုပြည့်စေ၏။- Garrad Bible ဂေ ဒ လိ အ လောင်း နှင့် တ ကွ၊ လုပ် ကြံ ပြီး သော အ လောင်း ဟူ သ မျှ ကို၊ ဣ ရှ မေ လ ပစ် ချ သော တွင်း ကား၊ ဣ သ ရေ လ ဘု ရင် ဗာ ရှာ မင်း အ ရေး ကြောင့်၊ အာ သ မင်း တူး ဖော် ခဲ့ သော တွင်း တည်း။ နာ သ နိ သား ဣ ရှ မေ လ သည်၊ ထို တွင်း ကို အ သေ ကောင် များ နှင့် ပြည့် စေ သ တည်း။ Judson Bible ဣရှမေလသည် ဂေဒလိနှင့်အတူ သတ်သောသူ အသေကောင်များကို ပစ်ချသောတွင်းသည် အခြားတွင်းမဟုတ်၊ အာသမင်းကြီးသည် ဣသရေလရှင်ဘုရင်ဗာရှာကို ကြောက်၍တူးသောတွင်း ဖြစ်သတည်း။ ထိုတွင်းကို နာသနိသား ဣရှမေလသည် အသေကောင်များနှင့် ပြည့်စေ၏။ |
ယခုဆိုလျှင် သူသည် လိုဏ်ဂူတစ်ခုခု၊ သို့မဟုတ် နေရာတစ်နေရာရာတွင် ပုန်းရှောင်နေပါလိမ့်မည်။ စစ်စတိုက်သည်နှင့် စစ်သည်တို့ကျဆုံးကြောင်းကြားသောသူတို့က ‘အဗရှလုံနောက်လိုက်သူတို့ အသတ်ခံရလေပြီ’ဟု ဆိုကြပါလိမ့်မည်။
သင်မူကား သင်၏သင်္ချိုင်းဂူနှင့်ဝေးရာ၌ ဆွေးမြည့်သောသစ်ကိုင်းကဲ့သို့ လွှင့်ပစ်ခြင်းခံရ၏။ အသတ်ခံရသောသူ၊ ဓားထိုးခံရသောသူ၊ ကျောက်တွင်းထဲသို့ကျသောသူတို့၏အသေကောင်များဖြင့် ဖုံးအုပ်ခြင်းခံရလျက် အနင်းခံရသော အလောင်းကောင်ကဲ့သို့ဖြစ်၏။
ဤလောကသည် ထိုသူတို့နှင့်မထိုက်တန်ချေ။ သူတို့သည် တောကန္တာရများ၊ တောင်တန်းများ၊ လိုဏ်ဂူများနှင့် မြေတွင်းများတွင် လှည့်လည်နေထိုင်ကြရ၏။
မိဒျန်လူမျိုးတို့သည် အစ္စရေးလူမျိုးတို့ကို ညှဉ်းဆဲကြ၏။ မိဒျန်လူမျိုးကြောင့် အစ္စရေးအမျိုးသားတို့သည် တောင်များတွင်ရှိသော တွင်းများ၊ လိုဏ်ဂူများတွင် ခိုလှုံစရာနေရာများ ပြုလုပ်ကြရ၏။
အစ္စရေးအမျိုးသားတို့သည် မိမိတို့၏စစ်သည် အပြင်းအထန်နှိမ်နင်းခံရ၍ ဒုက္ခရောက်နေသည်ကို သိမြင်လေ၏။ စစ်သည်တို့သည် လိုဏ်ဂူ၊ ဆူးချုံတော၊ ကျောက်ဆောင်၊ မြေတွင်းနှင့် လိုဏ်ခေါင်းများထဲ၌ ပုန်းအောင်းနေကြရလေ၏။
သူတို့နှစ်ဦးစလုံးသည် ဖိလိတ္တိကင်းတပ်ရှေ့တွင် လူရိပ်ပြလေ၏။ ဖိလိတ္တိလူမျိုးတို့ကလည်း “ကြည့်ပါ။ ဟေဗြဲလူမျိုးတို့သည် ပုန်းခိုရာတွင်းထဲမှ ထွက်လာကြပြီ”ဟု ဆိုပြီးလျှင်
ဧဖရိမ်တောင်ပေါ်ဒေသ၌ ပုန်းအောင်းနေသော အစ္စရေးအမျိုးသားအပေါင်းတို့သည်လည်း ဖိလိတ္တိလူမျိုးတို့ ထွက်ပြေးနေရကြောင်းကို ကြားသိလျှင် တိုက်ပွဲတွင်ပါဝင်လာကြပြီး သူတို့အား လိုက်လံတိုက်ခိုက်လေ၏။
လမ်းဘေးရှိ သိုးခြံများရှိရာသို့ရောက်သောအခါ ရှောလုမင်းကြီးသည် အပေါ့အပါးသွားလိုသောကြောင့် ထိုနေရာရှိ လိုဏ်ဂူတစ်ခုသို့ ဝင်သွား၏။ ဒါဝိဒ်နှင့်သူ့နောက်လိုက်တို့သည် ထိုလိုဏ်ဂူအတွင်းပိုင်းထဲတွင် ရှိနေကြ၏။