မြက်ပင်ကိုရှင်းပြီးနောက် မြက်နုများပေါက်လာတတ်၏။ တောင်များပေါ်မှ အပင်တို့ကို စုသိမ်းပြီးသောအခါတွင်
ယေရမိ 40:12 - မြန်မာ့စံမီသမ္မာကျမ်း သူတို့နှင်ထုတ်ခံရ၍ ရောက်ရာအရပ်ရပ်တို့မှ ယုဒပြည်၊ ဂေဒလိရှိရာ မိဇပါမြို့သို့ ပြန်လာကြ၏။ ဂျူးလူမျိုးအပေါင်းတို့သည် ထိုမြို့သို့ရောက်ကြ၍ စပျစ်ဝိုင်၊ နွေရာသီသီးနှံနှင့် ဆီတို့ကို အများအပြားစုသိမ်းကြလေ၏။ Common Language Bible သို့ဖြစ်၍ဣသရေလအမျိုးသားအပေါင်း တို့သည် မိမိတို့ကွဲလွင့်လျက်ရှိရာအရပ် တကာမှယုဒပြည်သို့ပြန်လာကြ၏။ သူ တို့သည်ဂေဒလိရှိရာမိဇပါမြို့သို့လာ ရောက်ကြပြီးလျှင် စပျစ်ရည်နှင့်သစ်သီး အမြောက်အမြားကိုသိမ်းယူကြလေသည်။ Garrad Bible နှင် ထုတ် ခဲ့ ရာ အ ပြည် ပြည် မှ၊ ယု ဒ ပြည် မိ ဇ ပါ မြို့ ရှိ ဂေ ဒ လိ ထံ ပြန် လာ ဝင် ရောက်၍၊ စ ပျစ် ရည် နှင့် အ သီး များ စွာ ကို စု သိမ်း ကြ ၏။ Judson Bible နှင်ထုတ်ရာပြည် အရပ်ရပ်တို့မှ ပြန်လာ၍၊ ယုဒပြည်၊ ဂေဒလိရှိရာမိဇပါမြို့သို့ ရောက်သဖြင့်၊ များစွာသော စပျစ်ရည်နှင့် နွေကာလအသီးကို သိမ်းယူကြ၏။ |
မြက်ပင်ကိုရှင်းပြီးနောက် မြက်နုများပေါက်လာတတ်၏။ တောင်များပေါ်မှ အပင်တို့ကို စုသိမ်းပြီးသောအခါတွင်
ထို့ကြောင့် ယာဇာမြို့အတွက် ငိုကြွေးသကဲ့သို့ စိဗမာစပျစ်ပင်အတွက်လည်း ငါငိုကြွေး၏။ အို ဟေရှဘုန်မြို့၊ အို ဧလာလေမြို့၊ သင့်ကို ငါ့မျက်ရည်ဖြင့် ရွှဲရွှဲစိုစေမည်။ အကြောင်းမူကား သင်၏နွေရာသီသီးနှံအတွက်၊ သင်၏သီးနှံရိတ်သိမ်းခြင်းအတွက် ကြွေးကြော်သံ ငြိမ်းလေပြီ။
ငါမူကား မိဇပါမြို့တွင်နေထိုင်ပြီး ငါတို့ထံရောက်လာမည့် ခါလဒဲလူမျိုးတို့ကို ရင်ဆိုင်ပေးမည်။ သင်တို့မူကား စပျစ်ဝိုင်မှစ၍ နွေရာသီသီးနှံ၊ ဆီတို့ကို စုသိမ်းပြီး အိုးများ၌ သိုထားကြလော့။ သင်တို့ရထားသောမြို့တို့တွင် နေထိုင်ကြလော့”ဟု ဆိုလေ၏။
တစ်နေ့တွင် ကာရာ၏သားယောဟနန်နှင့် တောထဲ၌ပုန်းခိုနေသော စစ်သည်အကြီးအကဲအပေါင်းတို့သည် ဂေဒလိရှိရာမိဇပါမြို့သို့ လာကြ၍
ဣရှမေလသည် မိဇပါမြို့တွင် ကြွင်းကျန်သောသူအားလုံးကို ဖမ်းသွား၏။ ဖမ်းသွားသောသူတို့တွင် အဟိကံ၏သားဂေဒလိထံ ကိုယ်ရံတော်မှူးနေဗုဇာရဒန်အပ်ထားခဲ့သော ဘုရင့်သမီးတော်များနှင့် မိဇပါမြို့တွင် ကြွင်းကျန်သောသူအားလုံးတို့ပါကြ၏။ နေသနိ၏သားဣရှမေလသည် သူတို့ကို သုံ့ပန်းအဖြစ် အမ္မုန်အမျိုးသားတို့ပြည်သို့ ခေါ်ဆောင်သွား၏။
ထို့ပြင် ယုဒပြည်၌နေထိုင်ရန် နှင်ထုတ်ခံရရာအတိုင်းတိုင်းအပြည်ပြည်မှပြန်လာကြသော ယုဒအမျိုးအကြွင်းအကျန်တို့ကို ကာရာ၏သားယောဟနန်နှင့် စစ်သည်အကြီးအကဲတို့သည် ခေါ်ဆောင်သွားကြ၏။
ကောင်းကင်မိဖုရားများအား နံ့သာပေါင်းကို မီးရှို့မပူဇော်၊ သွန်းလောင်းရာပူဇော်သက္ကာကို မသွန်းလောင်းဘဲ ရပ်တန့်လိုက်သည့်အချိန်မှစ၍ အရာရာ၌ချို့တဲ့ပြီ။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့် ပျက်စီးရကြပြီ”ဟု ဆိုကြ၏။
ငါ့သိုးတို့သည် တောင်တန်းရှိသမျှ၊ ကုန်းမြင့်ရှိသမျှတို့တွင် လှည့်လည်သွားလာနေရပြီ။ မြေတစ်ပြင်လုံးသို့ ကွဲလွင့်ကုန်ပြီ။ ငါ့သိုးတို့ကို လိုက်လံရှာဖွေသူ တစ်ယောက်မျှမရှိ’ဟု မိန့်တော်မူ၏။