ယေရမိ 40:12 - Common Language Bible12 သို့ဖြစ်၍ဣသရေလအမျိုးသားအပေါင်း တို့သည် မိမိတို့ကွဲလွင့်လျက်ရှိရာအရပ် တကာမှယုဒပြည်သို့ပြန်လာကြ၏။ သူ တို့သည်ဂေဒလိရှိရာမိဇပါမြို့သို့လာ ရောက်ကြပြီးလျှင် စပျစ်ရည်နှင့်သစ်သီး အမြောက်အမြားကိုသိမ်းယူကြလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible12 နှင် ထုတ် ခဲ့ ရာ အ ပြည် ပြည် မှ၊ ယု ဒ ပြည် မိ ဇ ပါ မြို့ ရှိ ဂေ ဒ လိ ထံ ပြန် လာ ဝင် ရောက်၍၊ စ ပျစ် ရည် နှင့် အ သီး များ စွာ ကို စု သိမ်း ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible12 နှင်ထုတ်ရာပြည် အရပ်ရပ်တို့မှ ပြန်လာ၍၊ ယုဒပြည်၊ ဂေဒလိရှိရာမိဇပါမြို့သို့ ရောက်သဖြင့်၊ များစွာသော စပျစ်ရည်နှင့် နွေကာလအသီးကို သိမ်းယူကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 သူတို့နှင်ထုတ်ခံရ၍ ရောက်ရာအရပ်ရပ်တို့မှ ယုဒပြည်၊ ဂေဒလိရှိရာ မိဇပါမြို့သို့ ပြန်လာကြ၏။ ဂျူးလူမျိုးအပေါင်းတို့သည် ထိုမြို့သို့ရောက်ကြ၍ စပျစ်ဝိုင်၊ နွေရာသီသီးနှံနှင့် ဆီတို့ကို အများအပြားစုသိမ်းကြလေ၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ဣရှမေလသည် ဂေဒလိ၏စောင့် ရှောက်မှုကိုခံယူစေရန် တပ်မှူးနေဗုဇာရဒန် အပ်နှံထားသည့်ဘုရင့်သမီးတော်များနှင့် မိဇပါမြို့တွင်ကျန်ရှိနေသေးသူအပေါင်း တို့အားဖမ်းဆီးချုပ်နှောင်ပြီးလျှင် သုံ့ပန်း များအဖြစ်ဖြင့်အမ္မုန်ပြည်ရှိရာသို့ခေါ် ဆောင်သွားလေသည်။
သို့ရာတွင်ကောင်းကင်ဘုရင်မကိုယဇ်ပူဇော် မှု၊ သူ့အဖို့စပျစ်ရည်ပူဇော်သကာသွန်း လောင်းမှုတို့ကိုမပြုကြတော့သည့်အချိန် မှအစပြု၍ ငါတို့သည်များစွာချို့တဲ့ လျက်ငါတို့အမျိုးသားများသည်စစ်ဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးသင့်၍သေရ ကြပါ၏'' ဟုပြောကြားကြလေသည်။