မိဒျန်လူမျိုးကုန်သည်တို့ဖြတ်လာကြသောအခါ အစ်ကိုတို့သည် ယောသပ်ကို တွင်းထဲမှဆွဲထုတ်၍ ငွေရှယ်ကယ်နှစ်ဆယ်ဖြင့် ယောသပ်ကိုဣရှမေလလူမျိုးတို့ထံရောင်းလိုက်၏။ ထိုသူတို့သည်လည်း ယောသပ်ကို အီဂျစ်ပြည်သို့ခေါ်ဆောင်သွားကြ၏။
ယေရမိ 38:13 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် သူတို့သည် ယေရမိအား ကြိုးဖြင့် တွင်းထဲမှဆွဲတင်ကြ၏။ ယေရမိလည်း ထောင်ဝင်းထဲ၌နေရပြန်၏။ Common Language Bible ထိုနောက်သူတို့သည်ငါ့အားကြိုးများဖြင့် ဆွဲ၍ရေတွင်းထဲမှကယ်ဆယ်လိုက်ကြ၏။ ထိုနောက်ငါသည်နန်းတော်ဝင်းအတွင်း၌ နေရလေသည်။ Garrad Bible ယေ ရ မိ လိုက် နာ၍ ရေ တွင်း ထဲ က ကြိုး ဖြင့် ဆွဲ တင် ကြ ပြီး မှ၊ နှောင် အိမ် မြို့ ရိုး ငယ့် အ တွင်း၊ ယေ ရ မိ နေ ရ ပြန် ၏။ Judson Bible ထိုသို့ယေရမိကို မြေတွင်းထဲက ကြိုးနှင့်ဆွဲတင်ကြ၏။ ထိုနောက် ယေရမိသည်ထောင်ဝင်းထဲမှာ နေလေ၏။ |
မိဒျန်လူမျိုးကုန်သည်တို့ဖြတ်လာကြသောအခါ အစ်ကိုတို့သည် ယောသပ်ကို တွင်းထဲမှဆွဲထုတ်၍ ငွေရှယ်ကယ်နှစ်ဆယ်ဖြင့် ယောသပ်ကိုဣရှမေလလူမျိုးတို့ထံရောင်းလိုက်၏။ ထိုသူတို့သည်လည်း ယောသပ်ကို အီဂျစ်ပြည်သို့ခေါ်ဆောင်သွားကြ၏။
‘ငါ ဘေးကင်းစွာပြန်လာသည့်အချိန်ထိ ဤသူကို ထောင်ချထား၍ သူ့အား မသေရုံတမည်သာ မုန့်နှင့်ရေကို ပေးလော့’ဟူ၍ ရှင်ဘုရင်အမိန့်ပေးကြောင်းပြောကြားလော့”ဟု မိန့်ဆို၏။
ဥဇဲ၏သားပါလလသည် ထောင့်ချိုးနှင့်မျက်နှာချင်းဆိုင်အပိုင်းနှင့် ထောင်ဝင်းအနီး ဘုရင့်အထက်နန်းတော်ရှိ ထိုးထွက်နေသောမျှော်စင်ကို ပြုပြင်၏။ သူ၏ဘေးတွင် ပါရုတ်၏သားပေဒါယ ပြုပြင်၏။
သွေးဆာသောသူတို့သည် အပြစ်တင်စရာမရှိသောသူကိုမုန်း၍ ဖြောင့်မှန်သောသူ၏အသက်ကိုသတ်ရန် ရှာကြံတတ်ကြ၏။
ထိုအခါ မှူးမတ်တို့နှင့် ပြည်သူပြည်သားတို့က ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့အား “ဤသူသည် ငါတို့၏ဘုရားသခင် ထာဝရဘုရား၏နာမတော်ဖြင့် ငါတို့အား ဟောပြောသည်ဖြစ်၍ သေဒဏ်မခံထိုက်ပါ”ဟု ဆိုကြ၏။
ထိုအချိန်သည် ဘေဘီလုံဘုရင်၏စစ်သည်တို့ ဂျေရုဆလင်မြို့ကို ဝိုင်းထားကြသောအချိန်၊ ပရောဖက်ယေရမိသည်လည်း ယုဒဘုရင်၏နန်းတော်ရှိထောင်ဝင်းထဲတွင် ချုပ်နှောင်ထားခြင်းခံနေရသောအချိန်ဖြစ်၏။
ထို့နောက် ဇေဒကိမင်းကြီး၏အမိန့်တော်ဖြင့် ယေရမိကို ထောင်ဝင်းထဲ၌ ထားကြ၏။ မြို့ထဲရှိ မုန့်များမရှိတော့သည်အထိ သူ့အား မုန့်ဖုတ်တန်းမှ မုန့်တစ်လုံးကို နေ့စဉ်ပေးရ၏။ ဤသို့ ယေရမိသည် ထောင်ဝင်းထဲ၌ နေရလေ၏။
ထိုအခါ အီသီယိုးပီးယားအမျိုးသား ဧဗဒမေလက်က ယေရမိအား “ဤအဝတ်ဟောင်းအဝတ်စုတ်တို့ကို သင့်ချိုင်းနှင့် ကြိုးအကြား၌ ခံထားလော့”ဟု ပြောသည့်အတိုင်း ယေရမိပြုလေ၏။
ယေရမိသည် ဂျေရုဆလင်မြို့ သိမ်းပိုက်ခံရသည့်နေ့တိုင်အောင် ထောင်ဝင်းထဲတွင်နေရ၏။ ဂျေရုဆလင်မြို့ သိမ်းပိုက်ခံရသောအချိန်၌ သူသည် ထောင်ဝင်းထဲတွင်ရှိနေ၏။
ထို့ကြောင့် သူတို့သည် ယေရမိကိုခေါ်သွား၍ ထောင်ဝင်းအတွင်းရှိ ဘုရင့်သားတော်မာလခိယ၏ရေတွင်းထဲသို့ ကြိုးဖြင့်လျှောချကြ၏။ ရေတွင်းထဲတွင် ရေမရှိ၊ ရွှံ့သာရှိသဖြင့် ယေရမိသည် ရွှံ့ထဲနစ်လေ၏။
အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းပေး၍ အကျွန်ုပ်၏အသက်ကို ရွေးနုတ်တော်မူပါပြီ။
“သင့်ကိုစွပ်စွဲသောသူများရောက်လာကြသောအခါ သင့်အမှုကို ငါကြားနာမည်”ဟု ဆိုလျက် ပေါလုကို ဟေရုဒ်မင်း၏ရုံးတော်တွင် စောင့်ကြပ်ထားရန် အမိန့်ပေးလေ၏။
နှစ်နှစ်ကြာပြီးနောက် ပေါကိဖေတ္တုမင်းသည် ဖေလဇ်မင်း၏အရိုက်အရာကို ဆက်ခံလေ၏။ ဖေလဇ်မင်းသည် ဂျူးလူမျိုးတို့အား ကျေးဇူးပြုလို၍ ပေါလုကိုအကျဉ်းချထားရစ်ခဲ့လေ၏။
ရောမမြို့သို့ဝင်ကြသောအခါ ပေါလုသည် သူ့ကိုစောင့်ကြပ်သည့် စစ်သားနှင့်အတူ သီးသန့်နေခွင့်ကိုရလေ၏။
ထို့နောက် ပေါလုသည် နှစ်နှစ်ပတ်လုံး မိမိငှားရမ်းထားသည့်အိမ်၌နေ၍ မိမိထံသို့လာသောသူအပေါင်းတို့ကို ကြိုဆိုလျက်