ယေရမိ 37:17 - မြန်မာ့စံမီသမ္မာကျမ်း
ဇေဒကိမင်းကြီးသည် လူလွှတ်၍ ယေရမိကို နန်းတော်သို့ခေါ်လာစေပြီးလျှင် “ထာဝရဘုရားထံတော်မှ နှုတ်ကပတ်တော်ရောက်လာသေးသလော”ဟု လျှို့ဝှက်စွာမေးမြန်း၏။ ယေရမိက “နှုတ်ကပတ်တော်ရောက်လာပါ၏။ အရှင်မင်းကြီးသည် ဘေဘီလုံဘုရင်၏လက်ထဲသို့ရောက်ရလိမ့်မည်”ဟု ပြန်လျှောက်၏။
အခန်းကိုကြည့်ပါ။
ဇေဒကိမင်းသည် ငါ့အားနန်းတော်သို့ခေါ်ယူ ပြီးလျှင် ``ထာဝရဘုရား၏ထံတော်မှဗျာ ဒိတ်တော်တစ်စုံတစ်ရာရရှိပါသလော'' ဟုတိတ်တဆိတ်မေးမြန်းတော်မူ၏။ ငါက``ရှိပါသည်။ အရှင်သည်ဗာဗုလုန်ဘုရင် ၏လက်တွင်းသို့ရောက်ရှိရပါလိမ့်မည်'' ဟု ပြန်လည်လျှောက်ထား၏။-
အခန်းကိုကြည့်ပါ။
ဇေ ဒ ကိ မင်း သည် ခေါ် ထုတ် စေ ပြီး လျှင်၊ ထာ ဝ ရ ဘု ရား ထံ တော် မှ ဗျာ ဒိတ် တော် ချက် ကို ခံ ရ သ လော ဟု၊ နန်း တော် တွင် တိတ် တ ဆိတ် မေး ရာ ယေ ရ မိ က၊ ခံ ရ ပါ ပြီ ဟူ ၍ လည်း ကောင်း၊ ဘု ရင် မင်း သည် ဗာ ဗု လုန် ဘု ရင့် လက် တွင်း သို့ ရောက် ရ မည် ဟူ ၍ လည်း ကောင်း၊ ဆင့် ဆို ပြီး လျှင်၊
အခန်းကိုကြည့်ပါ။
ဇေဒကိမင်းကြီးသည် လူကိုစေလွှတ်၍ ယေရမိကိုနုတ်ပြီးမှ၊ ထာဝရဘုရား၏နှုတ်ကပတ်တော်ရှိသလောဟု နန်းတော်၌ တိတ်ဆိတ်စွာမေးမြန်းလျှင်၊ ယေရမိက၊ နှုတ်ကပတ်တော်ရှိပါ၏။ ကိုယ်တော်သည် ဗာဗုလုန် ရှင်ဘုရင်လက်သို့ ရောက်ပါလိမ့်မည်ဟု ပြန်လျှောက်၏။
အခန်းကိုကြည့်ပါ။