ယေရမိ 36:6 - မြန်မာ့စံမီသမ္မာကျမ်း
ထို့ကြောင့် ငါ့နှုတ်မှခေါ်ပေး၍ စာလိပ်ထဲ၌သင်ရေးထားခဲ့သည့် ထာဝရဘုရား၏စကားတော်များကို အစာရှောင်မည့်နေ့တွင် သင်သွား၍ ထာဝရဘုရား၏အိမ်တော်ရှိလူတို့ကြားသိစေရန် ဖတ်ပြရမည်။ ထို့ပြင် ကိုယ့်မြို့အသီးသီးမှရောက်လာကြသော ယုဒလူမျိုးအားလုံးတို့ ကြားသိစေရန် ဖတ်ပြရမည်။
အခန်းကိုကြည့်ပါ။
သို့ရာတွင်နောက်တစ်ကြိမ်လူတို့အစာရှောင် ကြသောအခါ၌ ငါသည်သင့်အားဗိမာန် တော်သို့သွားစေလိုသည်။ ငါ့အားထာဝရ ဘုရားမိန့်ကြားသဖြင့်သင့်အားငါနှုတ် တိုက်ချပေးခဲ့သမျှသောစကားများကို လူတို့ကြားသိကြစေရန်သင်သည်ထိုစာ လိပ်ကိုကျယ်စွာဖတ်ပြရမည်။ မိမိတို့မြို့ ရွာများမှရောက်ရှိလာကြသောယုဒပြည် သားအပါအဝင်ရှိရှိသမျှသောလူတို့ ကြားသိကြစေရန်သင်သည်ဤစာလိပ် ကိုဖတ်ပြလော့။-
အခန်းကိုကြည့်ပါ။
သင် မှာ မူ သွား ၍ ငါ့ နှုတ် ထွက် အ တိုင်း၊ ပေ လိပ် တွင် ရေး တင် သော၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ချက် များ ကို၊ အ စာ ရှောင် သော နေ့ ၌၊ မြို့ ရွာ များ မှ ရောက် လာ သော ယု ဒ ပြည် သူ ပြည် သား တို့ နှင့်၊ ဗိ မာန် တော် ရှိ လူ ပ ရိ သတ် ရှေ့၊ ဖတ် ရွတ် လော့။
အခန်းကိုကြည့်ပါ။
သင်သွားလော့။ ငါပြန်ပြောသည်အတိုင်း၊ သင်သည် စာလိပ်၌ ရေးထားသော ထာဝရဘုရား၏ စကားတော်တို့ကို၊ အစာရှောင်သော နေ့တွင်၊ ဗိမာန်တော်၌ရှိသော သူတို့အား ဖတ်လော့။ အမြို့မြို့အရွာရွာကလာသော ယုဒလူတို့အားလည်း ဖတ်လော့။
အခန်းကိုကြည့်ပါ။