Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 36:6 - Common Language Bible

6 သို့​ရာ​တွင်​နောက်​တစ်​ကြိမ်​လူ​တို့​အ​စာ​ရှောင် ကြ​သော​အ​ခါ​၌ ငါ​သည်​သင့်​အား​ဗိ​မာန် တော်​သို့​သွား​စေ​လို​သည်။ ငါ့​အား​ထာ​ဝ​ရ ဘု​ရား​မိန့်​ကြား​သ​ဖြင့်​သင့်​အား​ငါ​နှုတ် တိုက်​ချ​ပေး​ခဲ့​သ​မျှ​သော​စ​ကား​များ​ကို လူ​တို့​ကြား​သိ​ကြ​စေ​ရန်​သင်​သည်​ထို​စာ လိပ်​ကို​ကျယ်​စွာ​ဖတ်​ပြ​ရ​မည်။ မိ​မိ​တို့​မြို့ ရွာ​များ​မှ​ရောက်​ရှိ​လာ​ကြ​သော​ယု​ဒ​ပြည် သား​အ​ပါ​အ​ဝင်​ရှိ​ရှိ​သ​မျှ​သော​လူ​တို့ ကြား​သိ​ကြ​စေ​ရန်​သင်​သည်​ဤ​စာ​လိပ် ကို​ဖတ်​ပြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 သင် မှာ မူ သွား ၍ ငါ့ နှုတ် ထွက် အ တိုင်း၊ ပေ လိပ် တွင် ရေး တင် သော၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ချက် များ ကို၊ အ စာ ရှောင် သော နေ့ ၌၊ မြို့ ရွာ များ မှ ရောက် လာ သော ယု ဒ ပြည် သူ ပြည် သား တို့ နှင့်၊ ဗိ မာန် တော် ရှိ လူ ပ ရိ သတ် ရှေ့၊ ဖတ် ရွတ် လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 သင်​သွား​လော့။ ငါ​ပြန်​ပြော​သည်​အ​တိုင်း၊ သင်​သည် စာ​လိပ်၌ ရေး​ထား​သော ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​တို့​ကို၊ အ​စာ​ရှောင်​သော နေ့​တွင်၊ ဗိ​မာန်​တော်၌​ရှိ​သော သူ​တို့​အား ဖတ်​လော့။ အ​မြို့​မြို့​အ​ရွာ​ရွာ​က​လာ​သော ယု​ဒ​လူ​တို့​အား​လည်း ဖတ်​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ထို့ကြောင့် ငါ့​နှုတ်​မှ​ခေါ်ပေး​၍ စာလိပ်​ထဲ၌​သင်​ရေး​ထား​ခဲ့​သည့် ထာဝရဘုရား​၏​စကား​တော်​များ​ကို အစာရှောင်​မည့်​နေ့​တွင် သင်​သွား​၍ ထာဝရဘုရား​၏​အိမ်​တော်​ရှိ​လူ​တို့​ကြားသိ​စေရန် ဖတ်ပြ​ရ​မည်​။ ထို့ပြင် ကိုယ့်​မြို့​အသီးသီး​မှ​ရောက်လာ​ကြ​သော ယုဒ​လူမျိုး​အားလုံး​တို့ ကြားသိ​စေရန် ဖတ်ပြ​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 36:6
13 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​ငါ​သည်​ယု​ဒ​ပြည်​သား​များ​နှင့် ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့​အား ဆန့်​ကျင် ဘက်​ပြု​ရန်​ကြံ​စည်​လျက်​နေ​တော်​မူ​ကြောင်း ကို​လည်း​ကောင်း၊ အ​ပြစ်​ဒဏ်​ခတ်​ရန်​ပြင်​ဆင် လျက်​နေ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း​ပြော ကြား​လော့။ အ​သီး​သီး​ဒု​စ​ရိုက်​တွင်​ကျင် လည်​မှု​ကို​ရပ်​စဲ​ကြ​ရန်၊ မိ​မိ​တို့​လမ်း​စဉ် နှင့်​အ​ကျင့်​အ​ကြံ​များ​ကို​ပြောင်း​လဲ​ကြ ရန်​သူ​တို့​အား​ထာ​ဝ​ရ​ဘု​ရား​ဆင့်​ဆို မှာ​ကြား​ကြောင်း​ပြော​ကြား​လော့။-


ထို​နောက်​ငါ​သည်​ဗျာ​ဒိတ်​တော်​ကို​ပြန်​ကြား ရန် ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ​ရာ​တော​ဖက် အ​ရပ်​မှ​ထွက်​ခွာ​၍ ဗိ​မာန်​တော်​တံ​တိုင်း​အ​တွင်း ရပ်​ပြီး​လျှင်​လူ​အ​ပေါင်း​တို့​အား၊-


ဤ​သို့​မိန့်​တော်​မူ​၏။ ``ဗိ​မာန်​တော်​တံ​တိုင်း အ​တွင်း​၌​ရပ်​ပြီး​လျှင် ထို​အ​ရပ်​သို့​ယု​ဒ မြို့​များ​မှ​ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​တွင် ဝတ်​ပြု​ကိုး​ကွယ်​ရန်​လာ​ရောက်​ကြ​သော​လူ​တို့ အား ငါ​မိန့်​မှာ​သ​မျှ​သော​စ​ကား​တို့​ကို​ပြော ကြား​လော့။ တစ်​ခွန်း​တစ်​လေ​ကို​မျှ​ချန်​မ ထား​နှင့်။-


``သင်​သည်​စာ​လိပ်​တစ်​ခု​ကို​ယူ​၍​ဣသ​ရေ​လ ပြည်၊ ယု​ဒ​ပြည်​နှင့်​နိုင်​ငံ​တ​ကာ​တို့​ကို​ရည်​မှတ် ၍ ငါ​မိန့်​မှာ​တော်​မူ​ခဲ့​သ​မျှ​သော​စ​ကား​တို့ ကို​ရေး​မှတ်​လော့။ ယော​ရှိ​မင်း​လက်​ထက်​၌​ငါ ၏​ဗျာ​ဒိတ်​တော်​ကို​စ​တင်​ခံ​ယူ​ရ​ချိန်​မှ အ​စ​ပြု​၍ ယ​နေ့​တိုင်​အောင်​သင့်​အား​ငါ​မိန့် ကြား​ခဲ့​သ​မျှ​သော​စ​ကား​တို့​ကို​ရေး​မှတ် လော့။-


သို့​ဖြစ်​၍​ငါ​သည်​နေ​ရိ​၏​သား​ဗာ​ရုတ်​ကို ခေါ်​ပြီး​လျှင် မိ​မိ​အား​ထာ​ဝ​ရ​ဘု​ရား​မိန့် ကြား​ခဲ့​သ​မျှ​သော​စကား​တို့​ကို​ရေး​မှတ် ရန်​နှုတ်​တိုက်​ချ​ပေး​လေ​သည်။ ဗာ​ရုတ်​သည် လည်း​စာ​လိပ်​တစ်​ခု​တွင်​ရေး​မှတ်​၍​ထား​၏။-


ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန် ဤ​တံ​ခါး​မှ​ဝင်​ရောက်​လာ​ကြ​သည့်၊ အို ယု​ဒ ပြည်​သူ​တို့၊ ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ကို နား​ထောင်​ကြ​လော့။-


``စ​တုတ္ထ၊ ပဉ္စ​မ၊ သတ္တ​မ​နှင့်​ဒ​သ​မ​လ​များ တွင်​ကျင်း​ပ​သည့်​အ​စာ​ရှောင်​သည့်​ပွဲ​တော် များ​သည် ယု​ဒ​ပြည်​သား​အ​တွက်​ရွှင်​လန်း ဝမ်း​မြောက်​ဖွယ်​ဖြစ်​လာ​လိမ့်​မည်။ သင်​တို့ သည်​အ​မှန်​တ​ရား​နှင့်​ငြိမ်း​ချမ်း​သာ​ယာ မှု​ကို​နှစ်​သက်​မြတ်​နိုး​ရ​ကြ​မည်'' ဟု မိန့်​တော်​မူ​၏။


ကျွန်ုပ်​တို့​သည်​ထို​အ​ရပ်​တွင်​ရက်​ပေါင်း​မျာ​စွာ ရပ်​နား​ခဲ့​ကြ​ရာ အ​ပြစ်​ဖြေ​ရာ​ပွဲ​နေ့​အ​ခါ ပင်​လွန်​၍​လာ​ပြီ။ ထို့​ကြောင့်​ပင်​လယ်​ခ​ရီး​ပြု ရန်​ဘေး​အန္တရာယ်​မ​ကင်း​တော့​ပေ။ သို့​ဖြစ်​၍ ပေါ​လု​က၊-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ