ယေရမိ 36:14 - မြန်မာ့စံမီသမ္မာကျမ်း
ထိုအခါ အကြီးအကဲတို့က ကုရှိ၏မြစ်၊ ရှေလမိ၏မြေး၊ နေသနိ၏သား ယေဟုဒိကို ဗာရုတ်ထံသို့စေလွှတ်၍ “လူတို့ကြားသိစေရန် သင်ဖတ်ပြခဲ့သောစာလိပ်ကို သင်ကိုယ်တိုင်ယူလာလော့”ဟု ဆိုစေသဖြင့် နေရိသားဗာရုတ်လည်း ထိုစာလိပ်ကို ကိုယ်တိုင်ယူ၍ လာခဲ့၏။
အခန်းကိုကြည့်ပါ။
ထိုအခါမှူးမတ်တို့သည်ကုရှိ၏မြစ်၊ ရှေလမိ ၏မြေး၊ နာသနိ၏သားယေဟုဒိကိုဗာရုတ် ထံသို့စေလွှတ်၍ ဗာရုတ်အားမိမိလူတို့ဖတ်ပြ သည့်စာလိပ်နှင့်အတူလာရောက်ရန်မှာကြား လိုက်ကြ၏။ ဗာရုတ်သည်လည်းထိုသူတို့ထံ သို့လာလေသည်။-
အခန်းကိုကြည့်ပါ။
ထို အ ခါ၊ မှူး မတ် တို့ သည် ကု ရှိ မြစ်၊ ရှေ လ မိ မြေး၊ နာ သ နိ သား ယေ ဟု ဒိ ကို၊ ဗာ ရုတ် ထံ စေ လွှတ် လျက်၊ လူ ပရိ သတ် ရှေ့ ဖတ် ရွတ် ခဲ့ ရာ ကျမ်း လိပ် ကို ကိုင် ယူ ခဲ့ လော့ ဟု ဆင့် ခေါ် သည့် အ တိုင်း၊ နေ ရိ သား ဗာ ရုတ် သည် ကျမ်း လိပ် ကို ကိုင် ယူ ရောက် လာ သော်၊
အခန်းကိုကြည့်ပါ။
ထိုမင်းအပေါင်းတို့သည်လည်း၊ ကုရှိ၊ ရှေလမိ၊ နာသနိတို့မှ ဆင်းသက်သော ယေဟုဒိကို ဗာရုတ်ထံသို့ စေလွှတ်လျက်၊ သင်သည် လူများတို့အား ဖတ်သောစာလိပ်ကို သင့်လက်နှင့်ကိုင်၍ လာခဲ့ဟုခေါ်ကြ၏။ နေရိသား ဗာရုတ်သည်လည်း၊ စာလိပ်ကိုကိုင်၍ လာ၏။
အခန်းကိုကြည့်ပါ။