ထို့နောက် ရှင်ဘုရင်က ယဇ်ပုရောဟိတ်ဟိလခိ၊ ရှာဖန်၏သားအဟိကံ၊ မိက္ခာယ၏သားအာခဗော်၊ စာရေးတော်ကြီးရှာဖန်၊ ဘုရင့်အမှုထမ်းအသာယတို့အား
ယေရမိ 36:12 - မြန်မာ့စံမီသမ္မာကျမ်း စာရေးတော်ကြီးဧလိရှမာ၊ ရှေမာယ၏သားဒေလာယ၊ အာခဗော်၏သားဧလနာသန်၊ ရှာဖန်၏သားဂေမရိ၊ ဟာနနိယ၏သားဇေဒကိ စသော အကြီးအကဲအပေါင်းတို့ထိုင်နေသော ဘုရင့်နန်းတော်ဝင်းအတွင်းရှိ စာရေးတော်ကြီးအခန်းသို့ ဆင်းသွား၏။ Common Language Bible နန်းတော်အတွင်းမှူးမတ်များစည်းဝေးလျက် ရှိရာဘုရင့်အတိုင်ပင်ခံအမတ်၏အခန်းသို့ သွားလေသည်။ ထိုအရပ်တွင်ဘုရင့်အတိုင်ပင်ခံ အမတ်ဧလိရှမာ၊ ရှေမာယ၏သားဒေလာသ၊ အာခဗော်၏သားဧလနာသန်၊ ရှာဖန်၏သား ဂေမရိ၊ ဟာနနိ၏သားဇေဒကိနှင့်အခြား မှူးမတ်အပေါင်းတို့ရှိကြ၏။- Garrad Bible သံ တော် ဆင့် ဧ လိ ရှ မာ၊ ရှေ မာ ယ သား ဒေ လာ ယ၊ အာ ခ ဗော် သား လေ နာ သန်၊ ရှာ ဖန့် သား ဂေ မ ရိ၊ ဟာ န နိ သား ဇေ ဒ ကိ မှ စ သော မှူး မတ် အ ပေါင်း တို့ ထိုင် နေ ရာ၊ နန်း တော် ရှိ သံ တော် ဆင့် ၏ အ ခန်း တွင်း သို့ ဝင် သွား လျက်၊ Judson Bible နန်းတော်အတွင်း၊ စာရေးတော်အခန်းသို့ သွား၍၊ စာရေးတော် ဧလိရှမာ၊ ရှေမာယသား ဒေလာယ၊ အာခဗော်သား ဧလနာသန်၊ ရှာဖန်သား ဂေမရိ၊ ဟာနနိသား ဇေဒကိအစရှိသော မှူးတော်မတ်တော် အပေါင်းတို့သည် ထိုင်လျက်ရှိကြ၏။ |
ထို့နောက် ရှင်ဘုရင်က ယဇ်ပုရောဟိတ်ဟိလခိ၊ ရှာဖန်၏သားအဟိကံ၊ မိက္ခာယ၏သားအာခဗော်၊ စာရေးတော်ကြီးရှာဖန်၊ ဘုရင့်အမှုထမ်းအသာယတို့အား
ထိုအခါ ယဇ်ပုရောဟိတ်ဟိလခိ၊ အဟိကံ၊ အာခဗော်၊ ရှာဖန်၊ အသာယတို့သည် ဂျေရုဆလင်မြို့နေရာသစ်တွင်နေထိုင်သော ဟရဟတ်၏မြေး၊ တိကဝ၏သား ဝတ်လုံတော်ထိန်းရှလ္လုံ၏မယားဖြစ်သူ ပရောဖက်မ ဟုလဒထံသွား၍ စကားပြောဆိုကြရာ
ယောရှိမင်းကြီး နန်းစံတစ်ဆယ့်ရှစ်နှစ်တွင် မင်းကြီးသည် မေရှုလံ၏မြေး၊ အာဇလိ၏သား စာရေးတော်ကြီးရှာဖန်ကို ထာဝရဘုရား၏အိမ်တော်သို့ စေလွှတ်၍
ယောယခိမ်နန်းတက်သောအခါ သက်တော်တစ်ဆယ့်ရှစ်နှစ်ရှိပြီး ဂျေရုဆလင်မြို့တွင် သုံးလစိုးစံ၏။ မယ်တော်ကား ဂျေရုဆလင်မြို့သားဧလနာသန်၏သမီး နဟုတ္တအမည်ရှိ၏။
ထိုအကြောင်းတို့ကို ယုဒလူမျိုးမှူးမတ်တို့ကြားကြသောအခါ ရှင်ဘုရင်၏နန်းတော်မှ ထာဝရဘုရား၏အိမ်တော်သို့တက်လာကြပြီး ထာဝရဘုရား၏အိမ်တော်တံခါးသစ်အဝင်ဝ၌ ထိုင်ကြ၏။
ထိုအခါ ယောယကိမ်မင်းကြီးသည် အာခဗော်၏သား ဧလနာသန်နှင့်အတူ လူအချို့ကို အီဂျစ်ပြည်သို့လိုက်စေ၍
သို့ရာတွင် ရှာဖန်၏သား အဟိကံသည် ယေရမိကိုကာကွယ်ပေးသဖြင့် သူ့ကိုသတ်မည့်သူတို့လက်မှ သူလွတ်မြောက်လေ၏။
ဧလနာသန်၊ ဒေလာယ၊ ဂေမရိတို့က စာလိပ်ကိုမီးမရှို့ရန် ရှင်ဘုရင်အား တောင်းပန်ကြသော်လည်း ရှင်ဘုရင်သည် သူတို့၏စကားကိုနားမထောင်။
ထိုအခါ မှူးမတ်တို့က ရှင်ဘုရင်အား “ဤသူ သေသင့်ပါ၏။ သူပြောသောစကားအားဖြင့် ဤမြို့၌ကျန်ခဲ့သော စစ်သည်တို့နှင့်လူအပေါင်းတို့ကို စိတ်အားလျော့စေပါပြီ။ သူသည် ဤလူမျိုးငြိမ်းချမ်းဖို့ထက် ဘေးအန္တရာယ်ပြုဖို့ကိုသာ ရှာကြံပါပြီ”ဟု လျှောက်ကြ၏။
သတ္တမလတွင် တော်ဝင်မင်းမျိုးမင်းနွယ်ဖြစ်သော ဧလိရှမာ၏မြေး၊ နေသနိ၏သား၊ ဘုရင်၏ကိုယ်ရံတော်မှူး ဣရှမေလသည် လူဆယ်ယောက်နှင့်အတူ မိဇပါမြို့ရှိ အဟိကံ၏မြေးဂေဒလိထံသို့ ရောက်လာကြ၏။ ထိုမိဇပါမြို့တွင် အတူတကွ စားသောက်နေကြစဉ်