ယေရမိ 36:12 - Common Language Bible12 နန်းတော်အတွင်းမှူးမတ်များစည်းဝေးလျက် ရှိရာဘုရင့်အတိုင်ပင်ခံအမတ်၏အခန်းသို့ သွားလေသည်။ ထိုအရပ်တွင်ဘုရင့်အတိုင်ပင်ခံ အမတ်ဧလိရှမာ၊ ရှေမာယ၏သားဒေလာသ၊ အာခဗော်၏သားဧလနာသန်၊ ရှာဖန်၏သား ဂေမရိ၊ ဟာနနိ၏သားဇေဒကိနှင့်အခြား မှူးမတ်အပေါင်းတို့ရှိကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible12 သံ တော် ဆင့် ဧ လိ ရှ မာ၊ ရှေ မာ ယ သား ဒေ လာ ယ၊ အာ ခ ဗော် သား လေ နာ သန်၊ ရှာ ဖန့် သား ဂေ မ ရိ၊ ဟာ န နိ သား ဇေ ဒ ကိ မှ စ သော မှူး မတ် အ ပေါင်း တို့ ထိုင် နေ ရာ၊ နန်း တော် ရှိ သံ တော် ဆင့် ၏ အ ခန်း တွင်း သို့ ဝင် သွား လျက်၊ အခန်းကိုကြည့်ပါ။Judson Bible12 နန်းတော်အတွင်း၊ စာရေးတော်အခန်းသို့ သွား၍၊ စာရေးတော် ဧလိရှမာ၊ ရှေမာယသား ဒေလာယ၊ အာခဗော်သား ဧလနာသန်၊ ရှာဖန်သား ဂေမရိ၊ ဟာနနိသား ဇေဒကိအစရှိသော မှူးတော်မတ်တော် အပေါင်းတို့သည် ထိုင်လျက်ရှိကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 စာရေးတော်ကြီးဧလိရှမာ၊ ရှေမာယ၏သားဒေလာယ၊ အာခဗော်၏သားဧလနာသန်၊ ရှာဖန်၏သားဂေမရိ၊ ဟာနနိယ၏သားဇေဒကိ စသော အကြီးအကဲအပေါင်းတို့ထိုင်နေသော ဘုရင့်နန်းတော်ဝင်းအတွင်းရှိ စာရေးတော်ကြီးအခန်းသို့ ဆင်းသွား၏။ အခန်းကိုကြည့်ပါ။ |
ဟိလခိ၊ ရှာဖန်၊ အဟိကံ၊ အာခဗော်နှင့်အ သဟိတို့သည် ယေရုရှလင်မြို့သစ်တွင်နေ ထိုင်သူဟုလဒနာမည်ရှိ အမျိုးသမီး ပရောဖက်ထံသို့သွားရောက်၍စုံစမ်းမေးမြန်း ကြရာ (ထိုအမျိုးသမီး၏ခင်ပွန်းမှာဟရ ဟတ်၏မြေး၊ တိကဝ၏သားရှလ္လုံဖြစ်၍သူ သည် ဗိမာန်တော်ဆိုင်ရာဝတ်လုံများကိုတာဝန် ယူထိန်းသိမ်းရသူဖြစ်၏။-)
ထိုအခါမှူးမတ်တို့သည်မင်းကြီးအား``ဤ သူကိုသုတ်သင်ပစ်မှဖြစ်ပါမည်။ သူသည် ဤစကားများကိုပြောဆိုခြင်းအားဖြင့် မြို့တွင်းရှိစစ်သည်သူရဲတို့အားလျော့ စေပါ၏။ မြို့ထဲတွင်အခြားကျန်ရှိနေသေး သူအပေါင်းကိုလည်းဤနည်းအတိုင်းပင် ဖြစ်စေပါ၏။ သူသည်လူတို့၏ကောင်းကျိုး ကိုမရှာ၊ ဆိုးကျိုးကိုသာလျှင်ရှာပါ၏'' ဟုလျှောက်ထားကြ၏။-