ထို့နောက် ယောယဒသည် ရှင်ဘုရင်နှင့် ပြည်သူပြည်သားတို့ကို ထာဝရဘုရား၏လူမျိုးတော်အဖြစ် တည်နေစေရန် သူတို့ကို ထာဝရဘုရားနှင့် ပဋိညာဉ်ဖွဲ့စေ၏။ ထို့အတူ ရှင်ဘုရင်နှင့်ပြည်သူပြည်သားတို့ကိုလည်း အချင်းချင်းကတိသစ္စာပြုစေ၏။
ယေရမိ 34:8 - မြန်မာ့စံမီသမ္မာကျမ်း ဇေဒကိမင်းကြီးက ဂျေရုဆလင်မြို့သားအပေါင်းတို့နှင့်ပဋိညာဉ်ဖွဲ့ပြီး ကျွန်ဘဝမှလွတ်မြောက်ပြီဟု ကြေညာပြီးနောက်မှ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံ ရောက်လာပြန်၏။ Common Language Bible ဇေဒကိမင်းနှင့်ယေရုရှလင်မြို့သူမြို့သား တို့သည် ယုဒအမျိုးသားအချင်းချင်းကျွန် စေစားမှုမရှိစေရန် ဟေဗြဲကျွန်ယောကျာ်း ကျွန်မိန်းမတို့အား လွတ်လပ်ခွင့်ပေးရန် သဘောတူညီကြလေသည်။ Garrad Bible ဆွေ မျိုး သား ချင်း ယု ဒ လူ မျိုး ကို မ စေ စား ဘဲ လွတ် ခွင့် ကြော် ငြာ ၍ အ ရှင် ဟူ သ မျှ သည် ဟေ ဗြဲ လူ မျိုး ဖြစ် သူ၊ ကိုယ့် ကျွန် ယောက်ျား ကျွန် မိန်း မ အား၊ လွတ် သွား ခွင့် ပေး ကြ မည့် အ ကြောင်း ယေ ရု ရှ လင် မြို့ သူ မြို့ သား တို့ နှင့် ဇေဒ ကိ မင်း ပ ဋိ ညာဉ် ပြု သည့် အ တိုင်း ဆက် လက် မ စေ စား ဘဲ၊ Judson Bible ယေရုရှလင်မြို့သား အပေါင်းတို့သည် အသီးအသီး စေစားသော ယုဒညီအစ်ကိုချင်း၊ |
ထို့နောက် ယောယဒသည် ရှင်ဘုရင်နှင့် ပြည်သူပြည်သားတို့ကို ထာဝရဘုရား၏လူမျိုးတော်အဖြစ် တည်နေစေရန် သူတို့ကို ထာဝရဘုရားနှင့် ပဋိညာဉ်ဖွဲ့စေ၏။ ထို့အတူ ရှင်ဘုရင်နှင့်ပြည်သူပြည်သားတို့ကိုလည်း အချင်းချင်းကတိသစ္စာပြုစေ၏။
ထို့နောက် ယောယဒသည် မိမိအပါအဝင် ရှင်ဘုရင်နှင့်ပြည်သူပြည်သားအားလုံး ထာဝရဘုရား၏လူမျိုးတော်များအဖြစ်တည်နေစေရန် ကတိသစ္စာပြုကြ၏။
ယခုမှာ ပြင်းထန်သောအမျက်တော်ကို ငါတို့ထံမှ လွှဲသွားစေရန် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားနှင့် ပဋိညာဉ်ဖွဲ့မည်ဟု ငါစိတ်ဆုံးဖြတ်ပြီ။
ဤအကြောင်းအရာအလုံးစုံတို့ကြောင့် ငါတို့သည် ပဋိညာဉ်ကိုရေးဆွဲ၍ ဝန်ခံကတိပြုကြ၏။ ငါတို့၏အကြီးအကဲများ၊ လေဝိသားများ၊ ယဇ်ပုရောဟိတ်များသည်လည်း တံဆိပ်ခတ်ကြ၏။
ငါနှစ်သက်သောအစာရှောင်ခြင်းဟူမူကား မတရားသောအချည်အနှောင်ကို ဖြေပေးခြင်း၊ ထမ်းပိုးကြိုးတို့ကို ချွတ်ပေးခြင်း၊ ဖိနှိပ်ချုပ်ချယ်ခံရသောသူတို့ကို လွတ်လပ်ခွင့်ပေးခြင်း၊ ထမ်းပိုးရှိသမျှတို့ကိုချိုးခြင်းပင် မဟုတ်လော။
ဘုရားရှင်ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့အပေါ်တည်တော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ကောင်းမြတ်သောသတင်းကိုဟောပြောရန် ထာဝရဘုရားသည် ငါ့ကိုဘိသိက်ပေးတော်မူပြီ။ စိတ်နှလုံးကြေကွဲသောသူတို့ကို ဖြေသိမ့်ပေးရန်၊ ဖမ်းဆီးချုပ်နှောင်ခံရသူတို့အား လွတ်မြောက်ခြင်းတရားကိုဟောပြောရန်၊ အကျဉ်းချခံရသောသူတို့အား လွတ်ငြိမ်းခြင်းတရားဟောပြောရန် ငါ့ကိုစေလွှတ်တော်မူပြီ။
ထို့ကြောင့် ထာဝရဘုရားက ‘သင်တို့သည် ကိုယ့်ညီအစ်ကိုချင်း၊ ကိုယ့်အိမ်နီးချင်းအတွက် လွတ်မြောက်ခွင့်ကြေညာရာ၌ ငါ့စကားကို နားမထောင်ကြ’ဟု မိန့်တော်မူ၏။ ထာဝရဘုရားက ‘ကြည့်ရှုလော့။ ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သင်တို့အတွက် လွတ်မြောက်ခွင့်ကို ငါကြေညာမည်။ မြေကြီးပေါ်ရှိ တိုင်းနိုင်ငံအားလုံးက သင်တို့ကို ကြောက်လန့်စရာအဖြစ် မြင်ကြလိမ့်မည်’ဟု မိန့်တော်မူ၏။
သင်တို့သည် ငါးဆယ်မြောက်နှစ်ကို သန့်ရှင်းစေ၍ ထိုပြည်၌နေထိုင်သောသူအပေါင်းတို့ လွတ်လပ်ခွင့်ရကြောင်း တစ်ပြည်လုံးကြေညာရမည်။ ထိုနှစ်သည် သင်တို့အဖို့ မင်္ဂလာရတုနှစ်ဖြစ်၍ သင်တို့အသီးသီး မိမိပိုင်ဆိုင်ရာမြေသို့လည်းကောင်း၊ မိမိမျိုးနွယ်စုထံသို့လည်းကောင်း ပြန်ရမည်။
သင်၏အမျိုးသားချင်းဖြစ်သော ဟေဗြဲအမျိုးသား၊ သို့မဟုတ် ဟေဗြဲအမျိုးသမီးသည် သင့်ထံ၌ အရောင်းခံရပါက ထိုသူသည် ခြောက်နှစ်အစေခံ၍ ခုနစ်နှစ်မြောက်၌ သူ့ကို လွတ်လပ်သောသူအဖြစ် သင့်ထံမှထွက်သွားခွင့်ပြုရမည်။