ထိုအခါ အာဗြံသည် ထာဝရဘုရားထံတော်သို့ ထိုတိရစ္ဆာန်အပေါင်းတို့ကိုယူခဲ့၍ ၎င်းတို့ကို ထက်ဝက်စီခြမ်းပြီးလျှင် တစ်ဖက်တစ်ချက်၌ ယှဉ်ထားလေ၏။ ငှက်တို့ကိုမူကား မခြမ်းဘဲထားလေ၏။
ယေရမိ 34:18 - မြန်မာ့စံမီသမ္မာကျမ်း နွားသငယ်ကိုထက်ဝက်ခြမ်းပြီး အလယ်၌ ဖြတ်လျှောက်၍ ငါ့ရှေ့၌ပဋိညာဉ်ဖွဲ့ခဲ့ပြီးမှ ထိုပဋိညာဉ်ပါအချက်ကို မပြုကျင့်၊ ပဋိညာဉ်ကို ချိုးဖောက်သောသူဖြစ်သော Common Language Bible ယုဒပြည်နှင့်ယေရုရှလင်မြို့မှခေါင်းဆောင် များသည် နန်းတွင်းအရာရှိများ၊ ယဇ်ပုရော ဟိတ်များ၊ ပြည်သူများနှင့်အတူမိမိတို့ နှစ်ခြမ်းခွဲထားသည့်နွားလား၏စပ်ကြား တွင်လျှောက်သွားကာ ငါနှင့်ပဋိညာဉ်ပြုခဲ့ ကြ၏။ သို့ရာတွင်သူတို့သည်ငါ၏ရှေ့မှောက် တွင် မိမိတို့ပြုခဲ့သည့်ပဋိညာဉ်ကိုချိုး ဖောက်ကြ၏။ ထို့ကြောင့်နွားလားကိုသူ တို့ပြုသကဲ့သို့သူတို့အားငါပြုမည်။- Garrad Bible ပ ဋိ ညာဉ် တော် ကို ဖောက် ကျော် သူ၊ နွား သား ငယ် ကို ထက် ခြမ်း ခွဲ ပြီး လျှင်၊ ခွဲ ခြမ်း ကြား တွင် လျှောက် သွား လျက်၊ ရှေ့ တော်၌ ဝန် ခံ သော ပ ဋိ ညာဉ် ချက် ကို အ တည် မ ပြု သူ တည်း ဟူ သော။ Judson Bible နွားသငယ်ကို ထက်ခြမ်းခွဲ၍၊ အလယ်သို့ လျှောက်သွားလျက်၊ ငါ့ရှေ့မှာပြုသော ဝန်ခံခြင်းပဋိညာဉ် စကားအတိုင်းမကျင့်၊ ငါ၏ပဋိညာဉ်ကို ဖျက်သောသူတည်းဟူသော၊ |
ထိုအခါ အာဗြံသည် ထာဝရဘုရားထံတော်သို့ ထိုတိရစ္ဆာန်အပေါင်းတို့ကိုယူခဲ့၍ ၎င်းတို့ကို ထက်ဝက်စီခြမ်းပြီးလျှင် တစ်ဖက်တစ်ချက်၌ ယှဉ်ထားလေ၏။ ငှက်တို့ကိုမူကား မခြမ်းဘဲထားလေ၏။
အာဗြံကလည်း “ဘုရားရှင်ထာဝရဘုရား၊ ဤပြည်ကို အကျွန်ုပ်ပိုင်ဆိုင်ရမည်ကို မည်သို့သိနိုင်ပါမည်နည်း”ဟု မေးလျှောက်လေ၏။
ဘုန်းတန်ခိုးရှင်ဘုရားသခင် ထာဝရဘုရားသည် အမိန့်တော်ရှိ၍ နေထွက်ရာအရပ်မှ နေဝင်ရာအရပ်တိုင်အောင် ကမ္ဘာမြေကိုဆင့်ခေါ်တော်မူ၏။
သို့သော် သူတို့သည် အာဒံကဲ့သို့ပင် ပဋိညာဉ်ကိုချိုးဖောက်ပြီး ထိုအရပ်တွင် ငါ့ကို သစ္စာဖောက်ကြပြီ။
တံပိုးမှုတ်၍ သတိပေးကြလော့။ သူတို့သည် ငါ့ပဋိညာဉ်ကို ချိုးဖောက်ပြီး ပညတ်တရားကို ပုန်ကန်ကြသောကြောင့် ရန်သူသည် လင်းယုန်ငှက်ကဲ့သို့ ထာဝရဘုရား၏အိမ်တော်ကို လာတိုက်ခိုက်မည်။
တစ်ကိုယ်ကောင်းဆန်၍ သမ္မာတရားကိုမနာခံဘဲ မတရားမှုနောက်သို့လိုက်သောသူတို့အပေါ်၌မူကား ပြင်းစွာသောဒေါသနှင့်အမျက်တော်ကို သက်ရောက်စေတော်မူလိမ့်မည်။
သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောမြို့တစ်မြို့မြို့တွင် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ထာဝရဘုရား၏ပဋိညာဉ်ကိုချိုးဖောက်၍ သင်၏ဘုရားသခင်ထာဝရဘုရား၏ရှေ့မှောက်၌ မကောင်းသောအမှုကိုပြုကြောင်း၊
သင်တို့အား သင်တို့၏ဘုရားသခင်ထာဝရဘုရားမိန့်မှာတော်မူသည့်ပဋိညာဉ်ကို သင်တို့ချိုးဖောက်၍ အခြားဘုရားများအား သွားရောက်ဝတ်ပြုကိုးကွယ်လျှင် ထာဝရဘုရားသည် သင်တို့အပေါ် အမျက်ထွက်တော်မူသဖြင့် သင်တို့သည် ကိုယ်တော်ပေးတော်မူသည့်သာယာဝပြောသောပြည်တွင် အလျင်အမြန်ပျက်စီးသွားရလိမ့်မည်”ဟု ဆိုလေ၏။
အစ္စရေးလူမျိုးတို့ အပြစ်ပြုကြပြီ။ သူတို့အား ငါပညတ်ထားသည့် ပဋိညာဉ်ကို ချိုးဖောက်ကြပြီ။ သူတို့သည် ကျိန်ခြင်းခံရသောအရာကို ယူကြပြီ။ ထိုအရာတို့ကို ခိုးယူပြီး လိမ်ညာကြ၏။ မိမိတို့ပစ္စည်းတို့နှင့်အတူ ရောထားကြပြီ။