Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 34:18 - Common Language Bible

18-19 ယု​ဒ​ပြည်​နှင့်​ယေ​ရု​ရှ​လင်​မြို့​မှ​ခေါင်း​ဆောင် များ​သည် နန်း​တွင်း​အ​ရာ​ရှိ​များ၊ ယဇ်​ပု​ရော ဟိတ်​များ၊ ပြည်​သူ​များ​နှင့်​အ​တူ​မိ​မိ​တို့ နှစ်​ခြမ်း​ခွဲ​ထား​သည့်​နွား​လား​၏​စပ်​ကြား တွင်​လျှောက်​သွား​ကာ ငါ​နှင့်​ပ​ဋိ​ညာဉ်​ပြု​ခဲ့ ကြ​၏။ သို့​ရာ​တွင်​သူ​တို့​သည်​ငါ​၏​ရှေ့​မှောက် တွင် မိ​မိ​တို့​ပြု​ခဲ့​သည့်​ပ​ဋိ​ညာဉ်​ကို​ချိုး ဖောက်​ကြ​၏။ ထို့​ကြောင့်​နွား​လား​ကို​သူ တို့​ပြု​သ​ကဲ့​သို့​သူ​တို့​အား​ငါ​ပြု​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ပ ဋိ ညာဉ် တော် ကို ဖောက် ကျော် သူ၊ နွား သား ငယ် ကို ထက် ခြမ်း ခွဲ ပြီး လျှင်၊ ခွဲ ခြမ်း ကြား တွင် လျှောက် သွား လျက်၊ ရှေ့ တော်၌ ဝန် ခံ သော ပ ဋိ ညာဉ် ချက် ကို အ တည် မ ပြု သူ တည်း ဟူ သော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 နွား​သ​ငယ်​ကို ထက်​ခြမ်း​ခွဲ၍၊ အ​လယ်​သို့ လျှောက်​သွား​လျက်၊ ငါ့​ရှေ့​မှာ​ပြု​သော ဝန်​ခံ​ခြင်း​ပ​ဋိ​ညာဉ် စ​ကား​အ​တိုင်း​မ​ကျင့်၊ ငါ၏​ပ​ဋိ​ညာဉ်​ကို ဖျက်​သော​သူ​တည်း​ဟူ​သော၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 နွားသငယ်​ကို​ထက်ဝက်ခြမ်း​ပြီး အလယ်​၌ ဖြတ်လျှောက်​၍ ငါ့​ရှေ့​၌​ပဋိညာဉ်ဖွဲ့​ခဲ့​ပြီးမှ ထို​ပဋိညာဉ်​ပါ​အချက်​ကို မ​ပြုကျင့်​၊ ပဋိညာဉ်​ကို ချိုးဖောက်​သော​သူ​ဖြစ်​သော

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 34:18
10 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြံ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ထို တိ​ရစ္ဆာန်​များ​ကို​ယူ​ခဲ့​ပြီး​လျှင် ၎င်း​တို့​ကို​ထက် ဝက်​စီ​ခြမ်း​၍​တစ်​ဘက်​တစ်​ခြမ်း​စီ​နှစ်​တန်း​ဆိုင် လျက်​ချ​ထား​၏။ ငှက်​များ​ကို​မူ​ကား​မ​ခြမ်း ဘဲ​ထား​သည်။-


ထို​အ​ခါ​အာ​ဗြံ​က``အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ဤ ပြည်​ကို​အ​ကျွန်ုပ်​ပိုင်​ရ​မည်​ဖြစ်​ကြောင်း မည်​သို့ သိ​နိုင်​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​လေ​၏။


အ​နန္တ​တန်​ခိုး​ရှင်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည်​အ​ရှေ့​မှ​အ​နောက်​သို့ တိုင်​အောင် ကမ္ဘာ​တစ်​ဝန်း​လုံး​အား​မိန့်​မြွက်​ဆင့်​ခေါ်​တော် မူ​၏။


``သို့​ရာ​တွင်​သူ​တို့​သည်​ပြည်​တော်​ထဲ​သို့ ဝင်​ရောက်​လျှင်​ဝင်​ရောက်​ခြင်း ငါ​နှင့်​ပြု​လုပ် ခဲ့​သော​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​ကြ​၏။-


ထာ​ဝ​ရ​ဘု​ရား​က``တံ​ပိုး​ခ​ရာ​မှုတ်​၍ သ​တိ​ပေး​လော့၊ ရန်​သူ​များ​သည်​သိမ်း​ငှက် သ​ဖွယ် ငါ​၏​နိုင်​ငံ​တော်​ကို​ထိုး​သုတ်​လျက် ရှိ​ကြ​ပြီ။ ငါ​၏​လူ​မျိုး​တော်​သည်​ငါ​နှင့် ပြု​လုပ်​သော​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​၍ ငါ​၏​လူ​မျိုး​တော်​သည်​ငါ​နှင့်​ပညတ်​ကို ပစ်​ပယ်​ကြ​ပြီ။-


သို့​ရာ​တွင်​တစ်​ကိုယ်​ကောင်း​သ​ဘော​ရှိ​၍ အ​မှန် တ​ရား​ကို​ပစ်​ပယ်​ကာ​အ​မှား​ဘက်​သို့​လိုက် ပါ​သူ​များ​သည် အ​မျက်​တော်​သင့်​ကြ​လိမ့် မည်။-


``အ​ကယ်​၍​သင်​တို့​၏​မြို့​ရွာ​များ​တွင် ယောကျာ်း သို့​မ​ဟုတ်​မိန်း​မ​တစ်​ဦး​ဦး​သည် ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​တော်​ကို​ဆန့်​ကျင်​လျက် အ​ခြား​သော​ဘု​ရား​များ​နှင့်​နေ၊ လ၊ ကြယ် များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​သ​ဖြင့် ထာ​ဝ​ရ ဘု​ရား​၏​ပ​ဋိ​ညာဉ်​ကို​ချိုး​ဖောက်​၍ အ​ပြစ် ကူး​လွန်​ကြောင်း​သ​တင်း​ကြား​မိ​လျှင်​စေ့ စေ့​စပ်​စပ်​စုံ​စမ်း​လော့။ ဣ​သ​ရေ​လ​အမျိုး သား​တို့​တွင်​ထို​စက်​ဆုပ်​ဖွယ်​သော​အ​မှု ပြု​သည်​ကို​ဧ​ကန်​သိ​ရ​သော​အ​ခါ၊-


သင်​တို့​သည်​ပ​ဋိ​ညာဉ်​ကို​စောင့်​ထိန်း​ရန်​သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ တော်​မူ​သော်​လည်း မ​စောင့်​ထိန်း​ဘဲ​အ​ခြား သော​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ်​ကြ​လျှင် ကိုယ်​တော်​သည်​အ​မျက်​ထွက်​တော်​မူ​သ​ဖြင့် ပေး​သ​နား​တော်​မူ​သော​ဤ​သာ​ယာ​သော ပြည်​တွင်​သင်​တို့​တစ်​ယောက်​မ​ကျန်​သေ​ကြေ ပျက်​စီး​သည်​အ​ထိ သင်​တို့​အား​ဒဏ်​ခတ် တော်​မူ​လိမ့်​မည်'' ဟု​မိန့်​မှာ​လေ​၏။


ဣ​သ​ရေ​လ​အမျိုး​သား​တို့​သည်​အ​ပြစ် ကူး​လွန်​ခဲ့​ကြ​ပြီ။ သူ​တို့​သည်​ငါ​ပေး​သော အ​မိန့်​ကို​မ​လိုက်​နာ​ကြ။ သူ​တို့​သည်​ဖျက် ဆီး​ပစ်​ရ​မည့်​ပစ္စည်း​အ​ချို့​ကို​သိမ်း​ယူ​ထား ကြ​ပြီ။ ထို​ပစ္စည်း​များ​ကို​ခိုး​ယူ​၍​မု​သား ပြော​ဆို​လျက်​မိ​မိ​တို့​၏​ပစ္စည်း​များ​နှင့် ရော​နှော​ထား​ကြ​ပြီ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ